Showing posts with label မှတ်သားသင့်သော စကားစုများ. Show all posts
Showing posts with label မှတ်သားသင့်သော စကားစုများ. Show all posts

Thursday, 26 July 2012

(ဘဝဆိုတဲ့ကျောင်းစာအုပ်မှ-ကောက်နုတ်ချက်များ)

ဒီနေ့တော့  အလွမ်းဖတ်ဖူးတဲ့  ဆရာတော်ဦးဇောတိကရဲ့  (ဘဝဆိုတဲ့ကျောင်း) စာအုပ်ထဲမှ  အလွမ်းကြိုက်နှစ်သက်တဲ့  စာစုလေးတစ်ချို့ကို  စာဖတ်သူများကိုလည်း  ဖတ်စေချင်လို့  ပြန်လည်ကောက်နုတ်  ဖော်ပြပေးလိုက်ပါတယ်။ ဒီစာအုပ်လေးကို   ဖတ်ဖူးသူ  ဖတ်ပြီးသူတွေလည်း  ရှိမှာပါ။ မဖတ်ရသေးသူတွေအတွက် ရည်ရွယ်ပြီး  စာအုပ်တစ်အုပ်လုံး  မဖတ်ဖြစ်ခဲ့ရင်တောင်  ခု အလွမ်းပြန်လည်  ကောက်နုတ်ထားပေးတာလေး  ဖတ်မိရင်ဖြင့်  ဘဝရဲ့  တစ်စိတ်တစ်ဒေသ တစ်နေရာရာကနေ အသိတရားတွေ  ရရှိလာနိုင်မယ်လို့  ယုံကြည်ချက်နဲ့  ကြိုးစားဖော်ပြပေးလိုက်ခြင်း  ဖြစ်ပါတယ်။




စာဖတ်သူများ  ကိုယ်စိတ်နှစ်ဖြာ  ရွှင်လန်းချမ်းမြေ့ပြီး  ဘဝအမောတွေ  ပြေနိုင်ကြပါစေ။


စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်း

Friday, 2 March 2012

သိထားဖို့ကောင်းတဲ့ စာသားများ

Health:
ကျန်းမာရေး


1. Drink plenty of water.
၁။ ရေများများသောက်ပါ။

2. Eat breakfast like a king, lunch like a prince and dinner like a beggar.

၂။ နံနက်စာကို ဘုရင်လိုစားပါ။ နေ့လယ်စာကို မင်းသားလိုစားပါ။ ညစာကို သူတောင်းစားလိုစားပါ။
 

3. Eat more foods that grow on trees and plants and eat less food that is manufactured in plants.
၃။ အပင်က ရတဲ့ သဘာဝ သစ်သီးကို များများစားပါ။ အပင်ကထုတ်တဲ့ အစားအစာကို နည်းနည်းစားပါ။

4. Live with the 3 E's – Energy, Enthusiasm, and Empathy.
၎။ E သုံးလုံးကို ဆောင်ပါ။ Energy ထကြွလုံ့လရှိပါ။ Enthusiasm စိတ်အားထက်သန်မှုရှိပါ။ Empathy စာနာပါ။.
 

5. Make time to practice meditation, yoga, and prayer.
၅။ တရားထိုင်ဖို့၊ ယောဂကျင့်ဖို့၊ ဆုတောင်းဖို့ အချိန်ပေးပါ။

Thursday, 7 July 2011

စိတ်ငြိမ်းချမ်းမှုရရှိဖို့ အခြေခံအချက်များ

(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။ ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆) သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။

(၈) ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

(၉) စိတ်မတွေဝေပါနဲ့။

တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။

(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။

စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။

www.funzug.com မှဘာသာပြန်သည်။


Friday, 24 June 2011

မိုးကုတ်ဆရာတော်၏ စကား

လောကဇာတ်ခုံ ဤလူ့ ဘုံဝယ်   
           မျိုးစုံကကြ မာန်မာနနှင့် ငါကရာဇာ ငါဟာသူဌေး ငါပဂေးဟု  
        ငါသွေးတတ်ကြွ
လူဗာလတို့ များလှဖြာဖြာအဝိဇ္ဇာနှင့် 
   တဏှာဘီလူး အမှောင့်ပူး၍   ကျူးကျူးကျော်ကျော် ဂုဏ်ကိုဖော်လျှက်
  မော်မော်မောက်မောက်
 ငါတယောက်သာ မိုးအောက်တလွှား ရှေ့ကိုယ်လားဟု 
 ထင်မှားမလွဲ  သို့စဉ်စွဲလည်း
    ဇာတ်ပွဲပြီးက ပြေဖုံးချသော်   သုဘရာဇာ
 မြေအောက်မှာပင် 
 ဘာသာလူမျိုး  ချိန်မထိုးပဲ   ပုတ်သိုးခန္ဓာ  မြုတ်ရရှာသည် 
   ဘယ်မှာ ငါဟု ရှိအံ့နည်း။  


(မိုးကုတ်ဆရာတော်)



မေတ္တာဖြင့်
အလွမ်းမြို့

Thursday, 16 June 2011

မှတ်သားကြိုက်နှစ်သက်မိသော

ကိလေသာကုန်ခမ်းစေရန် ကျင့်ကြံနေသူရဟန်းများအား သံဃာတော်ဟု သတ်မှတ်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုများ အချိန်ပြည့်ပြုလုပ်ပြီး ဘုန်းကြီးနေသူ ရဟန်းတော်များကို ဘုန်းကြီးဟု ခေါ်ဆိုနိုင်ကြပါသည်။ သို့တည်းမဟုတ် သင်္ကန်းအဆောင်အယောင်သာရှိပြီး၊ လူ့အကျင့် လူ့အပြုအမူ ပြုနေသူများကို ရိုးရိုးရဟန်းအဖြစ်သာ သတ်မှတ်နိုင်ပါသည်။

ရဟန်းနှင့်လူ အတူတူဆိုလျှင်…
လူတွင် လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းရှိသကဲ့သို့၊ ရဟန်းတော်များတွင်လည်း ရဟန်းဝိနည်း၊ ရဟန်းစည်းကမ်းဟူ၍ ရှိပါသည်။ လူနှင့်မတူ မြင့်မြတ်သောအကျင့်သိက္ခာနှင့် ဝိနည်းပေါင်း ၂၂၇သွယ်ကို စောင့်ထိန်းနိုင်သောကြောင့် လူအများ၏ အရိုအသေပေးခြင်း၊ ကြည်ညိုခြင်း၊ ရှိခိုးပူဇော်ခြင်းကို ခံယူထိုက်သူများ ဖြစ်နေကြပါသည်။ ထိုသို့မဟုတ်ဘဲ လူ့အကျင့် လူ့အပြုအမူအတိုင်း ကျင့်သုံးနေမည်ဆိုပါက လူလူချင်း အရိုအသေပေးစရာအကြောင်း မရှိတော့ပေ။ လူအများ၏ စားဦးစားဖျား၊ အမွန်အမြတ်ထားဖွယ်ရာ ပစ္စည်းလေးပါးကို အလှူခံထိုက်သူများ ပီသအောင် ကျင့်ကြံအားထုတ် နေထိုင်နိုင်မှသာ သံသရာအကြွေးရှင်းနိုင်သူ၊ သံသရာစာရင်း ပြတ်နိုင်သူအဖြစ် နတ်၊လူ သာဓု ခေါ်ဆိုနိုင်ပါမည်။

အမှားသိ၍ အမှန်သို့ ပြင်နိုင်ကြပါစေ။

မိမိ၏အမှားကို အမှန်အတိုင်းဝန်ခံပြီး၊ နောက်ထပ်မမှားအောင် အမှန်သို့ပြုပြင်ခြင်း၊ ယခင်အမှားမျိုးထပ်မံ မကျူးလွန်အောင် ရှောင်ကျဉ်နိုင်ခြင်းသည် သူတော်ကောင်းတဦး၏ အပြုအမူများဖြစ်ပါသည်။ မှားခြင်းကို မှားမှန်းသိပါလျက် ဆင်ခြင်အမျိုးမျိုးနှင့် မမှားလေသယောင်ယောင်၊ အပြစ်မကျူးလွန်သယောင်ယောင်၊ မျက်နှာပြောင်တိုက်ပြီး ဆက်လက်မှားနေဦးမည်ဆိုပါက မည်သူမပြု မိမိမှုဆိုသကဲ့၊ မိမိပြုသမျှကံတရား၏ ကောင်းခြင်း ဆိုးခြင်းကို မိမိသာလျှင် ပြန်လည်ခံစားရမည် ဖြစ်ပါသည်။ ။

ဒီမှတ်သားစရာ စာသားများ ကျွန်မကြိုက်နှစ်သက်လို့ ဒီ (http://universaltruthplace.blogspot.com/)  ဘလော့မှ ပြန်လည်ကူးယူဖော်ပြထားပါတယ်။စာဖတ်သူများ ပျော်ရွှင်ချမ်းမြေ့ပါစေ။

မေတ္တာဖြင့်
အလွမ်းမြို့

ကျွန်မအကြိုက် စာစုများ

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင်
စင်ကြယ်ရမည်။
(ဓမ္မဘေရီ အရှင်ဝီရိယ)

သူတစ်ဖက်သား မျက်မာန်ပွားသော်
တရားမကွာ ထိန်းစောင့်ကာဖြင့်
မေတ္တာနှလုံး ကိုယ်ကသုံးလျှင်
အရှုံးဘယ်မှာ ရှိချိမ့်နည်း။
(မင်းကွန်းဆရာတော်ကြီး)
-------------------------------
အတိတ်ကိုတွေး မဆွေးလေနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂါတ်မှန်းဆ မလွမ်းတနဲ့
အနာဂါတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
--------------------------------------------
လူ့ဘ၀၏ အဓိပ္ပါယ်ဟူသည်
ကောင်းကောင်းစား၍
ကောင်းကောင်းဝတ်ခြင်းမဟုတ်။
ငြိမ်းချမ်းစွာနေခြင်းသာဖြစ်၏။
သူတော်စင်တို့သည်
ဘ၀အဓိပ္ပါယ်ကို
ငြိမ်းချမ်းစွာနေခြင်းဖြင့်
သက်သေပြခဲ့ကြ၏။
(ဆရာကြီးဦးရွှေအောင်)
---------------------------------

သူတော်ကောင်းအဓိပ္ပါယ်

သူတော်ကောင်းဆိုတာ
သူတော်လာအောင် 
ကိုယ်ကကောင်းပေးရတာပဲ 
သူတော်မှကိုယ်ကောင်းမယ်ဆိုရင် 
ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ 
သူတော်တော်မတော်တော် ကိုယ်ကတော်ရမယ်၊ 
သူကောင်းကောင်း မကောင်းကောင်း 
ကိုယ်ကကောင်းရမယ်၊
ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
-----------------------------------

မြတ်ဗုဒ္ဓဩ၀ါဒ

ကိုယ်လုပ်လိုက်တဲ့
အလုပ်ဟာ
ပြန်တွေးလိုက်တိုင်း
ကောင်းကျိုးဖြစ်စေမယ်
နောင်တ မရစေဘူးဆိုရင်
ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။
---------------------------------------

အဓိက.က ကိုယ်ပါပဲ

စေတနာဆိုးနှင့်
ရင်ဆိုင်တိုးသော်လည်း
မိမိဘက်က
နှလုံးသွင်းကောင်းလျှင်
ကုသိုလ်စိတ် ဖြစ်၏ ။

...စေတနာကောင်းနှင့်
အကြောင်းဆုံသည့်တိုင်
မိမိဘက်က
နှလုံးသွင်းညံ့လျှင်
အကုသိုလ်စိတ် ဖြစ်၏ ။
ကုသိုလ်-အကုသိုလ် ဟူသည်
သူတစ်ပါး ပေးသည်မဟုတ် ။
မိမိကသာ ယူသူဖြစ်ပါ၏ ။

