Tuesday 18 March 2014

အမေ့အတွက်...အား....

သားရေ

သားဆိုတာ လိမ်မာရင် မိဘအတွက်
အားးးးးးးးးလို့ဖတ်ဖူးတယ်။
ဒါပေမဲ့ သားတွေ မလိမ်မာရင်တော့
မိဘ အတွက်........ကျား...တဲ့။


သမီးဆိုတာ  လိမ်မာရင် မိဘအတွက်
ထီးးးးးးးးးးးးလို့ဖတ်ဖူးတယ်။
ဒါပေမဲ့  သမီးတွေ မလိမ်မာရင်တော့
မိဘအတွက် ......မီး....လိုပူလောင်စေတယ်။
သားရေ ....... အမေ့အတွက်တော့သားဟာ
အားဘဲဖြစ်ဖြစ် ...ကျားဘဲဖြစ်ဖြစ်
အမေကတော့ အမေ့သားကို
ဝမ်းနဲ့လွယ်ထားရတာမို့
တုနှိုင်းမရ မေတ္တာနဲ့
ချစ်နေမှာဘဲ။

လူ့လောကထဲကို
အကောင်းဆုံးတွေသယ်ဆောင်
ယူလာပေးတဲ့ သားဟာ အမေ့အတွက်
အား............ဖြစ်စေမယ်လို့
အမေ ယုံကြည်ပါတယ်။

တကယ်လို့ ...သားဟာ
အမေ့  အတွက်...ကျား...တစ်ကောင်
ဖြစ်ခဲ့မယ်ဆိုလည်း  အမေ
ချစ်စိတ်နဲ့ ကျေကျေနပ်နပ်
လောကကြီးကို ရင်ဆိုင်သွားမှာပါ။


အမေ့ရဲ့ချစ်ခြင်းများစွာနဲ့
သားသားကိုချစ်တဲ့ မေမေ
အလွမ်းမြို့လေး
18-3-2014











5 comments:

မဒမ်ကိုး said...

သားကလေးပါကွယ် အားကလေးပါ အမေ့ရဲ့အားလေးပါ

Anonymous said...

မကြီးလွမ်း ..သားလေးက အရမ်းချစ်ဖို့ကောင်းတယ်၊ မိခင်ရဲ့ချစ်ခြင်း သိပ်ဖြူစင်မြင့်မြတ်လှပါတယ် ....
(ကွန်မန့်လေး လာပေးသွားပါတယ် မကြီး)

စံပယ်ချို said...

အလွမ်း အတွက်အားဆေးတခွက်ဖြစ်မယ့် သားလေးကိုလာကြည့်နေတာပါ ချစ်စရာလေးဟယ်

ပစ်ပစ် said...

မာမီလွမ်း အတွက် အားရှိစေမဲ့
သားကလေးပါ ကွယ်..
သားသားကချစ်ဖို့အရမ်းကောင်း
အနားမှာသာရှိလို့ကတော့ အားရပါးရကိုဖက်နမ်းတယ်..

ရွှေယွန်းဝါ said...

ချစ်ဖို့ကောင်းလိုက်တာ ၊ အမြဲပြုံးနေတဲ့မျက်နှာလေး။