သူဆိုတာက တစ်ခြားလူ မဟုတ်ပါဘူး။ တစ်ချိန်က ကျွန်တော်တို့ ဘဝလမ်းတွေ ကိုယ်စီလျှောက်ကြရင်း မထင်မှတ်တဲ့ တစ်နေရာမှာ ခင်မင်ကြရင်း (ညီအစ်မ) ရင်းတွေလို သံယောဇဉ် ငြိတွယ်မိသူ တစ်ဦးဘဲ။ ကျွန်တော်လေ လောကဓံရဲ့ ရိုက်ချက်ပြင်းပြင်း ကြားမှာ ရုန်းကန်လူးလွန့်နေရင်း ဘဝကိုအရှုံးပေးပြီး လာရာလမ်းကို ပြန်ဘို့ အရာရာတိုင်းကို ကြောက်စိတ် အားငယ်စိတ်များနဲ့ ရင်ဆိုင်ရချိန်မှာ သူစကားတွေဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။ အမှောင်လမ်းတွေ လျှောက်ခဲ့မိရင်း ကျွန်တော် ဖြစ်ချင်တာတွေ မဖြစ်လာ မဖြစ်ချင်တာတွေ ဖြစ်လာခဲ့ပြီး ဘဝကိုဆက်ပြီး ရင်ဆိုင်ချင်စိတ် မရှိတော့လို့ ငိုယိုနေချိန်မှာ သူဟာ ကျွန်တော့်အတွက် မီးအိမ်တစ်လုံးဖြစ်ခဲ့တယ်။
ကျွန်တော်သူကို ကျေးဇူးတင်နေမိတယ်။ တစ်နေရာတည်းမှာ ခင်မင်ခဲ့ကြပေမဲ့ သူရဲ့ စာနာကူညီတတ်တဲ့ နှလုံးသားနဲ့ ကျွန်တော့်အပေါ် နားလည်မှုတွေပေးရင်း သူကာကွယ် ခဲ့တယ်။ နောက်ပြီး သူမှာရှိတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ စိတ်ဓါတ်တွေကို ကျွန်တော်ကြည့်ပြီး အားကျလာမိခဲ့သလို ကျွန်တော်သူ့လို အရမ်းဖြစ်ချင် လာခဲ့တယ်။ သူဟာ ဘဝကိုသတ္တိ ရှိရှိရင်ဆိုင်ရဲတယ်။ ပြတ်သားတယ်။ တိကျတယ်။ ကျွန်တော်သူကို အရမ်းအားကျမိတယ်။ လေးစားမိတယ်။ မိဘအပေါ် သိတတ်ပြီး မောင်နှမ အပေါ်လွန်စွာ ချစ်တတ်သူ တယောက်လည်းဖြစ်တယ်။
တစ်ချိန်က သူဆုံးမခဲ့တဲ့ (Life Must Going On) ဆိုတဲ့ စကားလေး တစ်ခွန်းကြောင့် ကျွန်တော် အရာရာကို အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင်ခဲ့တယ်။ ကြိုးစားခဲ့တယ်။ ခုကျွန်တော် ပျော်နေတာကို သူမြင်တော့ သူလည်းပျော်တယ်။ တယောက် တစ်နေရာစီ ဝေးကွာသွားကြပေမဲ့ သူဟာကျွန်တော့် ရင်ထဲက အကောင်းဆုံး မိတ်ဆွေကောင်း တစ်ဦးပါဘဲ။ ခုချိန်ထိ ကျွန်တော်ကို မြင်တိုင်း သူဆုံးမတဲ့ စကားလေးက (မိဘတွေအပေါ် ) နားလည်ပြီး မိဘကျေးဇူး မမေ့ဘဲ မိဘကျေးဇူး သိတတ်ဘို့ပါဘဲ။
ဒီစာလေးကို ကျွန်တော် ရည်ရွယ်သူ (M.P.L.Z) တစ်ယောက် ဖတ်မိချိန်မှာ ကျွန်တော်အပေါ် ညီအစ်မတယောက် လိုချစ်ခဲ့တာရယ် ကျွန်တော့်ကို ဆိုဆုံးမသွန်သင်ခဲ့တာတွေကို ကျွန်တော် ထာဝရ ကျေးဇူးတင်ကြောင်း သိစေလိုပါတယ်။
ချစ်ခြင်းများစွာဖြင့်
အလွမ်းမြို့လေး
No comments:
Post a Comment