 တောရပျော် မလေးငြိမ်၏ အဆိုအမိန့်။။။
 ကျွန်မအကြိုက်လေးမို့ ပြန်လည်ကူးယူမျှဝေ ပေးလိုက်တာပါ။
--------------------------------------------
သတိပျောက်တော့ ရူးတူးတူး
-သဒ္ဓါပျောက်တော့ ခြောက်ကပ်ကပ်
-၀ိရိယပျောက်တော့ ငတ်တတ်တတ်
-ပညာပျောက်တော့ အ,တတ။
(တိပိဋကယောဆရာတော်)
-------------------------------------
ကုသိုလ်၊ ပညာ၊ ဥစ္စာ၊
တန်ခိုး တစ်မျိုးမျိုးမှ၊
အကျိုးမထွက်၊ ထိုနေ့တွက်၊
သက်သက်ဝမ်း နည်းဖွယ်။
(မဟာဂန္ဓာရုံဆရာတော်)
-------------------------------------
ချစ်ခြင်းမုန်းခြင်း နှလုံးသွင်းမှာ၊
အချစ်များက အပြစ်များ၍၊ အမုန်းများက အရှုံးပွား၏။ 
ချစ်ခြင်းမုန်းခြင်း
ရှောင်ကြဉ်ကင်း၍မေတ္တာနှလုံး 
ကျင့်ကာသုံးသည့် 
အဖြူစင်ဆုံး ဤကျင့်ထုံးကား၊ 
အပြစ်လည်းကင်း အရှုံးကင်းမည့်၊ 
မချစ်မမုန်း 
အကောင်းဆုံးတည်း
-----------------------------------------
ဘာသာရေး ဘလော့ဂါ ဝက်ဆိုက်များမှ ပြန်လည်ကူးယူတင်ပြထားပါသည်။

ဆန္ဒနှင့်ဘဝ တစ်ထပ်တည်းကျပြီး ပျော်ရွှင်နိုင်ကြပါစေ။
မေတ္တာဖြင့်
အလွမ်းမြို့

Tuesday, 19 April 2011

စာစုလေးတချို့ (နှစ်သက်မိတဲ့)

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။


(၁) ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ.... လူ့ဘဝဆိုတာ တိုတောင်းလွန်းတယ်။ကိုယ့်ဘေးကလူတွေကို ကောင်းကောင်းဆက်ဆံပါ... နောင်ဘဝဆိုတာရှိရင်လဲ သူတို့နဲ့ကိုယ် ဆုံချင်မှဆုံလိမ့်မယ်။

(၂) လျှို့ဝှက်ချက်တစ်ခုကို ထိန်းထားတာဟာ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်တာထက် ပိုတန်ဖိုးရှိတယ်လို့ သင်သိတဲ့အချိန် သင်ရင့်ကျက်ပြီ။

(၃) လူတစ်ယောက်ရဲ့ အတွေးအကြံကို ယူသုံးတာဟာ ခိုးတာတဲ့။
လူအများရဲ့ အတွေးအကြံကို ယူသုံးတာက သုတေသနပြုတာဖြစ်တယ်။

(၄) အိမ်ထောင်ရေးအခက်အခဲဆိုတာ တစ်ဘက်သားရဲ့ကောင်းကွက်နဲ့ ကျွန်တော်တို့ ချစ်သူရည်းစားဖြစ်နေပြီး တစ်ဘက်သားနဲ့ဆိုးကွက်နဲ့ အတူနေရခြင်းဖြစ်တယ်။

(၅) ခရီးသွားခြင်းဆိုတာ ကိုယ်ငြီးငွေ့တဲ့နေရာကိုခွာပြီး တခြားလူငြီးငွေ့တဲ့နေရာကို သွားတာဖြစ်တယ်။

(၆) တခြားလူနဲ့ ပြဿနာတစ်ခုခုတက်ရင် ကိုယ့်ကိုယ်ကို အရင်ဆန်းစစ်ပါ။ ဝမ်းချုပ်တိုင်း ကမ္ဘာကြီးဆွဲအား မကောင်းဘူးလို့ မထင်ပါနဲ့။

