Showing posts with label မိတ်ဆွေများရဲ့လက်စွမ်း. Show all posts
Showing posts with label မိတ်ဆွေများရဲ့လက်စွမ်း. Show all posts

Sunday, 21 October 2012

ခွန်အားဖြည့် ကဗျာ

စိတ်မပျက်နဲ့ သူငယ်ချင်း...
မင်းရဲ့ ဝင်သက်ထွက်သက်တိုင်း
လောကဓံလှိုင်းရဲ့အငွေ့အသက်တွေမကင်းတာကိုက
လူသားတစ်တစ်ယောက်ရဲ့ စံနှုန်းမို့
မင်းအတွက်အရှုံးတွေ မဟုတ်ဘူး သူငယ်ချင်း...
အပြုံးမပျက်ပဲ နေလိုက်ပါ....။

မင်း အသက်ကို ခပ်ပြင်းပြင်းရှူကြည့်လိုက်စမ်းပါ
အဲဒီအထဲမှာကိုက ထိုးနှက်ချက်တွေပါပြီးသား
ဖျတ်လတ်ခြင်းတွေ ပါပြီးသား
လွတ်လပ်ခြင်းတွေ ပါပြီးသား
တိုက်ခိုက်ခြင်းတွေ ပါပြီးသား
အဲဒီအနံ့အသက်တွေက မင်းရဲ့ခွန်အားတွေပဲ သူငယ်ချင်း
ကဲ......မင်း ဘာငြင်းချင်သလဲ..၊

လူဆိုတာ လိုအပ်ချက်တစ်ခုကြောင့် ပျော်တယ်..ပြောတယ်..ထေ့တယ်..ငေါ့တယ်
ပျော့တယ်...ပြောင်းတယ် တဲ့
မင်း...အဲဒီ အထေ့အငေါ့ အရွှေ့အပြောင်းတွေကြားမှာ
မင်းဘဝ...မင်းရဲ့စံတွေ မရွေ့စောင်းပါစေနဲ့ သူငယ်ချင်း
မင်းကိုယ်မင်းမဲ မင်းမူပါ
မင်းဟာ လူသားတစ်ယောက်မှန်လို့ပဲ...။

မင်းရဲ့ခြေရာတွေကိုပြန်ကြည့်...
မင်းရဲ့ ခရီးလမ်းတစ်ချို့မှာလေ
မင်းဟာ ပန်းတွေကိုလည်း ပွင့်စေခဲ့သူ
အနွမ်းတွေကိုလည်း လွင့်စေခဲ့သူ
အဲဒီတော့...အလွမ်းရေ....မင်းဟာလေ..

ပန်းသပြေလိုပဲ လန်းနေရမဲ့သူ.. ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^   အလွမ်း  စိတ်ညစ်နေတဲ့နေ့တစ်နေ့မှာ  မိတ်ဆွေတစ်ဦးမှ  ချစ်ခင်စွာဖြင့်   အားပေးနှစ်သိမ့် လက်ဆောင်ရေးပေးလိုက်တဲ့   ခွန်အားဖြည့်  ကဗျာလေးပါ။အားပေးခံစားသွားသူတိုင်း  အတွက်  ခွန်အားဖြစ်ပါစေ။    စာဖတ်သူများကို  အစဉ်လေးစားချစ်ခင်လျှက်အလွမ်းမြို့လေး 

Tuesday, 4 September 2012

လွမ်းမင်းသမီး




 ထနောင်း မန်းကျည်း၊ ထန်းလက်ထီးနှင့်
ကုက္ကူပင်သာ၊ ချိုးလင်းပြာတို
တကူကူသံ၊ ဆူဆူညံပြီး
ဖိုထီးအမ၊ ဇင်ယော်လှသည်
ဥသြသံသာ ရွှေအညာ။

ဘယ်သူဘယ်မြို့၊ ဘယ်သို့သူလွမ်း
ဘယ်လိုမှန်းကာ၊ လွမ်းမိပါလိမ့်
တသိမ့်သိမ့်နှင့်၊ မေးရခြိမ့်နည်း
ဖြေမပြီးအောင်၊ စကားဖောင်ဖွဲ့
သွဲ့သွဲ့ညှင်းညှင်း၊ အညာလေသင်း။

မြို့ရွှေသလ္လာ၊ အညာမှာကာ
နှစ်လတိုစွာ၊ နေရပါလည်း
အောက်ပြည်ရွာသူ၊ ငါ့တလူသည်
ဘယ်သူ့မမေ့၊ ဘယ်ဓလေ့ကြောင့်
လွမ်းရလိမ့်နည်း၊ လွမ်းမင်းသမီး။

  

ကျမမိတ်ဆွေတစ်ဦးမှ  ကျမ အတွက်  လက်ဆောင်ရေးပေးတဲ့  ကဗျာလေးပါ။
အညာမြေကို  အမြဲလွမ်းနေတတ်တဲ့  ကျမ  အတွက်ပေါ့။
အညာနွေပူတာမှန်ပေမဲ့  အညာလူတွေရဲ့
ရိုးသားခြင်းတွေကကျမအတွက် 
သတိရ  လွမ်းစရာတွေပေါ့။
ဖုန်ထူနေပူတဲ့အညာကို
ဘယ်သူမှမနေချင်လဲ
ကျမကတော့
ခင်တွယ်မြဲ။




စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး

Wednesday, 18 July 2012

မရှိမဖြစ်တဲ့တရားများ

မရှိမဖြစ်တဲ့ တရား


ဦးဇင်းကို လူတချို့ လာမေးကြတယ်။ တပည့်တော် အလုပ်လုပ်တာ လူမှုရေးအစရှိသည့် ကောင်းတဲ့ အလုပ်မှန်သမျှပေါ့ဘုရား။ ကြိုးစားမှု့ ရှိလျက်နဲ့လည်း မအောင်မြင်ဘူးဖြစ်နေတယ်   ဘုရားတဲ့ ၊ အဲဒါ ဘာလိုအပ်နေလဲ မသိဘူးဘုရားတဲ့။ တပည့်တော်မှာ လိုအပ်နေတာလေးများ ရှိရင် လမ်းညွှန်းပေးပါဦး ဘုရားတဲ့ ၊ ဦးဇင်းကလည်း  ပြန်မေးလိုက်တယ် ဒကာကြီးမှာ လုံလ ၀ီရိယကော ရှိလား။ နောက်ထပ် ရရှိလာတဲ့  ငွေကြေးတွေအပေါ်မှာကော  ထိန်းသိမ်းစောင့်ရှောက်မှုရှိလား  မိတ်ကောင်းဆွေကောင်းတွေ ထိုက်သင့်သလောက် ရှိလားဆိုတော့ ရှိပါတယ် ဘုရားတဲ့၊ အဲဒါတွေ အားလုံးပြည့်စုံနေရင်တော့ အောင်မြင်သင့် သလောက်တော့ အောင်မြင်ရမှာပါဘဲလို့ ဦးဇင်းက တွက်ထားတာ။ ဒါပေမဲ့ သူ့မှာ မထင်မှတ်ဘဲနဲ့ လိုအပ်နေတဲ့ အရာဝတ္ထုတခုက အင်မတန်မှ ကြီးမားလွန်းတယ်။ ဘာလိုအပ်နေလဲဆိုတော့ ယုံကြည်မှုဘဲ။ သူ့မှာ ယုံကြည်မှု မရှိတော့ အရာရာ ကျရှုံးနေတာပေါ့။ မိသားစု အရေးကော ဘာသာရေး လူမှုရေးအစရှိသည်ကော ၊ သူနဲ့စီးပွား လုပ်ဖော်ကိုင်ဖက်တွေရော   အဲဒါတွေအပေါ်မှာ   ယုံကြည်မှု    အရမ်းအားနည်းနေတယ်။


အဲဒါကြောင့်မို့   ဒကာကို ယုံကြည်သင့် ယုံကြည်ထိုက်တာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်ကြိုးစားပါလို့ ဦးဇင်းက တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်မှု့ရှိရှိနဲ့  လုပ်ကိုင်ကြိုးစားမယ်  ဆိုရင်တော့ ဘာမဆို ထိုက်သင့်သလောက်တော့   အောင်မြင်မှာပါ။ စိတ်ဓါတ်မကျပါနဲ့။ ဇွဲမလျှော့ပါနဲ့လို့ တိုက်တွန်းပြီး ဦးဇင်းလည်း ဒကာကို ပြန်ပြောလိုက်တယ်။ ဟုတ်ပါတယ် ကျွန်တော်တို့ ဦးဇင်းတို့ အားလုံး ဘာသာရေးဘဲ  ဖြစ်ဖြစ်လူမှုရေးဘဲဖြစ်ဖြစ်   စီးပွားရေးဘဲဖြစ်ဖြစ်    ယုံကြည်မှုမရှိရင်တော့ဖြင့်   လုံးဝ လုံးဝ မအောင်မြင်ပါဘူးလို့ တိုက်တွန်းလိုက်ပါတယ်။ ယုံကြည်မှုဟာ ဘယ်လောက်   အရေးကြီးသလဲဆိုရင် တကယ်လို့ မိမိဟာ မိမိသားသမီး ဇနီးမယား အစရှိတဲ့ မိတ်ကောင်းဆွေကောင်းတွေ   အပေါ်မှာ  ချစ်နေပြီးတော့ မြတ်နိုးနေပြီးတော့ ယုံကြည်မှု မရှိဘူး ဆိုရင်တော့ ချစ်တာတွေ   မြတ်နိုးတာတွေဟာ အလကားဖြစ်သွားမှာပါ။ ချစ်တာတွေ    မြတ်နိုးတာတွေဟာ    တန်းဘိုးမဲ့သွားမှာ  အသေချာပါ ။  


ဥပမာလေး   တစ်ခု ပြောပြရရင်တော့  တောကြီး   မျက်မည်းတည်းက အိမ်လေး တစ်လုံးမှာ   သို့တည်း မဟုတ်   တဲလေး တစ်လုံးတည်းမယ် လူငါးယောက်ဝိုင်းထိုင်ပြီး  လူတစ်ယောက်ကို  ဖယောင်တိုင် တစ်တိုင်  ထွန်းထားပေါ့။ ဖယောင်တိုင် တစ်တိုင်စီထွန်းထားတဲ့   အခါမှာ   အဲဒီ    တဲလေးထဲမှာ   အဲဒီ  အိမ်လေးထဲမှာ အလင်းရောင်ဝေဖြာနေလို့ မဟုတ်လား။ အဲဒီလို အချိန်မှာ  လူငါးယောက်တည်းက တစ်ယောက်က ပထမဦးဆုံး   ဖယောင်တိုင် တစ်တိုင်ကို   မီးငြိမ်လိုက်  သူငြိမ်းလိုက်တဲ့ ဖယောင်တိုင်လေးကို အချစ်လို့  နာမည်ပေးလိုက်ပါ။ နောက်ထပ်မကြာမှီ အချိန်မှာ   ဒုတိယ တစ်ယောက်က ဖယောင်တိုင် တစ်တိုင်ကို မီးငြိမ်လိုက်။ အဲဒီ ဒုတိယ  တစ်ယောက်ငြိမ်လိုက်တဲ့ ဖယောင်တိုင်ကိုတော့ မေတ္တာလို့ နာမည်ပေးလိုက်ပါ ၊ ဘယ်နှစ်ယောက်ရှိသွားပြီးလဲ နှစ်ယောက်နော်။ နောက်ထပ်တစ်ခါ တတိယ တစ်ယောက်ဆီက  မီးငြိမ်လိုက်ပါ သူ့ကိုတော့ ဂရုဏာလို့ နာမည်ပေးလိုက်ပါ၊ အချစ်ရယ်  မေတ္တာရယ်  ဂရုဏာရယ် သုံးယာက်ဖြစ်သွားပြီးနော် ၊နောက်ထပ် တစ်ခါ စတုတ္ထတစ်ယောက်ဆီက  ဖယောင်တိုင် တစ်တိုင်ကို     မီးငြိမ်လိုက်ပါ။ သူ့ကိုတော့ မုဒိတာလို့ နာမည်ပေးလိုက်ပါ။


အဲဒီအချိန်မှာ မထင်မှတ်ဘဲနဲ့  လူတစ်ယောက်က အဲဒီအိမ်လေးထဲကို အဲဒီ  တဲလေးထဲကို ၀င်ရောက်ပါတယ်။ နောက်ထပ်  ကျန်နေတဲ့   ဖယောင်တိုင်ကိုတော့  မီးမငြိမ်းပါနဲ့လို့  ပြောလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  တကယ်လို့ ဒီကျန်နေတဲ့ ဖယောင်တိုင်လေးကို ငြိမ်းလိုက်မယ်ဆိုရင် မင်းတို့  ငါးယောက်ကြားမှာ မှောင်သွားမှာပေါ့တဲ့။ အဲဒီလို မှောင်သွားတဲ့ အခါဆိုရင် အရာရာဟာ    ဘာမဆို   ဘာမှ  မကောင်းတော့ဘူးတဲ့။ မင်းတို့အခု  ငါးယောင်ငြိမ်းလိုက်တဲ့  ပထမဦးဆုံး   ဖယောင်တိုင်ကိုအချစ်လို့မှတ်ထားပါ။ ဒုတိယ ငြိမ်လိုက်တဲ့ ဖယောင်တိုင်ကိုတော့ဖြင့် မေတ္တာလို့ မှတ်ထားပါ။ တတိယ ဖယောင်တိုင်ကိုတော့ဖြင့်    ဂရုဏာလို့    မှတ်ထားပါတဲ့ ။စတုတ္ထ   ဖယောင်တိုင်ကိုတော့    မုဒိတာပေါ့ကွာ ၊ အဲဒါတွေ      ငြိမ်းလိုက်တာဟာ မင်းတို့ကြားမှာ   သိပ်ကွာဟတဲ့     ကြီးမားတဲ့    ပြဿနာ   မဟုတ်သေးဘူးတဲ့ ၊ တကယ်လို့  နောက်ဆုံးကျန်နေတဲ့ ဖယောင်တိုင်လေးကို ငြိမ်းလိုက်မယ် ဆိုရင်တော့ဖြင့်    မင်းတို့    အတွက်     တကယ့်ကို    အင်မတန်မှကြီးမားတဲ့    ပြဿနာဖြစ်သွားမှာပေါ့တဲ့။ အဲဒါဆို ဟုတ်ပါပြီ နောက်ဆုံးကျံန်နေတဲ့  ဖယောင်တိုင်လေးကို  ဘယ်လို   နာမည်ပေးမလဲတဲ့။   သူ့ကိုတော့ ယုံကြည်မှုလို့   နာမည်ပေးလိုက်ပါတဲ့။ အဲဒီ   ယုံကြည်မှုဆိုတဲ့   ဖယောင်တိုင်လေးကိုတော့   မင်းတို့ကြားမှာ ဘယ်သောအခါမှ      ဘယ်တော့မှ    မငြိမ်လိုက်ပါနဲ့။


ဟုတ်တယ် ကျွန်တော်တို့ အားလုံး လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ဘာအရေးပြဿနာကိုဘဲ  ဆောင်ရွက်ဆောင်ရွက်   တစ်ဦးနဲ့တစ်ဦး    တစ်ဖွဲ့နဲ့တစ်ဖွဲ့  ယုံကြည်မှုမရှိဘူး ဆိုရင်တော့ ဘယ်သောအခါမှ အဆင်ပြေမှာ  မဟုတ်ပါဘူး။ ဘာကိုလုပ်လုပ်  ဘယ်တော့မှ  အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့    အားလုံးသော   မိတ်ဆွေ  သင်္ဂဟတို့  ယုံကြည်မှု ဆိုတဲ့  အလင်းတန်းလေးကို ကိုင်ဆောင်ပြီး တစ်ဦးနဲ့ တစ်ဦး နားလည်မှုတွေ   ပေးပြီးတော့ လူမှုရေး ဘာသာရေး စီးပွားရေး သားရေးသမီးရေး အစရှိတဲ့ အရေးပေါင်းစုံကို ဆောင်ရွက်နိုင်ပြီး သာယာအေးငြိမ်း  ကြပါစေလို့   ဆန္ဒပြုပါတယ်။



စက်တင်ဘာဦးနေမိန္ဒ 
( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ) 
vennaymeinda2007@gmail.com



မှတ်ချက်။ ဦးဇင်းနေမိန္ဒပေးပို့လာသော  မေလ်းမှပြန်လည်ဖော်ပြပေးခြင်း  ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့်  ပိုစ့်တင်နောက်ကျခြင်းအတွက်လည်း  ဦးဇင်းကို  ဒီပိုစ့်လေးကနေဘဲ  လက်စုံမိုး  တောင်းပန်လိုက်ပါတယ်။



စာဖတ်သူများ  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာရွှင်လန်းပြီး  ဘဝအမောတွေ ပြေနိုင်ကြပါစေ။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

Monday, 9 July 2012

အသံတွေကြားနေရတယ်


အသံတွေကြားနေရတယ်




အသံတွေ  ကြားနေရတယ်ဆိုတဲ့ ပိုစ့်ခေါင်းစဉ်လေးမြင်တော့  စာဖတ်သူများက  (ဦးကျော်ဟိန်း) အသစ်များလားလို့   စိတ်ထဲထင်ချင်  ထင်မိမှာပါ။ ဒါပေမဲ့  အခု  အလွမ်းမြို့ပိုစ့်က  ((အသံတွေကြားနေရတယ်)) ဆိုတာက  (ဦးကျော်ဟိန်း)  မဟုတ်ပါ။ ကျမနဲ့  ရင်းနှီးတဲ့   ဦးဇင်းတစ်ပါးက  ရေးပို့လာသော  ပိုစ့်လေးဖြစ်ပါတယ်။ ဦးဇင်းနေမိန္ဒရဲ့  အသံတွေကြားနေရတယ်ဆိုတဲ့   ပိုစ့်လေးကို  စာဖတ်သူများအား  မျှဝေပေးလိုက်ပါတယ်။

ဦးဇင်းနေမိန္ဒပြောတဲ့  အသံတွေကြားနေရတယ်ဆိုတာက.....  ဒီလို ....


တစ်ချို့တစ်ချို့သော လူတွေက  ပြောကြတယ် ပြောနေကြတယ်  မြတ်စွာဘုရား၏  ၀ါဒက ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ပေါ့။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်က ငါဘုရားသာ ကိုးကွယ်ပါ။ ခရစ်ယာန်တွေ မူဆလင်တွေ ဟိန္ဒူတွေက မကောင်းပါဘူးလို့  တခါမှ  မမိန့်ကြားဖူးခဲ့ဘူးနော်။ မြတ်စွာဘုရားရှင် ကိုယ်၌က ကိုယ်တိုင်က  ငါဘုရားကို ကိုးကွယ်မည်ဆိုလျင် ဧဟိလာလဲ့ ပဿ ကြည့်လဲ့ ရှူ့လဲ့ ဝေဖန်ဦး စဉ်းစားဦး မေးမြန်းဦးလို့  မိန့်ကြားခဲ့တာပါဘဲ။ နောက်ပြီး  ငါဘုရားကို  မကိုးကွယ်လို့ မင်းတို့ကို ငရဲကျစေလို့ တခါမှလည်း မမိန့်ခဲ့ပါဘူး။ ဘုရားရှင် အဆူဆူ မိန့်ကြားခဲ့တဲ့ စကားလေးကိုယ်က ရှင်းရှင်းလေးပါဘဲ။ ချစ်သားချစ်သမီးတို့ မကောင်းတာတွေကိုယ်ပယ် မကောင်းမှုတွေကိုရှောင် ကောင်းမှုတွေကိုဆောင် စိတ်ကိုဖြူစင်အောင်  ထားမည်ဆိုလျင် ချစ်သားချစ်သမီးတို့  လောကရဲ့ အေးငြိမ်းရာ ချမ်းသာရာ အစစ်မှန်တွေ  ရရှိမှာပါဘဲလို့   ဟောဖော်မိန့်ကြားခဲ့တာပါ။

 အဓိက ဦးဇင်းဆိုလိုချင်တာကတော့ လူတိုင်း လူတိုင်း မိမိတို့ စိတ်ဓာတ်နဲ့လုပ်ရပ်က ပိုပြီးတော့ ပဓာနကြပါတယ် ဆိုတဲ့ အကြောင်းကို ပြောချင်တာပါ။


အတွေးကောင်းရင် အကြံကောင်းပါတယ် အကြံကောင်းရင် လုပ်ရပ်ကောင်းပါတယ် လုပ်ရပ်ကောင်းရင် အများသူငှါ ကြည်ဖြူစွာဖြင့်  လက်ခံပါတယ်။ အားလုံး အားလုံး ဘ၀ရဲ့ အေးငြိမ်းရာ ချမ်းသာရာ အစစ်အမှန်တွေ   ရရှိနိုင်ကြပါစေ။


စက်တင်ဘာဦးနေမိန္ဒ( အမှန်တရားကို ဘယ်သူအနိုင်ရဖူးလဲ) 
vennaymeinda2007@gmail.com


စာဖတ်သူမောင်နှမများအား  စေတနာရှေထား  ပြန်လည်မျှဝေ  သိစေလို  ကျင့်သုံးစေလိုသော  စိတ်ကူးကြောင့်  ဦးဇင်းနေမိန္ဒပေးပို့လာသော  မေလ်းကိုပြန်လာဖော်ပြ  မျှဝေလိုက်ခြင်းပါ။ စာဖတ်သူများလည်း  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပြီး  ဘဝအမောတွေ  ပြေနိုင်ကြပါစေလို့  ဆန္ဒပြုလိုက်ပါတယ်။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

Friday, 6 July 2012

ဦးနေမိန္ဒပြောသောမေတ္တာတရားအကြောင်း

                                                     

                                                            မေတ္တာဆိုသည်ဝယ်
                                                     ====================

တချို့တချို့က ပြောနေကြတယ် ဒီလူက အတော်လေး မေတ္တာတရား ခေါင်းပါးတာဘဲတဲ့၊ လူတွေများ အတော်လေးကို မေတ္တာတရား  ခေါင်းပါးကြတယ် တဲ့၊ ဟုတ်တယ် ဒီစကားကို ဦးဇင်းလည်း ပြောဖြစ်ပါတယ် ၊ ကိုယ်နဲ့ အခန့်မသင့်လို့ အခါသော်လည်းကောင်း၊ ကိုယ်စိတ်တိုင်း မကြည်တဲ့ အခါသော် လည်းကောင်း၊ ပြောဖြစ်ပါတယ် ဒီလိုပြောမိတာဟာ ၀န်ခံပါရစေ ကိုယ့်ရဲ့ အမှားပါလို့ ဟုတ်တယ်လေ မေတ္တာဆိုတဲ့ အဓိပ္ပာယ်ကို ပြန်ကြည့်လိုက်ပါလား။ ချစ်ခင်ကြင်နာတာကို မေတ္တာလို့ ခေါ်ပါတယ်၊ လူတွေက လူတွေအများစုက ချစ်ခင်ကြင်နာမှုကို လိုချင်မှာဘဲလေ အဲဒီလို  ချင်မှုဖြစ်လိုက်တာကိုက အမှားဗျ။ ဘာဖြစ်လို့လည်းဆိုတော့ မေတ္တာဆိုတာ ပို့သတယ်ဘဲ   ကြားဘူးတယ်လေ ခံယူတယ်လို့ တခါမှမကြားဖူးဘူး။ (မှတ်ချက်) သံဃာတော် အရှင်မြတ်များက ပရိတ်ရွတ်ဖတ်ရာဝယ် နာကြားတာကို  လေးစာနာယူတာကို မဆိုင်ပါ သိလိုပါက မေးနိုင်ပါသည်။ ရှင်းပြပါမယ် vennaymeinda2007@gmail.com  )။


 မြတ်စွာဘုရား ဟောကြားခဲ့တာလည်း လူအများစု သိရှိမှာပါ ၊ ၊မာတာယထာ နိယံပုတ္တ ၊ မာယုသံဧကပုတ္တံ မာနုရက္ခေ။ အဓိပ်ပယ်ကတော့ တစ်ဦးတည်းသော သားလေးရှိတဲ့ မိခင်က အဲဒီ တစ်ဦးတည်းသော သားလေးကို ချစ်ခင်ကြင်နာယုယ စောင့်ရှောက်သကဲ့သို့၊ မေတ္တာပို့သတဲ့ အခါမှာလည်း အဲဒီလို စိတ်ထားလေး မွေးပြီးတော့  သုးံဆယ့်တဘုံ၌ရှိသော ဝေနေယျ သတ္တ၀ါတွေကို မေတ္တာပို့ရမယ်တဲ့၊ အဲဒီလို ကိုယ်က မေတ္တာပို့မှ မေတ္တာထားမှသာလျင် မေတ္တာပို့ရခြင်းအကျိုး မေတ္တာထားရခြင်း အကျိုးတွေကလည်း ပြန်ခံစားရတာလေ။

ဥပမာ လှိုဏ်းဂူကြီး တခုတည်းမယ် သို့မဟုတ် လှိုဏ်းခေါင်း တခုတည်းမယ် မိမိက ကိုယ်ပြောချင်တာကို ပြောကြည့်ပါလား အဲဒီကိုယ်ပြောလိုက်တဲ့ အသံကိုဘဲ ကိုယ်က ပြန်ပြီးတော့ ကြားရတာခံစားရတာဘဲလေ ၊ အဲဒီလိုပါဘဲ ကိုယ်က သူတပါးတွေဆီက မေတ္တာတွေ ချင်ခင်ကြင်နာမှုတွေကို လိုချင်ရင်တော့ဖြင့်  ကိုယ်ကအရင်  ပထမဦးဆုံး  တပါးသော သူတွေကို မေတ္တာပို့သ နိုင်ကြပါစေ။ မေတ္တာထားနိုင်ကြပါစေ ၊ မေတ္တာပို့ရခြင်း မေတ္တာထားရခြင်း အကျိုးတွေကလည်း အင်မတန်များလွန်းပါတယ်။

" တနေ့သုံးခါ ၊ အိုးတရာဖြင့် ၊ချက်ကာ ထမင်းကျွေးမွေးခြင်းထက် ၊ တနေ့သုံးကြိမ် မေတ္တာပို့က ၊ ပို၍ အကျိုးကြီးမားသည် ၊ ဗုဒ်ဓမြတ်စွာမိန့်ခွန်းတည်း။"

ကဲဘယ်လိုလဲ ....  အားလုံးကျန်းမာ ချမ်းသာပါစေ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

စက်တင်ဘာဦးနေမိန္ဒ
( အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)

မှတ်ချက် -  ဦဇင်းနေမိန္ဒမှ  ပေးပို့လာသော  မေတ္တာအကြောင်းလေးကို  ဘလော့  မောင်နှမတွေကို  ပြောပြချင်လို့  အားလုံးသော စာဖတ်သူများအားလည်း ရည်ရွယ်ပြီး  စေတနာရှေထား  ပြန်လည်မျှဝေ  တင်ပြခြင်းဖြစ်ပါတယ်။  မေတ္တာခံယူလိုသူ  ဖြစ်ချင်သလော  မေတ္တာပို့သူ  ဖြစ်ချင်သလော။

စာဖတ်သူများအားလုံး  ကိုယ်စိတ်နှစ်ဖြာ  ရွှင်လန်းချမ်းမြေ့ပြီး  ဘဝအမောတွေ  ပြေနိုင်ကြပါစေ။

စာဖတ်သူများကိုအစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့

Wednesday, 4 July 2012

အောင်မြင်ကြီးပွားလိုသလား



တချို့   တချို့ 
---   ------   -----   -------   ---------   ----
တချို့တချို့သော သူတွေက မေးနေကြတယ် ၊ အရှင်ဘုရားတဲ့ တပည့်တော် အောင်မြင်ကြီးပွားချင်တဲ့ သူတစ်ယောက်ဖြစ်ချင်ပါတယ်  ဘုရားတဲ့။

ဦးဇင်းကိုလာပြီးတော့မေးတဲ့  လူတစ်ယောက်ဘဲ။ အောင်မြင်ချင်တာလားဆိုတော့ မဟုတ်သေးပါဘူး လူတိုင်းလူတိုင်း အောင်မြင်ကြီးပွားချင်ကြတာ အမှန်ပါဘဲ။ အောင်မြင်ကြီးပွားချင်တဲ့ သူတွေတည်းမယ် ဦးဇင်းလည်း အပါအ၀င်ဆိုရင် မှားလိမ့်မယ် မထင်ပါဘူး။ အောင်မြင်ကြီးပွားချင်တဲ့ သူတိုင်း မဖြစ်မနေ လက်ကိုင်ထားရမှာကတော့ “စိတ် “ပါ ဘဲ ဦးဇင်းတို့ အားလုံးကိုးကွယ်အားထားရာဖြစ်တဲ့ မြတ်စွာဘုရား ရှင်ကိုယ်တော်မြတ်ကြီး ဟောပြောမိန့်ကြားခဲ့တာကလည်း  ရှင်းရှင်းလေးပါဘဲ။  စိတ္တေန နီယတေ လောကော  အရာရာကို စိတ်ကသာလျင် ဦးဆောင်ပါတယ်တဲ့။

ဟုတ်ပါတယ် အားလုံးအားလုံး အောင်မြင်ကြီးပွားဘို့အတွက် နံပါတ်တစ် အလိုအပ်ဆုံးကတော့ စိတ်ဓာတ်ပါဘဲ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ  စိတ်ဓာတ်နိမ့်ကြတဲ့  သူတွေဟာ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး ၊အရာရာကို အောင်မြင်ကြီးပွားချင်တယ်ဆိုရင်တော့ စိတ်ကောင်းရှိဘို့နဲ့ စိတ်ဓာတ်ထက်သန်ဘို့ စိတ်ဓာတ်မြင့်မြတ်ဘို့ အရမ်းအရေးကြီးပါတယ်၊ စိတ်ဓာတ်လည်း မှန်သွားပြီး စိတ်လည်း ထက်မြက်သွားပြီး ဆိုရင်တော့ အောင်မြင်ကြီးပွား လိုချင်သူတွေအတွက် လက်ကိုင်ကျင့်သုးံထားရမဲ့   မြတ်စွာဘုရား ဟောကြားခဲ့တဲ့  တရားကလည်း အရမ်းရိုးရှင်းပါတယ် ၊

“ ဥဋ္ဌာန သမ္ပဒါ ၊ ထကြွလုံ့လ ၀ီရိယ ရှိရမယ် ။ အာရက္ခ သမ္ပဒါ ၊ စောင့်ရှောက်ထိန်းသိမ်းတတ်ရမယ်။ ကလျာဏမိတ္တ သမ္ပဒါ ၊ မိတ်ကောင်းဆွေကောင်းရှိရမယ် ။ သမဇိဝိတ သမ္ပဒါ၊ မျှမျှတတ သုးံစွဲတတ်ရမယ်။ 
ကဲ အားလုံးသော အောင်မြင်ကြီးပွားလိုတဲ့ မိတ်ဆွေတို့ရေ ၊ လွယ်မရောင်နဲ့ ခက် ၊ တိမ်မရောင်နဲ့ နက်၊ ဆိုသလိုဘဲ လွယ်လွယ်လေးပါလို့တော့ မပြောလိုပါဘူး တကယ်လို့ အသင်ဟာ အောင်မြင်ကြီးပွား ချင်တယ်ဆိုရင်တော့ဖြင့် မဖြစ်မနေ အပေါ်က ရှင်တော်မြတ်ဘုရား ဟောကြားခဲ့တဲ့ တရားတွေကို လက်တွေ့ကျင့်သုံး ကျင့်ကြံကြည့်ပါလို့ တိုက်တွန်းပါတယ်။ အကျိုးတော့ လုံးဝမယုတ်ပါဘူး လက်ရှိ အောင်မြင်ကြီးပွားနေတဲ့ သူတိုင်းဟာလည်း ဒီတရားလေးပါက လွတ်ပြီးတော့ အောင်မြင်ကြီးပွားနေတဲ့သူ မရှိပါဘူး ၊ကဲ အားလုံး အားလုံး အောင်မြင်ကြီးပွားပြီး  ဘ၀မှာ သာယာဖြောင့်ဖြူး  နိုင်ကြပါစေ။


စက်တင်ဘာဦးနေမိန္ဒ 
( အမှန်တရားကိုဘယ်သူ အနိုင်ရဖူးလဲ) ၁ ၊ ၆ ၊ ၂၀၁၂



မှတ်ချက် - ဒီပိုစ့်လေးဟာ  ဦးဇင်းနေမိန္ဒမှ  အောင်မြင်ကြီးပွားချမ်းသာလိုသော  ဒကာ / ဒကာမ များအတွက်  ရည်ရွယ်ပြီး  ရေးသားပေးပို့လာသောကြောင့်  ကျမ  အလွမ်းမြို့မှ  စာဖတ်သူမောင်နှမများအား  စေတနာ  ရှေထားပြန်လည် မျှဝေလိုက်ပါတယ်။ စာဖတ်သူ  မောင်နှမများအားလုံး  ဘဝအမောတွေပြေနိုင်ကြပြီး  လိုရာဆန္ဒပြည့်ဝနိုင်ကြပါစေ။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

Sunday, 1 July 2012

ဦးဇင်းနေမိန္ဒ တွေးမိတဲ့ (သုည) ရဲ့ဘဝ




သုည ဆိုတဲ့ စာလုံးလေး ဟာ အတော်လေး တန်းဘိုးရှိပါတယ် တန်းဘိုးရှိတယ်ဆိုတာကို လူတိုင်းက လက်ခံပါတယ် ၊ အသိပညာ အသိဥာဏ်ရှိတဲ့ လူတိုင်းကပေါ့၊

သို့သော် အသုးံချမှု  မတတ်ရင် အဲဒိသုညလေးဟာ အင်မတန်မှ တန်ဘိုးနည်းသွားတတ်ပါတယ်၊ မရှိခြင်း ကိန်းဂဏန်းကိုပြထားတဲ့ အတ္တ လူသားတွေ အတွက် ပေါ့။

တနည်းအားဖြစ် ထို့ထက် ပိုပြီးပေါ်လွင်အောင်ရှင်းပြရရင် အကြောင်းအကျိုးကို မကြည့်ဘဲ ကိုယ်ထင်ရာကိုယ်မြင်ရာ ကိုယ့်အယူအဆနဲ့ကိုယ် ကိုယ်ကြိုက်သလိုလုပ်မယ်ဆိုတဲ့ လူသားတွေ အတွက်ပေါ့။အတ္တလူသားတွေ အများစုဟာ ဘာကြောင့် သုညလေးဟာ တန်းဘိုးမဲ့သွားတာလည်း ဆိုရင် ရှင်းပါတယ် ၊ သုညရှေ့မယ် (၁)-တစ်ဆိုတဲ့ ကိန်းဂဏန်းလေး  ရောက်လာရင် တန်းပြီးတော့ ဆိုလိုတာက ရောက်လာပြီဆိုတာနဲ့ ချက်ချင်းဆိုသလို သုညဆိုတဲ့ ဂဏန်းလေးနဲ့ (၁)-တစ်ဆိုတဲ့ ကိန်းဂဏန်းလေးကို ချက်ချင်းလက်ငင်းဆိုသလို  ပေါင်းစပ်ပြီးတော့ (၁၀)-တစ်ဆယ်ကွဆိုပြီး လက်မထောင်လိုက်လို့ပေါ့။



