Thursday 19 August 2010

အဒေါ်အမှတ်တရ

           "သီလရှင်ဝတ်နဲ့မြင်တွေရတဲ့ကျွန်တော့်အဒေါ်"

                  သူဟာ ကျွန်တော့် အဒေါ် အဖေ့ရဲ့အမကြီးဆုံး (ကြီးကြီး)ပါ။ အသက်အရွယ်တွေ ကြီးလာပြီ။ မြန်မာပြည်က လူကြီးတွေဆိုတော့ ရိပ်သာဝင် တရားကျင့် ဒါလေးဘဲ လုပ်ချင်ကြတော့ တာလေ။ ဒီတော့ ကျွန်တော်တို့ သားသမီး တွေဘက်က တတ်နိုင်တာလေးကို ဝိုင်းဝန်းဖြည့်ဆည်း ဆောင်ရွက်ပေးရင်း သူတို့ဆန္ဒပြည့်ဝ ကိုယ်လည်း ကုသိုလ်ရ အောင်ယူကြ ရတာပေါ့။ ကျွန်တော် နိုင်တဲ့ဝန်လေးနဲ့ ကုသိုလ်တစ်ခု ပြုခဲ့ပြန်ပြီ။ အဒေါ် (၁၀)ရက် လောက်သာ သီလရှင်ဝတ်ပေမဲ့ တရားစခန်းပွဲတွေရှိတိုင်း  တရားစခန်း ဝင်တတ်တော့ ကျွန်တော်လည်း ကူညီဘို့ အခွင့်သင့်လာတယ်။ ကျွန်တော် ကျေနပ်မိတယ်။

                         ကျွန်တော့် အဒေါ်ကို ကျွန်တော် အရမ်း ချစ်ပါတယ်။ သူမဟာ တစ်ချိန်တုန်းက ကျွန်တော်တို့ အတူနေခဲ့စဉ် ကျွန်တော့် အမေဖြစ်သလို ကျွန်တော့်  သူငယ်ချင်းကောင်း တယောက် ဆိုလည်း မမှားပါဘူး။ သူငယ်ချင်းတယောက်လို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး  မိခင် တယောက်လို ကျွန်တော့်ကို သူစောက်ရှောက် ခဲ့တာပါ။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလိုဘဲ ကျွန်တော်လည်း သူ့ကို အရမ်းချစ်တယ်။ ကျွန်တော်တို့ ၂ယောက် အတူတူ ငိုခဲ့ကြတာတွေ  အတူတူ ပျော်ခဲ့ကြတာတွေ  ဆိုးတိုင်ပင် ကောင်းတိုင်ပင်နဲ့ နေခဲ့ကြတာတွေကို တကယ်လွမ်းမိပါတယ်။ ခုဆို ကျွန်တော်သူ့ကို မတွေ့ရတာ ၁၀ နှစ်ကျော်သွားပေမဲ့ ကျွန်တော့် ရင်ထဲမှာတော့ အရာရာတိုင်းဟာ မနေ့ကလိုပါဘဲ။ အဒေါ် နေကောင်း ကျန်းမာပါစေလို့ ကျွန်တော် နေ့စဉ် ဆုတောင်းပေး ပါတယ်။ကျွန်တော် အရမ်းချစ်တဲ့ အဒေါ်နဲ့လည်း ပြန်ဆုံခွင့် ရချင်ပါသေးတယ်။ ဆုံနိုင်မယ် လို့မျှော်လင့်ရင်း.....

ကျွန်တော့် အဒေါ် သီလရှင် ဝတ်စုံလေးနဲ့ အမှတ်တရ ပုံပါ။




အဒေါ်ကိုချစ်တဲ့
အလွမ်းမြို့လေး

No comments: