Showing posts with label အလှူများ. Show all posts
Showing posts with label အလှူများ. Show all posts

Tuesday, 12 November 2013

စုပေါင်းအလှူ...12-11-2013

ကျမတို့မောင်နှမများ စုပေါင်းပြီး စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချောင်းဦးမြို့ရှိ (မအုပ်ကျောင်း)တွင် ကထိန်အတွက် ကျောင်းထိုင်ဘုန်းဘုန်း ဦးပညာသာမိအား အစကနဦး လျှာက်ထားသည့် အလှူငွေ ၅သိန်း ၅သောင်းကျပ်ကို အခက်ခဲအမျိုးမျိုးကြားက သဒ္ဒါစိတ်မပျက်ဘဲ ယနေ့ 12-11-2013 ရက်နေ့တွင် မုံရွာမြို့နေကျမ၏ သူငယ်ချင်းဖြစ်သူ မတူးတူးမာ (မုံရွာ)မှ အလှူရှင်များ အားလုံးရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။ထို့ကြောင့် အလှူရှင်များ အားလုံး ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် ကျမဒီကနေပြန်လည် မျှဝေပေးလိုက်ပါတယ်။ အလှူဖြစ်မြှောက်အောင် အဖက်ဖက်မှ ကူညီပေးကြသောသူများ အားလုံးကို အားလုံးရဲ့ ကိုယ်စား ကျမမှ အထူးကျေးဇူးတင်ပါတယ်။
 




အလှူရှင်များအားလုံး သာဓုခေါ်ဆိုနိုင်ကြပါစေ။
 -------------------------------------------------------------------------------
နောက်အလှူတစ်ခုကတော့

ကျမ လွန်သွားတဲ့လက လှူမယ်လို့လျှောက်ထားတဲ့ ဖုန်းနဲ့ကင်မရာလေးပါ။ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချောင်းဦးမြို့ရှိ (စေတဝန်ကျောင်း)မှ ကျောင်းထိုင်ဘုန်းဘုန်း - ဦးသြဘာသ ထံကိုယနေ့ (12-11-2013)မနက် ကျမသူငယ်ချင်း မတူးတူးမာ(မုံရွာ)မှ ကိုယ်တိုင်သွားရောက်လှူပေးခဲ့ပါတယ်။ ကျမရဲ့ အလှူအထမြှောက်ရန် အဖက်ဖက်မှ ကူညီပေးကြသော စကာင်္ပူကနေ ရန်ကုန်သို့ စေတနာဖြင့် ကူညီသယ်ပေးသော မောင်ငယ် Min Thike နှင့်သူငယ်ချင်း....ရန်ကုန်မှ အညာသို့ ရောက်အောင် ကူညီပေးသော ညီမလေး မီမီလွင် Mie Mie Lwin နှင့် ရန်ကုန်မှ အညာသို့ပြန်လည် ကူညီသယ်လာပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းပေးသော သူငယ်ချင်းမတူးတူးမာ....အားလုံးကို ကျမ အလွမ်းမြို့လေးမှ အထူးကျေးဇူးတင်ပါတယ်။ပြုခဲ့သော ကောင်းမှု့ကုသိုလ် အစုစုအတွက် အားလုံးကို အမျှပေးဝေပါတယ်။အားလုံး...ကြားကြား သမျှ....အမျှ...အမျှ....အမျှ.... ယူတော်မူကြပါကုန်သော်။သာဓု.......သာဓု...........သာဓု............
 
 
 
 
 
အလှူရှင်များအားလုံးနှင့် အလှူဖြစ်မြှောက်ရန် အဖက်ဖက်မှ ကူညီပေးကြသော မိတ်ဆွေများအားလုံးကို ကျမ အလွမ်းမြိုလေးမှ အထူးကျေးဇူးတင်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေ။
 
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
12-11-2013

Thursday, 31 October 2013

အောက်တိုဘာ(၁၉)ရက် အလှူပုံများ

မြန်မာသက္ကရာဇ် (၁၃၇၅) သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ (19-10-2013)သီတင်ကျွတ်လပြည့်နေ့က ချောင်းဦးမြို့ မြို့မရပ်ရှိ (စေတဝန်ကျောင်းတိုက်)တွင် နန်းထွေး၏ မွေးနေ့အလှူပုံ အမှတ်တရနှင့် ချောင်းဦးမြို့မှ မောင်ငယ်ဝေဖြိုး၏ စုပေါင်းအလှူ ပုံလေးတွေပါ။အလှူရှင် နန်းထွေးမိသားစုနှင့် မောင်ငယ်ဝေဖြိုးတို့ မိသားစု စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ။











အောက်တိုဘာ (၁၉)တွင် ကျရောက်သော မွေးနေ့ရှင် ကျမအချစ်ဆုံး သူငယ်ချင်း နန်းထွေးနှင့်တစ်ကွ မိသားစုအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အလှူရေစက် လက်နဲ့မကွာပြုနိုင်သူများဖြစ်နိုင်ကြပါစေ။ ထို့အတူ အလှူတွင်စုပေါင်းပါဝင် လှူဒါန်းသော ချောင်းဦးမြို့မှ မောင်ငယ်ဝေဖြိုးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တစ်ပိုး ထမ်းရွက် သယ်ပိုး နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။

စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
1-11-2013

ငွေသဇင်မိသားစုအလှူပုံများ (12-10-2013)

မြန်မာသက္ကရာဇ် (၁၃၇၅) သီတင်းကျွတ်လဆန်း (၈)ရက် 12-10-2013.... မမထား အလှူ ဓါတ်ပုံများ.. စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချောင်းဦးမြို့ မြို့မရပ် ရှိစေတဝန်ကျောင်းတိုက်.....အလှူဓါတ်ပုံများ ပို့ရန်အခက်ခဲရှိသောကြောင့် လက်ရှိ ပို့ပေးသောပုံများကိုသာ အလှူရှင်များ ဝမ်းသာပီတိ  ဖြစ်ရအောင် တင်ပေးလိုက်ပါတယ်။ အလှူရှင်နှင့်တစ်ကွ မိသားစုအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။

 12-10-2013 ငွေသဇင်(မိသားစု) ကောင်းမှု့အလှူပုံများ









အောက်တိုဘာ (၉)ရက်မှာ ကျရောက်သော မွေးနေ့ရှင်  မမထားနှင့်တစ်ကွ ငွေသဇင် မိသားစုလေး စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။နောက်ကျမှ အလှူပုံများ တင်ပေးရခြင်းကြောင့် အလှူရှင်များကို ကျမ အလွမ်းမြို့လေးမှ အထူးတောင်းပန်လိုက်ပါတယ်။

စာဖတ်သူများကိုအစဉ်
ချစ်ခင်လေးစားလျှက်

အဋ္ဌကထာစာအုပ်အလှူရှင်များသို့

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချောင်းဦးမြို့ရှိ (စေတဝန်ကျောင်း)သို့ ပါဠိ အဋ္ဌကထာစာအုပ်များ လှူဒါန်းရန် ကျမအလွမ်းမြို့မှ ချောင်းဦးမြို့- မြို့မရပ်ရှိ (စေတဝန်ကျောင်း) ဆရာတော်ထံ ဦးသြဘာသထံ လျှောက်ထားပါသည်။ထို့ကြောင့် ထိုအဋ္ဌကထာ (၅၁)အား အလှူရှင်(၃)ဦးမှ စုပေါင်းလှူဒါန်းပါသည်။  အဋ္ဌကထာ (၅၁)အုပ် + စာအုပ်အဖုံး ကဒ်ထူချုပ်ပြီး+ ကောင်းမှု့ရှင် နာမည်ထိုး +  ရန်ကုန် အဝေးပြေး ကားဂိတ်သို့ပို့ အပြီးအစီး(၁၉,၈၀၀၀)ကျပါသည်။ ထိုကြောင့် အလှူရှင်များ သိစေရန် ကျမ ဘလော့လးကနေဖော်ပြပေးလိုက်ပါတယ်။စာအုပ်များ ပြီးစီးမည့်နေ့ကို စာအုပ်တိုက်မှ စာပြန်ထားသောကြောင့် အလှူရှင်များအားအသိပေးအကြောင်းကြား အပ်ပါသည်။

               အဋ္ဌကထာစာအုပ်အလှူရှင်များမှာ

(၁) မန်းအောင်ကျော်ဦး+နော်သီတာဦး မိသားစု (ဒိန်းမတ်)- ၁သိန်းကျပ်

(၂) ငွေသဇင် - မိသားစု (မကွေး) - ၅သောင်းကျပ်

(၃) ကိုလှမင်းမောင်+မမြတ်နိုးငယ် (မိသားစု) (ဒိန်းမတ်)- ၅သောင်းကျပ်။

ယနေ့ 30-10-2013တွင် စာအုပ်တိုက်သို့ စုစုပေါင်းကုန်ကျငွေ (၂)သိန်းကို လွှဲပေးခဲ့ပြီးပါပြီ။အလှူရှင်များအားလုံးကို ကျမ အလွမ်းမြို့လေးမှ အထူးကျေးဇူး တင်ပါတယ်။အလှူရှင် မိသားစုတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြ ပါစေ။

အွန်လိုင်းကနေ ကျမစာအုပ်များ မှာယူဝယ်လှူဖြစ်သော လင့်လေးပါဖော်ပြပေး လိုက်ပါတယ်။အီမေလ်းဖြင့် မိမိ သိလိုမှာလိုသောစာအုပ်များကို မေးမြန်းစုံစမ်းမှာယူ နိုင်ပါတယ်။
http://www.myanmaronlinesales.com/Default/Home/all





အလှူရှင်များအားလုံးကို ကျမ အလွမ်းမြို့လေးမှ ကျမဘလော့လေးထဲကနေ အသိပေး ကြိုတင် အကြောင်းကြား ထားပေးပါတယ်။ စာအုပ်များ ပြီးစီး၍ ဆရာတော်ထံ လှူဒါန်း ချိန်တွင်လည်း ထပ်မံအသိပေး အကြောင်းကြားပေးပါမည်။ အလှူရှင်မိသားစုတိုင်း သာဓုခေါ်ပြီး ပီတိဖြစ်စေရန် အတွက် ကျမအလွမ်းမြို့လေးမှ ကြိုတင်လှူဒါန်းမည့်ရက်ကို အကြောင်းကြားပေးပါမည်။ အလှူရှင်မိသားစုများ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး လောကအကျိုး သာသနာ့အကျိုးကို ဆထက်တစ်ပိုး ထမ်းရွက် သယ်ပိုးနိုင်ကြ ပါစေ။

စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
31-10-2013

Sunday, 13 October 2013

အောက်တိုဘာ(၁)ရက်မွေးနေ့အလှူ

အားလုံးဘဲ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေ။ ဒီနေ့က အောက်တိုဘာ (၁၃)ရက်။ ယခု ဓါတ်ပုံတွေကတော့ အောက်တိုဘာ (၄)ရက် သီတင်းကျွတ် လကွယ်နေ့ ဥပုဉ်ရက်နေ့က ပုံတွေပါ။ ကျမမွေးနေ့လေးက အောက်တိုဘာ (၁)ရက်နေ့။ မွေးနေ့တိုင်းကို သိတတ်ချိန်မှာ ကိတ်တွေခွဲတာတွေတော့ မလုပ်ဖူးပါဘူး။ဒါပေမဲ့ သိတတ်ချိန်ကစ ကျမမွေးနေ့လေး မှာ ကောင်းမှု့ကုသိုလ်ပြုတတ်လာတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၁)ရက်နေ့က ကျမမွေးနေ့လေးမှာ အညာဘက်က ကျမမိတ်ဆွေတွေ ရှိတဲ့ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အလှူသေးသေးတစ်ခုပြုခဲ့ပါတယ်။ အောက်တိုဘာ (၄)ရက်နေ့ ဥပုဉ်နေ့လေးမှာ  (ချောင်းဦးမြို့နယ်- မြို့မရပ်ရှိ စေတဝန်ကျောင်းတိုက်မှာ) ဆွမ်းအဟာရ ဒါနပြုကုသိုလ်ပြုခဲ့ပါတယ်။ ကျမ ပြုခဲ့သော ကောင်းမှု့ကုသိုလ်အစုစုအတွက် အားလုံးကို အမျှပေးဝေပါတယ်။ အားလုံး ကြားကြားသမျှ ....အမျှ.....အမျှ....အမျှ....ယူတော် မူကြပါကုန်သော်....သာဓု....သာဓု....သာဓု....

ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်။ကျမနဲ့ထပ်တူ ဝမ်းသာပီတိဖြစ် ရအောင်ပါ။ အောက်တိုဘာ  (၄) ရက် အလွမ်းမြို့  မွေးနေ့အလှူပုံတွေပါ။

အောက်တိုဘာ (၁၂)ရက်နေ့  ငွေသဇင်မိသားစုမှလည်း စေတဝန်ကျောင်းတိုက်မှာဘဲ မထားထားမြင့် (ဂျပန်)မှ  မွေးနေ့အလှူပြုခဲ့ပါတယ်။ ဓါတ်ပုံများ ပို့ရန်အခက်ခဲရှိသောကြောင့် ယခု မတင်ပေးနိုင်သေးပါ။ဓါတ်ပုံများရောက်သည်နှင့် အလှူရှင်နှင့်အတူ ထပ်တူဝမ်းသာပီတိနှင့် အတူ သာဓုခေါ်ဆိုနိုင်ရန် ဓါတ်ပုံများတင်ပေးပါမည်။

အောက်တိုဘာ (၁၉)ရက်နေ့တွင်လည်း ကျမရဲ့အချစ်ဆုံး အခင်ဆုံး သူငယ်ချင်း နန်းထွေး (စကာင်္ပူ)မှလည်း မွေးနေ့အလှူအဖြစ် ထိုကျောင်းလေးမှာဘဲ အလှူပြုမည်ဖြစ်ပါတယ်။

ထို့အပြင်  ကထိန်အတွက်ကိုတော့ ထိုချောင်းဦးမြို့လေးမှ မပြည့်စုံတဲ့ ဘုန်းကြီးကျောင်းလေးနဲ့ အလှူရှင်မရှိသေးသော ဘုန်းကြီးကျောင်းလေးမှာ ကထိန်အလှူပြုပေးဖို့ အစီစဉ်ရှိပါတယ်။ အလှူရှင်မရှိသောကြောင့် မိတ်ဆွေတစ်ဦးမှ ထိုကျောင်းလေးကို အလှူ တစ်ကြိမ်လောက် ပြုပေးပါလားလို့ ဖုန်းဆက်ချိန်မှာ တောင်းဆိုလာသောကြောင့် ကျမ ထိုကျောင်းလေးအတွက်လည်း  ကထိန်အလှူပြုဖို့ စီစဉ်နေပါတယ်။ ကျမနဲ့အတူ အလှူတွင် ပါဝင်လှူဒါန်းချင်သူများကိုလည်း ဒီနေရာကနေ ဖိတ်ခေါ်ပါတယ်။ ဘုန်းကြီးကျောင်းကို  ကထိန်ရက် သေချာမေးပြီး ကျမ ပိုစ့်ထပ်မံတင်ပေးပါမယ်။





အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့လေး
13-10-2013

Saturday, 27 July 2013

22-7-2013 ဝါဆိုလပြည့် စုပေါင်းအလှူ

အားလုံးဘဲ  မင်္ဂလာပါ။ကျမတို့ လွန်သွားတဲ့ (၂၂-၇-၂၀၁၃) ဝါဆိုလပြည့်နေ့ အွန်လိုင်းမှသူငယ်ချင်းတစ်စု  စုပြီး  စစ်ကိုင်းတိုင်း  မုံရွာမြို့နယ်  ချောင်းဦးမြို့က  (ကျောင်းသစ်ကျောင်း) မှာတစ်နေ့တာ ဆွမ်းအလှူလှူခဲ့ကြပါတယ်။ အလှူဓါတ်ပုံများ  ပို့ရန် အခက်ခဲရှိသောကြောင့် ယနေ့မှအလှူဓါတ်ပုံများကို ကျမအလွမ်းမြို့ လက်ခံရရှိပါတယ်။ ထို့ကြောင့် အလှူရှင်များ  ဝမ်းသာပီတိ သာဓုခေါ်ဆိုနိုင်ရန် ဓါတ်ပုံလေး နဲ့ ရုပ်သံဖိုင်လေးကို တင်ပေးလိုက်ပါတယ်။

ပြုပြုခဲ့သမျှ ကုသိုလ်အစုစုအတွက် (၃၁)ဘုံ ဝေနေယျသတ္တဝါတွေကိုလည်း  အမျှပေးဝေပါတယ်။ အားလုံး ကြားကြားသမျှ  အမျှ အမျှ အမျှ  ယူတော်မူကြပါကုန်သော်...

ကျမတို့  သူငယ်ချင်း(၄)ဦးစုလှူသော အလှူငွေတွင်  ငွေ(၅)သောင်းကျပ်ပိုနေသဖြင့်  ချောင်းဦးမြို့အနီး  ရွာလေးမှ  ရာသက်ပန် ရဟန်းခံလိုသူတစ်ဦးအား  ကျောင်းထိုင်ဘုန်းဘုန်းမှ  စီစဉ်ပြီး ရဟန်းဝတ်ပေးလိုက် ပါကြောင်း  အားလုံးကို အသိပေးလိုက်ပါတယ်။ အလှူရှင်များအားလုံး  ဝမ်းသာပီတိဖြစ်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

 ဒီအောက်က မှောင်နေတဲ့ပုံက အာရုံဆွမ်း မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးနေစဉ်


 အောက်ပုံလေးတွေက နေ့ဆွမ်းဘုဉ်းပေးနေစဉ်











အောက်က ရုပ်သံဖိုင်လေးပါ။ကြည့်ရှု့အားပေးကြပါဦး။ ရုပ်သံဖိုင်ကို ဒီတိုင်းတင်ကြည့်တာဘယ်လိုမှတင်မရလို့  ယူကျူ့ကနေဝင်တင်လိုက်ရပါတယ်ရှင်။





စာဖတ်သူများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
အလွမ်းမြို့လေး