Wednesday 30 July 2014

သားသားအာကာ (၅)လပြည့်အလှူ

ဒီနေ့ ၂၇-၇-၂၀၁၄ တနင်္ဂနွေနေ့ ...ကျမတို့ ရန်ကုန်အိမ်မှာ ဝါဆိုသင်္ကန်း ကပ်လှူကြတယ်။ လက်ရှိနေတဲ့နိုင်ငံမှာ သံဃာပင့်ဖို့ အခက်ခဲရှိတာကြောင့် ရန်ကုန်အိမ်ကိုဘဲ ဖုန်းဆက်ပြီး ကျမတို့ မိသားစုအတွက် ဝါဆိုသင်္ကန်း ကပ်လှူပေးဖို့ ပြောတော့ မိဘတွေက ဝမ်းသာလို့ ကြည်ဖြူစွာ လုပ်ပေးခဲ့ပါတယ်။
 
ဒီနေ့ သားသားအာကာဘုန်းမြတ် ဝါဆိုသင်္ကန်းကပ်ပြီး....ရှိသမျှ အမျိုးတွေနဲ့အိမ်မှာ အလှူငယ်လေးပေး ခဲ့တယ် .... ဒါတောင် အမျိုးတွေမစုံသေးဘူးတဲ့............
 
အောက်ကဓါတ်ပုံ ၂ ပုံက ကျမ ယောက္ခထီး+မ နဲ့ယောင်းမ အပျိုကြီးပါ။အောက်ဆုံးပုံ ကတော့ ယောင်းမတွေနဲ့ တူ/တူမတွေပါ။တူမအကြီး တစ်ယောက်က ၁၀ တန်းမလို့ ခုအလှူမှမပါနိုင်ဘူး။ အာကာ့အကို/အမတွေပေါ့။
   
သင်္ကန်းမှာ သားအာကာဓါတ်ပုံ ကပ်ရခြင်းမှာ သားသားကို သူ့အဖိုးအဖွားတွေက မမြင်ဖူးကြပါဘူး။ပြီးတော့ မိဘဖြစ်တဲ့ကျမတို့က သားသားကို အာကာဘုန်းမြတ်လို့နာမည်ပေးထားတာကို သားသား (၃)လပြည့်တော့ သူ့အဖိုးက ဗေဒင်မေးပြီး အာကာဘုန်းနိုင်လို့ ပြောင်းရမယ်ဆိုလို့ သူ့အဖိုးက နာမည်နဲ့ပုံပါတွဲပြီး ခုလို ကပ်လှူရခြင်းပါ။ ကျမတို့ ဇနီးမောင်နှံက ဗေဒင်ကို မယုံကြပါဘူး။ သို့သော် အသက်ကြီးတဲ့ မိဘတွေနဲ့ အတိုက်အခံမလုပ်ချင်တာကြောင့် သူတို့မြေးကို သူတို့ဘာသာ အာကာဘုန်းနိုင် လို့ခေါ်ချင်ခေါ်ပါစေဆိုပြီး ဘာမှမပြောတော့ပါ။သို့သော် အာကာ့နာမည်ကို ယခုဒီမှာတော့ အာကာဘုန်းမြတ်သာ အကျူံးးဝင်ပါသည်။
 
လစဉ်လတိုင်း (၂)ရက်နေ့မှာလည်း လွယ်ကန်သီလရှင်စာသင်ကျောင်းမှာ ဆွမ်းလှူပေးပါတယ်။ အဲဒီ (၂)ရက်နေ့လေးဟာ သားသားမွေးတဲ့ရက်ဖြစ်တာမို့ပါ။

ပြုသမျှ ကုသိုလ်အစုစုအတွက်လည်း အားလုံးကို အမျှ ပေးဝေပါတယ်။ 

သာဓု...........သာဓု.............သာဓု...............မေမေ့ချစ်သားအာကာကျန်းမာချမ်းသာပြီး အနာရောဂါ ကင်းရှင်း ထက်မြက်လိမ်မာ မိဘအားကိုးထိုက်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေလို့ ဖေဖေနဲ့မေမေ ဆုတောင်းပေးလိုက်ပါတယ်။

သားသားကိုချစ်တဲ့
ဖေဖေ+မေမေ

















 အလွမ်းမြို့လေး
30-7-2014

1 comment:

Anonymous said...

သာဓု သာဓု သာဓု

အဝေးရောက်နေတာတောင် ပြုဖြစ်အောင် ပြုနိုင်တဲ့ သံဃိကဒါနကို သာဓုခေါ်သွားပါတယ်။

သားလေး အာကာနဲ့ မိဘနှစ်ပါး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။