Tuesday 17 June 2014

သားရက်(၁၀၀)ပြည့်အလှူ...

ဇွန်လ 14 ရက်နေ့က သားလေးအာကာဘုန်းမြတ် ရက်(၁၀၀)ပြည့် မွေးနေ့လေးပေါ့။ နော်ဝေနိုင်ငံမှာ သီတင်းသုံးနေသော အရှင်ထာဝရကိုပင့်ပြီး သားလေးကိုရက် (၁၀၀)ပြည့် ပြုလုပ်ပေးလိုက်တယ်။
မြန်ပြည်ကနေ စားချင်တာလေး လိုချင်တာလေးကို  အစစအရာရာကူညီပြီး ပစ္စည်းမှာသမျှကို  စေတနာထားပို့ပေးတဲ့ ညီမလေးမီမီ ကျေးဇူးကြောင့် မြန်မာအစာ လက်ဖက် ပုဇွန်ခြောက် ငါးရံ့ခြောက်ဖုတ် ဆိတ်သားခြောက်ဖုတ် ရွှေအိ..တို့ကို နော်ဝေမှကြွလာသော အရှင်ထာဝရကိုလည်း လှူခွင့်ရခဲ့သလို အနီးရှိမိတ်ဆွေများစွာကိုလည်း ကျွေးခွင့်ရခဲ့ပါတယ်။
ထို့အတွက် ..... ညီမလေးမီမီကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါတယ်။

ကျမတို့ မိသားစုပြုခဲ့သော ကုသိုလ်အစုစုအတွက် အားလုံးကို အမျှပေးဝေပါတယ်။
အမျှ............အမျှ.........အမျှ....ယူတော်မူကြပါကုန်သော်...

 
နေ့လည် ၁၂ နာရီခွဲမှာ  တရားနာ ရေစက်ချ ပြုလုပ်ခဲ့ပါတယ်။

ထို့နောက် ကြွရောက်လာတဲ့ မိတ်ဆွေတွေကို ထမင်းဟင်းနဲ့ ဧည့်ခံပါတယ်။

ငါးခူးကြော်ချက် .....ငါးဖယ်ချက်.........ကြက်အသဲမြစ်

ကြက်ဟင်းခါးသီးပုဇွန်ခြောက်ကြော်.... ကင်းပွန်သီးပုဇွန်ခြောက်ကြော်....ပဲပြား+ပဲပင်ပေါက်ကြော်

ချဉ်ပေါင်+မျှစ် ငါးခေါင်း ဟင်းရည်

ငပိ....ဒညင်းသီးပြုတ် ...မျှစ်ပြုတ် တို့စရာ...မြင်းခွာရက်တို့စရာ

လက်ဖက်ရည်ချိုစိမ့် ......ကော်ပြန့်ကြော်....စမူဆာကြော်...ငါးမုန့်ကြော်

လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းတို့နဲ့ ဧည့်ခံပါတယ်။

ဧည်သည်များ အားရကျေနပ်စွာ စားသုံးတာမြင်ရတော့ ကျမတို့မိသားစု သိပ်ကြည်နူးခဲ့ရပါတယ်။

17-6-2014
အလွမ်းမြို့လေး



















No comments: