Friday 3 September 2010

လက်များစွာကိုမျှော်လင့်လျှက်






စစ်ကိုင်းချောင်မှ ဦးဇင်းဦးကောဝိဒ ဦးစီးပြီး လွန်ခဲ့သော (၂၃.၀၈.၂၀၁၀) ရက်နေ့မှာ မြရတနာရွာမှ ခလေးငယ်များကို ကိုရင်ဝတ်ပေး ခဲ့ပါတယ်။ကျွန်တော်တို့အွန်လိုင်း မောင်နှမများ စေတနာဖြင့် ကိုရင်ဝတ်ချင်သော ခလေးငယ်များကို ကိုရင်ဝတ်ပေးလိုက်ပါတယ်။ အစပိုင်းတွင် ကျွန်တော်တို့ အွန်လိုင်းမောင်နှမများမှ ကိုရင်ဝတ်ပေး တာကိုဘဲ တာဝန်ယူကြမယ်ဆိုပြီး စီစဉ်ခဲ့ပါတယ်။ သို့သော် ယခုအခါတွင် ကိုရင်လေးများ ကျောင်းတွင်ပျော်ပြီး စာသင်ကျောင်းသို့ သွားရန်လိုအပ်လာပါသည်။ ကျွန်တော် မရှက်မကြောက် စေတနာ အလှူရှင်များကို ဖိတ်ခေါ်ချင်ပါသည်။ ကိုရင်လေးများ၏ လစဉ်ကျောင်းစရိတ် များကိုမိမိစေတနာ ရှိသလိုပါဝင် ကူညီလှူဒါန်း လို့ရပါသည်။ တစ်ကျပ်တစ်ပြားဖြင့် မိမိတတ်အား သလောက် ပါဝင်လှူဒါန်ကြပါလို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ အလှူငွေများကို အနည်းအများ မသတ်မှတ်ထားပါဘူး။မိမိ၏ စေတနာပေါ်တွင်သာ  မူတည်ပါတယ်။


ယခုလ စက်တင်ဘာလမှစပြီး ဒီဇင်ဘာလအထိ (၁)လ (၁)သောင်းကျပ်ဖြင့် ကျွန်တော်တို့ပေးလှူမှာ ဖြစ်ပါတယ်။
(၁) ကိုမြတ်စိုးအေး          
(၂) နိုင်းနိုင်း                   
(၃)အလွမ်းမြို့လေး
ခုလက်ရှိ ကျွန်တော့်တို့ အလှူရှင်(၃) ဦးရှိပါတယ်။

ပါဝင်လှူဒါန်းလိုသော ညီအစ်ကို /မောင်နှမများ
ဦးဇင်းဦးကောဝိဒ  kovida9@gmail သို့တိုက်ရိုက်ဖြစ်စေ
ကိုဇော်  http://www.zaw357.net/ မလေးရှား သို့ဖြစ်စေ
ကျွန်တော့်ထံ alwanmyolay@gmail.com သို့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

အားလုံးသော စေတနာလက်များကို မျှော်လင့်လျှက်
မေတ္တာဖြင့်
အလွမ်းမြို့လေး
                 

No comments: