ကျမ ဘလော့လေးကနေ ((မေ ၃၁ရက် မင်္ဂလာစုံတွဲ)) ကိုဖိတ်ခေါ်ခဲ့ပေမဲ့ ဝမ်းနည်းခဲ့ရပါတယ်။ စုံတွဲ တစ်တွဲမှ မရခဲ့ပါဘူး။ အတွဲတွေမရှိပေမဲ့ လက်ရှိ ရှိနေတဲ့အတွဲလေး တစ်တွဲနဲ့မိတ်ဆက်ပေးပါရစေ။
ဒီနေ့ဆို မေ (( ၃၁))ပေါ့။ ကျမစိတ်ထဲတော့ မနေ့တစ်နေ့ကလိုပါဘဲ။ အိမ်ဦးနတ်နဲ့ အတူနေလာခဲ့တာ ခုဆို (( ၄)) တောင်ပြည့်ခဲ့ပြီ။ ဒီနေ့ဆို ကျမတို့နဲ့ မင်္ဂလာနေ့ (၄) နှစ်ပြည့်တဲ့နေ့ပါဘဲ။ မှတ်မှတ်ရရ အိမ်ဦးနတ်အတွက် သီချင်းလေးတွေ တင်ပေးလိုက်ပါတယ်။ ကျမတို့ မင်္ဂလာ(၄)နှစ်ပြည့် အမှတ်တရပေါ့။ တကယ်လို့ ဒီ မေ(၃၁)မှာ မင်္ဂလာစုံတွဲများရှိမယ်ဆို ကျမ မှအမှတ်တရ တစ်ခုခုပေးချင်လို့ပါဆိုပြီး ဘလော့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ ။ ခုတော့လည်း အလွမ်းမြို့ပေးမဲ့ ဆု ကို အလွမ်းမြို့သာ ယူရတော့မှာမို့ ဝမ်းနည်းစွားပင် ယူလိုက်ရပါတယ်။ :P
*** ဖလက်သီချင်းများကို ((ရာဇာထွေးဘလော့မှတ်စုမှ)) မောင်ငယ်မှ မေတ္တာဖြင့် ကူညီပေးပါသည်***
*** ဖလက်သီချင်းများကို ((ရာဇာထွေးဘလော့မှတ်စုမှ)) မောင်ငယ်မှ မေတ္တာဖြင့် ကူညီပေးပါသည်***
မအားအလပ်တဲ့ကြားက စေတနာ မေတ္တာဖြင့် ကူညီပေးသော မောင်ငယ်ရာဇာထွေးကိုလည်း အထူးပင်ကျေးဇူးတင်ပါရှိပါကြောင်း ဒီပိုစ့်လေးကနေ ပြောကြားလိုက်ပါတယ်။
သီချင်းများနားဆင်မယ်ဆို ပုံလေးမှာပါတဲ့
မြှားလေးကို ကလစ်ပေးပါ
လာလည်သူမောင်နှမများအတွက် အစားအသောက်များဖြင့် စနေ - တနင်္ဂနွေ ပိတ်ရက်တွင် ဧည်ခံကျွေးမွေးမည်ဖြစ်ပါတယ်။ မည်သူမဆို ဝင်ခွင့်လက်မှတ်မလိုဘဲ လာရောက်သုံးဆောင်နိုင်ပါတယ်။ ဒီနေ့တော့ သီချင်းလေးသာ နားဆင်ပေးကြပါလို့ တောင်းပန်ပါတယ်။