(၇) လူ့ဘဝရဲ့အရက်စက်ဆုံးဆိုတာ တစ်ကြိမ်တစ်ခါပဲ နုပျိုခွင့်ရတာပါပဲ။

(၈) လူတချို့က ကိုယ့်ဘေးပတ်ဝန်းကျင်ကလူတွေနဲ့တောင် မရင်းနှီးဘဲ ကမ္ဘာ့အပြင်ဘက်မှာ တခြားဂြိုလ်သား ရှိမရှိဆိုတာကို စိတ်ဝင်စားကြတယ်။

(၉) လွမ်းဆွတ်ခြင်းတချို့က တစ်ခါတလေမှာ သိုဝှက်ထားရတယ်။ စွန့်လည်းမစွန့်ရက် ရင်အနက်ရှိုင်းဆုံးမှာသိုဝှက်ပြီး လူသိလည်း မခံချင်ခဲ့ဘူး။

(၁ဝ) အချစ်ကြောင့်ရတဲ့ နာကျင်ခြင်းက တဖြည်းဖြည်း မေ့သွားနိုင်တဲ့အရာဖြစ်တယ်။ တကယ်လို့ မမေ့ဘဲ ရင်ထဲတနုံ့နုံ့ခံစားနေရင် အဲဒီနာကျင်ခြင်းက ကုသလို့မပျောက်နိုင်တဲ့ ဒဏ်ရာဖြစ်သွားတတ်တယ်။

(၁၁) ကလဲ့စားချေတယ်ဆိုတာ တဘက်သားကို နစ်နာအောင်လုပ်တာ မဟုတ်သလို ကိုယ့်ကိုယ်ကို နစ်နာအောင် လုပ်တာလဲမဟုတ်ဘူး။ သူ့ထက်ပိုပျော်ရွှင်အောင် ရှင်သန်တာပဲဖြစ်တယ်။

(၁၂) ချစ်ခြင်းမေတ္တာဆိုတာ တန်ဖိုးရှိတဲ့အရာပါ။ ဒီတန်ဖိုးရှိတဲ့အရာကို ပိုင်ဆိုင်နိုင်ဖို့ လူတိုင်းမှာ အခွင့်အရေးရှိတယ်။

မှတ်ချက်။(နိုင်နိုင်းစနေ)ဘလော့မှ ပြန်လည်ကူးယူဖော်ပြသည်။ ထို့ကြောင့် (နိုင်နိုင်းစနေ)ကိုလည်း ကျေးဇူး တင်ပါသည်။ 

အလွမ်း

Tuesday, 19 October 2010

သိသင့်သိထိုက်သော

၁။ ကတိ အပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။


၃။ မိတ်ကောင်း ဆွေကောင်း ထားရှိပါ။


၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။


၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။


၆။ မိမိ၏ ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစေ။


၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။


၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။


၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။


၁၀။ လျှို့ ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

Wednesday, 15 September 2010

ပြန်လည်တွေးတောသင့်သောရိုးရှင်းသောစကားလုံးများ

၁။                     ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။                    မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကို မေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။
၃။                  မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရ ဖြစ်စေတယ်။
၎။     သူ့အတွက်နဲ့ မျက်ရည်မကျသင့်ဘူး။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့ မျက်ရည်ကျတော့မယ်ဆိုရင် သူကသင့်ရဲ့ မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ဘူး။
 
၅။          ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက် ဖြစ်တယ်။ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကား တွေပါပဲ။
၆။                   ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေ သလိုပဲ ဘယ်လိုရှာရှာ မတွေ့ဘူး။ဒါပေမဲ့ မေ့သွားတဲ့ အချိန်မှာပြန်တွေ့ သလိုပေါ့။ ပျော်ရွှင်မှုဟာသင့်နံဘေးမှာပါ။
၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ၅၃၀℃ဖြစ်တယ်။ အပြင်လောကရဲ့ အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။
 
၈။    ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလို လုပ်လို့မရဘူး။
၉။      လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီး စာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင် မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာ အာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။  
၁၀။               ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။  ငါးလေးက ရေထဲမှာနေလို့ပါ။ ရေကပြောတယ် ငါးရဲ့မျက်ရည်ကိုရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။