အတ္ထ လူသားတွေအတွက်တော့  သုည ဆိုတဲ့ ဂဏန်းလေးဟာ အင်မတန်ကို  တန်းဘိုးရှိလှပါတယ် ဘာဖြစ်လို့လဲဆိုတော့ အတ္တလူသားတွေဟာ အကြောင်းရယ်အကျိုးရယ် ဒီနှစ်ခုကို  ကြည့်ပြီးတော့  လုပ်တာဖြစ်တဲ့ အတွက်ကြောင့်ပါ ၊ အတ္ထလူသားတွေဟာ သူတို့ဆီကို (၁)-တစ်ဂဏန်း  ရောက်လာရင်လည်း သုည ဆိုတဲ့ ဂဏန်းလေးနဲ့  ပေါင်းစပ်ပြီးတော့  (၁၀)-တစ်ဆယ်ကွလို့ မပြောတတ်ဘူး တနည်းအားဖြစ်  မရှိခြင်းဆိုတဲ့   ကိန်းဂဏန်းများဖြစ်တဲ့ (၂)-နှစ်တို့  (၃)-သုံးတို့   အစရှိသည်ကို ဆွဲမယူဘူး ထို့ထက်ပေါ်လွင်ချင်ရင်တော့ အကြောင်းအကျိုးကိုကြည့်ပြီးတော့ လုပ်တာဖြစ်တဲ့ အတွက်ကြောင့် အတ္တတွေ မာန်မာနတွေ မတက်ဘူး ။(၁)-တစ်ဆိုတဲ့ ဂဏန်းလေး ရောက်လာရင် သုညလေးကိုဖျက်ပြီးတော့ (၁)-တစ်ဟာ တစ်ပါဘဲလို့ ပြောတတ်တယ် ။ဒါကြောင့်မို့ မရှိခြင်းဖြစ်တဲ့ ကိန်းဂဏန်းလေးဟာ တန်းဘိုးရှိသွားတာပေါ့။


ဒါကြောင့်မို့ လောကလူသားတိုင်း မရှိတာတွေကို အရှိလုပ်ပြီးတော့ မဟုတ်တာတွေကို အဟုတ်လုပ်ပြီးတော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမယ် အတ္တတွေဖြုတ်ပြီးတော့  နှလုံးလှလှလေး နဲ့ ရှင်သန်ကြပါ။          အရေးမကြီးတာတွေကို အရေးတကြီး မလုပ်ဘဲနဲ့  အရေးကြီးတာတွေကို အရေးတကြီးလုပ်ပြီးတော့ “ ကိုယ့်ရဲ့မိတ်ဆွေ ကိုယ့်ရဲ့အပေါင်းအသင်းများကို တန်းဘိုးထားပြီး  ကိုယ်ဖြစ်ချင်တာ ကိုယ်ထင်ရာ ကိုယ်မြင်ရာတွေကို ရှေ့တန်းထားပြီးတော့  မလုပ်ဘဲနဲ့ အကြောင်းအကျိုး ထိုနှစ်ခုကို ရှေ့တန်း ထားပြီး  လောကတာဝန် သာသနာ့တာဝန် တပည့်တာဝန်  ဒကာတာဝန် ဘုန်းကြီးတာဝန် ကျေပွန်အောင် ထမ်းဆောင်နိုင်ကြပြီး  လောကကို အလှဆင်နေသော လက်များ လှသထက် လှနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ။


ရည်ရွယ်ထားမှု မရှိပါ။ အတွေးတခု ရှင်သန်လာတာနဲ့ စာစု တခုအဖြစ် တင်ဆက်လိုက်တာဘဲဖြစ်ပါတယ် အသင့်အတွက်  ဒီစာစုလေးက တန်းဘိုးနည်းသွားမယ် ဆိုရင် တောင်းပန်ပါတယ် ။

စက်တင်ဘာဦးနေမိန္ဒ  
( အားလုံးကို  ဆုပ်ကိုင်ထားမယ်သုည ဆိုတဲ့ ကိန်းဂဏန်းလေးတွေကို)


မှတ်ချက်။ ဒီပိုစ့်လေးဟာ  ကျမ  မေလ်းထဲကို  ဦးဇင်းတစ်ပါးမှ ပေးပို့လားခြင်းဖြစ်တယ်။ ဦးဇင်း၏အတွေးများ  စုစည်းရေးသား တင်ပြထားသည်ကို  စာဖတ်သူ  မောင်နှမများအား  မျှဝေစေလိုသော  ဆန္ဒကြောင့်  ပို့ပေးပြီး  စာဖတ်သူ မောင်နှမများအား  အသိညဏ်အတိုအစလေးများ  ရစေလိုသော  ရည်ရွယ်ချက်ဖြင့်  ကျမ  အလွမ်းမြို့လေးမှ  ပြန်လည်  မျှဝေပေးခြင်းသာဖြစ်ပါတယ်။   စာဖတ်သူများ  ကိုယ်စိတ်နှစ်ဖြာ  ရွှင်လန်းချမ်းမြေ့ပါစေ။


စာဖတ်သူများကို  အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

Saturday, 24 September 2011

ဧရာဝတီနဲ့ ကျနော်

   ဧရာဝတီနဲ့ ကျနော်




မန္တလေးမြို့ မရမ်းခြံဆိပ်ကနေထွက်လာတဲ့ စက်လှေပေါ်မှာ ခရီးသည်တွေနဲ့အတူ မင်းကွန်းဘက်ကို ဘုရားဖူးသွားကြမယ့် ဘုရားဖူးတွေကြားမှာ ကျတော် ဧရာဝတီရဲ့ လှိုင်းကြမ်းကြီးတွေကို ငေးရင်းရင်တွေခုန်မိသည်။ ၀ါတွင်းကာလ မြစ်ရေကြီး ချိန်မို့ရေစီးကသန်လှသည်။  ရေတွေ အ၀ါရောင်ဘက်ကို သန်းနေသည်။ရေစီးနဲ့ နုံးတွေသယ်လာသည်လို့ထင်သည်။ ဒိုက်သရောတွေ၊ သက်ကယ်ပင်တွေနဲ့အတူ အမှိုက်တွေ မျှောပါလာတတ်သည်ကိုလည်း  တွေ့ရသည်။ ငယ်ငယ်က အမေပြောခဲ့တဲ့ ရွှေယုံနဲ့ ရွှေကျားပုံပြင်လေးကို ဖြတ်ကနဲ့ သတိရလိုက်မိသည်။ ငယ်ရွယ်နုနယ်ချိန်လည်းဖြစ်၊ တနယ်တကျေးမှာ စာသင်နေချိန်လည်းဖြစ်တာမို့ အမေကို သတိရမိရင် လွမ်းလို့ မဆုံးတဲ့ ဝေဒနာ။ ခရီးကပြန်လာတော့ မှတ်တမ်းစာအုပ်လေးမှာ အမေကို သတိရကြောင်းရေးလိုက်မိသည်။သို့သော် ဧရာဝတီက အမေ့ကို သတိရစေတယ်ဆိုတာ ကျနော် မဆက်စပ်မိပါ။ ခုတော့.....အမေ့ကို သတိရစေတဲ့ ဧရာဝတီ အသက်ငှင်နေပြီတဲ့ အမေ။


အခုတော့ ကျနော် အမေရဲ့အဝေးမှာ ဧရာဝတီရဲ့အဝေးမှာ။အမေ နေကောင်းပါစေ။ဧရာဝတီနေကောင်းပါစေ အမေ။ထာဝစဉ် စီးဆင်းပါစေ မိခင်ဧရာဝတီ။ငယ်ရွယ်ချိန်မို့ စက်လှေနဲ့ ဧရာဝတီကို ဖြတ်ရပေမယ့် တကယ့် ရင်ခုန်စရာ စွန့်စားခန်းပါ။တနေ့တော့ ကျနော် ဧရာဝတီကို လှေငယ်နဲ့ဖြတ်ဖို့ အခွင့်ရေးတခုရခဲ့ပါတယ်။ မြစ်ကမ်းတခုက တောင်သူကြီး တယောက်အိမ်မှာ နွားနို့ ပူပူလေးသောက်ပြီး မြစ်ဘက်အပျင်းပြေ လမ်းလျှောက်ထွက် လာမိတယ်။လှေတင်းတွေ့တာနဲ့ အပျင်းပြေ လှေစီးရင်း ရွာက ကလေးတယောက်နဲ့ လှေလှော်ကျင့်နေလိုက်တယ်။ တနာရီလောက်လေ့ကျင့် လိုက်တော့လှေကို ဖြောင့်ဖြောင့်လှော်တတ်လာတယ်။ ပဲ့ကိုထိန်းတတ်လာတယ်။ ကျနော်တဘက်ကမ်းကို  လှေနဲ့ဖြတ်ကြည့်ချင်လာတယ်။ ကျနော်တို့နိုင်ငံရဲ့ အကြီးကျယ်ဆုံးသော အခမ်းနားဆုံးသော ဧရာဝတီကို ကျနော် လှေငယ်လေးနဲ့ ဖြတ်ဘူးချင် စိတ်တွေဖြစ်လာတယ်။ ဒီလိုဖြတ်ဘူးတာကို ကိုယ့်ဘ၀ရဲ့ မှတ်တမ်းတခုအနေနဲ့ မှတ်တမ်းတင်ထားချင်လာတယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း စာအုပ်ကိုလည်း ဖတ်ပြီးကာစမို့ စွန့်စားခန်းလေးတွေ့တုန်း စွန့်စားကြည့်ချင်လာတယ်။မနက်ခင်းနေရောင်ဖြာချိန်မို့ သင်္ဘောကြီးတွေ အလာကျဲချိန် ဖြတ်ကြမယ်ဆိုပြီး ရွာခံကလေး တယောက်ကိုညှိတော့ သူက ခေါင်းညိမ့်တာနဲ့ ကျနော်တို့ ဧရာဝတီကို ဖြတ်ကြတယ်။ သဲသောင်ပြင်တွေကိုကွေ့ပတ်လှော်ခတ်ရင်း တကယ်ရေစီးကြမ်းတဲ့ နေရာတွေရောက်လာတယ်။

ကျနော်တို့ ရေစီးကိုဆန်တတ်တယ်။ လှိုင်းကြမ်းတွေစီးကြတယ်။ တကယ့်ကိုရင်ခုန်စရာကောင်းတဲ့ စွန့်စားခန်းပဲ။ တက်ဖက်ကမ်းကို ကျနော်တိုအာင်မြင်စွာ ရောက်သွားကြတယ်။ မိတ်ဆွေတယောက်နဲ့ သွားတွေ့တယ်။ ဘာနဲ့လာတာလည်းလို့ မေးတော့ ကိုယ့်ဘာသာလှလှော်လာတာပြောတော့ဟာ..ဆိုပြီးမျက်လုံးပြူးသွားတယ် ။နောက်အဲလို မလုပ်နဲ့လို့လည်းဆုံးမလိုက်တယ်။ အပြန်မှာကျနော်ပဲ့ကိုင် ပးတယ်။ သဲသောင်တွေမှာ ဟသာင်္တွေကို အနီးကပ်တွေ့ခဲ့ရတယ်။ ဟင်္သာတွေရဲ့ အရောင်ကအနီ၊ အ၀ါရောပြီး ကြည့်လို့သိပ်ကောင်း တယ်။မြစ်ကမ်းနဖူးက တဲလေးဆီပြန်ရောက်တော့ ဦးလေးကြီးက မင်းတို့ကြာလိုက်တာကွာ။ ဘယ်တွေသွားကြတာလဲတဲ့။ ငါကမ်းနဖူးတက်တက်ကြည့်တာ သုံးလေးခါရှိပြီတဲ့။ ကျနော် ဟိုဘက်ကမ်းကို သွားကြာတာလို့ပြောလိုက်တယ်။ ဟာ..တော်သေးတာပေါ့ ရွှေကိန္နရီတွေ့ရင် မင်းတို့လှေမှောက်မှာတဲ့ ရွှေကိန္နရီဆိုတာ နှစ်ထပ် အမြန်ရှပ်ပြေးသင်္ဘောကြီး။ ဒီသင်္ဘောကြီး ဖြတ်သွားရင် ကမ်းတွေတောင်ပျိုတယ်တဲ့။  ကိုယ့်စိတ်ထဲမှာတော့ ကျနော်အချိန်တွက်ဆတာ မှန်သွားတယ်ဆိုပြီး တွေးရင်း ၀မ်းသာနေမိတယ်။  ကျနော့ရဲ့ဇွဲနဲ့သတ္တိကို ဧရာဝတီက မှတ်ကျောက်တင်ပေးတဲ့အတွက် ကျေးဇူးပါ ဧရာဝတီ။


ကျနော့်မှာ ဧရာဝတီနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေရှိခဲ့သလို ဧရာဝတီကို ဂုဏ်ပြုခွင့်တွေလည်း ရခဲ့ပါတယ်။ကျနော် စာသင်ခဲ့တဲ့ အင်္ဂလိပ်စကားပြော သင်တန်းလေးမှာပါ။သင်တန်းလေးကလည်း သမိုင်းဝင် ဂေါဝန်ဆိပ်ကို သွားတဲ့ လမ်းမကြီးပေါ်မှာပါ။ ဒီသင်တန်းလေးမှာ ကိုငှက်ကြီးအမှတ်တရ လုပ်ကြပါတယ်။ ကျနော် စကားပြောခွင့်ရခဲ့ပါတယ်။ သင်တန်းဆရာနဲ့ ကျနော်ကြားမှာ ကိုငှက်ကြီးသီးချင်းတွေနဲ့ ခင်မင်မှုကို ချည်နှောင်ခဲ့ကြတယ်ဆိုရင်လည်း မမှားပါဘူး။ အဲဒီနေ့က ဆေးကျောင်းက ကျနော့ မိတ်ဆွေလည်း လာအားပေးကြတယ်။ သီချင်းတွေလည်းဆိုကြတယ်။ ကျနော်လည်း ရာဇ၀င်များရဲ့ သတို့သမီးသီချင်းကို ဆိုခဲ့တယ်။ပရိတ်သတ်အားလုံး ကျနော် ဧရာဝတီလို့ အော်လိုက်တိုင်း ရာဇ၀င်များရဲ့ သတို့သမီးလို့ အော်ပြီး အားပေးခဲ့ကြတယ်။ငါတို့ရဲ့ မိခင်လို့ အော်ပြီးအားပေးခဲ့ကြတယ်။


အခုချိန်မှာ ကျနော်တို့ရဲ့ ဘိုးဘွားတွေရဲ့ သတို့သမီး၊ ရာဇ၀င်များရဲ့ သတို့သမီး၊ ကျနော်တို့ အားလုံးရဲ့မိခင် ဧရာဝတီကို လည်မျို အညစ်ခံနေရပြီ။ မိခင်ဧရာဝတီဟာ အသက်ထွက်တော့မယ်။ ဒီအချိန်မှာ ကျနော်တို့အားလုံး ၀ိုင်းဝန်းကာကွယ်ကြရမယ်။ ဧရာဝတီကို ကာကွယ်ဖို့ ကျနော်တို့ အဖိုးအဖွားတွေ၊ အကိုတွေ၊ အမတွေက လက်နှက်တွေ ထားပေးခဲ့ပါတယ်။ ကဗျာတွေ ရွတ်ပြီးကွာကွယ်ကြ။ သီချင်းတွေဆိုရင်း ကာကွယ်ကြ။ ကလောင်တွေနဲ့ကွာကွယ်ကြ။ လမ်းမတွေပေါ်မှာမှာ ကျနော်တို့ အားလုံး ရာဇ၀င်များရဲ့ သတို့သမီးသီချင်းကို ဆိုကြမယ်။ ခင်ဝမ်းရဲ့ ဧရာဝတီကို ဆိုကြမယ်။


ဒီသီချင်းလေးကိုတော့ ကျမ အလွမ်းမြို့လေးကဘဲ Youtube ကနေရှာပြီးတင်ပေးလိုက်တာပါ။ ကျမရဲ့မိတ်ဆွေကြီးက  သူဆိုဖူးတယ်  (ဧရာဝတီကို  ကိုငှက်ကြီးရဲ့ မူရင်းအသံနဲ့ဘဲ  ပြန်ရှာပြီးတင်ပေးလိုက်ပါတယ်။ ကျမမိတ်ဆွေရဲ့  အသံနဲ့သာတင်ရင် သီချင်းနားဆင်မိသူတွေမှာ  ငှက်ဖျားပါဖြစ်နိုင်လို့.. အရေးပေါ်ဆေးရုံကားပါ ခေါ်ထားရမှာစိုးရိမ်လို့ ..   အားလုံးရဲ့ မိခင်အတွက်  ခံစားချက်သီချင်းတွေကို  သူ့အသံဆိုးနဲ့  မဖျက်စီးချင်လို့  ယ္ခုမူရင်း အတိုင်းပြန်တင်ပေးထားပါတယ်။




***************************************************************************
မထင်မှတ်တဲ့ တစ်ရက်မှာကျမကို  အွန်လိုင်းမှ သူငယ်ချင်း (ကိုဇော်သိင်္ခ)မှ  အမ ဧရာဝတီနဲ့ပါတ်သက်ပြီး ပိုစ်မရေးဘူးလားဆိုပြီး မေးလာခဲ့တယ်။ ကျမလည်း ပြန်ဖြေလိုက်ပါတယ်။ ကျမ စာကောင်းကောင်း မရေးတတ်လို့  အိမ်က (ချစ်ချစ်ကြီးကိုရေးခိုင်းမယ်)လို့  ပြန်ဖြေခဲ့တယ်။ ဒီလိုနဲ့ကျမ အတွေးတစ်ခုဝင်လာတယ်။ ကျမလည်း  အမေဧရာဝတီကို ချစ်တယ်။ ဒါပေမဲ့ အမေ့နဲ့ကျမ အနေဝေးနေတော့ အမေ့ရဲ့ခံစားချက်  အနစ်နာခံချက်တွေကို   ကျမဘာမှသေချာနားမလည်တဲ့  ရင်ဘတ်ကြီးနဲ့ခံစားပြီး  မရေးချင်လို့။ ရေးရမှာလည်း မထိုက်တန်လို့ပါ။ ဒါပေမဲ့  ကျမလည်း အသွေးအသားနဲ့ လူသားတစ်ယောက်မို့   အမေ့ကို ချစ်တတ်ပါတယ်။  ဒါကြောင့်  ဒီပိုစ်လေးရေးဘို့  ကျမရဲ့မိတ်ဆွေကောင်း တစ်ယောက်ကို  သွားသတိရမိတယ်။ သူက စာပေဗဟုသုတကြွယ်သလို  အတွေးခေါ်လည်းကောင်း  စာလည်းရေးကောင်းမို့  ကျမသူ့ကို အကြောင်းကြားလိုက်တယ်။ ဒီပိုစ်လေးရေးပေးပါ။ အမေ့ကိုချစ်ကြောင်း  သက်သေပြပေးပါ။ အမေ့သွေးတွေ ရန်သူတွေမသောက်မိစေဘို့...အမေ့အသားကို ရန်သူတွေ မဖျက်မစေဘို့  ရင်ထဲကစကားလုံးတွေနဲ့ တားဆီးပေးပါလို့ ကျမပြောလိုက်တယ်။ ကျမလိုဘဲ  အမေ့ကိုချစ်တယ် ...ချစ်သေးတယ်....ချစ်တတ်တယ်ဆို   ချစ်သက်သေခံစားချက်တွေကို  အများသိအောင် ....အမေ့ကို ကာကွယ်ပေးဘို့ ...စောင့်ရှောက်ပေးဘို့ တိုက်တွန်းလို့  ....(ဧရာဝတီနဲ့ကျနော်) ....ဆိုတဲ့ပိုစ်လေး  စာလုံးတွေချွေချ  ရင်ထဲကအနစ်သာရများနဲ့  သူ့ဘဝရဲ့အတိုအစနဲ့   အမေ့ကိုချစ်ကြောင်း  သက်သေပြခဲ့ပြီ။ 


  (((((((   အမေ့ကိုချစ်တယ်....အမေ့ကိုစောင့်ရှောက် ကာကွယ်ပေးကြပါ )))))))
      (((((((   အမေ့ကိုမစွန်လွှတ်နိုင်ဘူး......မေ့သွေးကြောတွေမခြောက်ခမ်းသေးဘူး ))))))))
           ((((((((  ခုဆိုရန်သူတွေလက်ထဲ....အမေ့ဘဝအပ်ရတော့မယ်.....အမေငိုနေတယ် )))))

                  ချစ်ခြင်းများစွားနဲ့  အမေဧရာဝတီကို  ကာကွယ်ပေးကြပါ။  

စာဖတ်သူများကိုလေးစားလျှက်
အလွမ်းမြို့လေး

Thursday, 8 September 2011

သူငယ်ချင်းတစ်ယောက်ရဲ့ ရင်ထဲကကဗျာ



  သူငယ်ချင်းတစ်ယောက် ကျောင်းနေဖက်သူငယ်ချင်းတွေကို လွမ်းလို့ အဝေးတစ်မြေကနေ ချရေးထားတဲ့ ရင်ထဲက စာသားလေးတွေပါ။။