အဖေ့အတွက် ကျွန်တော်လက်ဆောင်
အဖေ။
အဝေးမြေကနေ ကျွန်တော် အဖေ့ကို ဂါရဝ ပြုလိုက်ပါတယ်ဗျာ။ ကျွန်တော့်ကို စိတ်ဓါတ်မှန်ရဘို့ အမြဲဆိုဆုံးမ ခဲ့တာတွေ ကျွန်တော် မမေ့ပါဘူး အဖေ။
လောကကြီးထဲ ကျွန်တော့်ဘဝကို ကြိုးစားဖြတ်သန်း ခဲ့ရတဲ့နောက် အဖေ့စေတနာ စကားလေးကို ရင်မှာသိုထား အမေ့ ဆုံးမသွန်သင်ခဲ့တဲ့ စကားတွေနဲ့ ကျွန်တော် ခွန်အားတွေပြည့်ရင်း အဖေ့တူ လူတယောက် ဖြစ်နိုင်အောင် ကြိုးစားနေတယ်အဖေ။
ကျွန်တော့်ကို လောကကြီးထဲ ရောက်အောင် ပို့ဆောင်ပေးတဲ့ အဖေ နဲ့ အမေ ပေးခဲ့တဲ့ လက်လေးတွေဟာ အဖေ ဖြစ်စေချင်တဲ့ (စာနာကူညီတတ်တဲ့လက်တစ်စုံ) ဘဝနဲ့လောကကြီးမှာ ကျွန်တော် ရပ်တည် နေခွင့်ရပါပြီ အဖေ။
အဖေ့ သွေးတွေ အပြည့်နဲ့ ကျွန်တော့် စိတ်ဓါတ်ကို အရောင်မြှင့်တင် ပေးခဲ့တာ ကျေးဇူးတင်တယ် အဖေ။
အဖေ့အတွက် ကျွန်တော့် ရင်ထဲက စကား
မသိတတ်စဉ်
ကလေးဘဝအရွယ်မှာ
ကလေးဘဝအရွယ်မှာ
အဖေရိုက်နှက် ဆုံးမခဲ့တာ
နားလည်မှုလွှဲ အတွေးမှားနဲ့
အဖေ့နဲ့ဝေးရာ ထွက်ခွာလာနောက်
ဘဝခရီးကြမ်းတမ်းရင်ဆိုင်ကြုံတွေ အဖေ့စေတနာ
ဆုံးမရိုက်နှက် အဘယ်ကြောင့်ဆို
ကျွန်တော်နားလည်
စာနာတတ်ခဲ့
စာနာတတ်ခဲ့
အဝေးမြေမှ အဖေ့ကိုလေ
တမ်းတမျှော်မှန်း လက်စုံမိုးရင်း
ရှေခိုးကန်တော့ တောင်းပန်လိုက်တယ် အဖေ။
အဖေပျော်ရွှင်ပါစေ။
အဖေပျော်ရွှင်ပါစေ။
အဖေ့ကိုချစ်တဲ့
အလွမ်းမြို့လေး
No comments:
Post a Comment