Wednesday 15 September 2010

ပြန်လည်တွေးတောသင့်သောရိုးရှင်းသောစကားလုံးများ

၁။                     ဆုံးရှုံးသွားတဲ့အချိန်မှ မိမိပိုင်ဆိုင်ခဲ့တာကို သိတယ်။

၂။                    မှတ်သားသင့်တာကိုမှတ်သားပြီး မေ့သင့်တာကို မေ့ရမယ်။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပြီး မပြောင်းလဲနိုင်တာကို သင်လက်ခံနိုင်ရမယ်။
၃။                  မျက်ရည်စက်တွေဟာ ၀မ်းနည်းမှုကို မှတ်မှတ်ရရ ဖြစ်စေတယ်။
၎။     သူ့အတွက်နဲ့ မျက်ရည်မကျသင့်ဘူး။ သူသင့်ကိုချစ်တာမှန်ရင် သူ့အတွက်နဲ့ မျက်ရည်ကျတော့မယ်ဆိုရင် သူကသင့်ရဲ့ မျက်ရည်ကို ကျခွင့်ပေးမှာမဟုတ်ဘူး။
 
၅။          ကြည်နူးနေတဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းလေးဟာ နွေးထွေးတဲ့ အနမ်းတွေအတွက် ဖြစ်တယ်။ရန်ဖြစ်တဲ့ ချစ်သူတွေရဲ့ နှုတ်ခမ်းကနေ ထွက်လာတာကတော့ တယောက်ကို တယောက်နာကျင်စေတဲ့ စကား တွေပါပဲ။
၆။                   ပျော်ရွှင်မှုဆိုတာ တစ်ခုခုပျောက်သွားလို့ လိုက်ရှာနေ သလိုပဲ ဘယ်လိုရှာရှာ မတွေ့ဘူး။ဒါပေမဲ့ မေ့သွားတဲ့ အချိန်မှာပြန်တွေ့ သလိုပေါ့။ ပျော်ရွှင်မှုဟာသင့်နံဘေးမှာပါ။
၇။ မျက်ရည်စက်ရဲ့ အပူချိန်ဟာ၅၃၀℃ဖြစ်တယ်။ အပြင်လောကရဲ့ အေးစက်မှုကြောင့် မျက်ရည်စက်ကျချိန်မှာ ၅၃℃ သာကျန်တော့တယ်။
 
၈။    ချစ်ခြင်းနဲ့ အလိုလိုက်ခြင်းဟာ မတူပါဘူး။ အလိုလိုက်ရင် ဘာမှမပြောလဲရတယ်။ ဒါပေမဲ့ အချစ်မှာ အဲလို လုပ်လို့မရဘူး။
၉။      လူ့ဘ၀မှာ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးဆိုပြီး စာမေးပွဲကြီးလေးခုမှာ ပျမ်းမျှအောင် မှသာ အောင်မြင်မှာပါ။ တစ်ခုထဲမှာ အာရုံစူးစိုက်နေလို့လဲ ဒီလူ့ဘ၀ မှာ အောင်မြင်မှာမဟုတ်ပါဘူး။  
၁၀။               ငါးလေးကပြောတယ် သင်ငါ့ရဲ့မျက်ဝန်းထဲက မျက်ရည်တွေကို တွေရမှာမဟုတ်ဘူး။  ငါးလေးက ရေထဲမှာနေလို့ပါ။ ရေကပြောတယ် ငါးရဲ့မျက်ရည်ကိုရေကခံစားရတယ်တဲ့ ငါးလေးကရေရဲ့ ရင်ထဲမှာရှိလို့တဲ့။

၁၁။                လူ့ဘ၀ဆိုတာ လှပတဲ့ ပန်းလေးအသွင်နဲ့ သင့်ဘေးမှာ ရှိတဲ့သူတွေကို မွေးရနံ့နဲ့ သင်းစေရမယ်။
 
၁၂။               တစ်မိနစ်အတွင်းမှာ လူတစ်ယောက်ကို သိနိုင်တယ်။ တစ်နာရီအတွင်း လူတစ်ယောက်ကို    နှစ်သက်နိုင်တယ်။ တစ်ရက် အတွင်းမှာ သင်သူ့ကို ချစ်နိုင်တယ်။ဒါပေမဲ့ တသက်လုံး အချိန်တွေ ကုန်သွားပေမဲ့ သင်သူ့ကို မေ့နိုင်မှာမဟုတ်ဘူး။
၁၃။                  သင်ဦးတည်ရာရှိနေရင် သင်ဟာဘယ်နေရာ ရောက်နေတယ် ဆိုတာအရေးမကြီးပါဘူး။
 
၁၄။                     ဘယ်အရာမဆို အဘက်ဘက်သော ရှုထောင့်မှ ကြည့်ရတယ်။
 
၁၅။                      ဘ၀ခရီးလမ်းဆိုတာ ယုံကြည်ချက်ရှိတဲ့သူအတွက် ခင်းထားပေးပါတယ်။
၁၆။                 ပျော်ရွှင်မှုကို ဝေမျှလိုက်ရင် ပျော်ရွှင်မှုဟာ နှစ်ဆပါ။
 
၁၇။                 အမြင့်ဆုံးကိုမှန်း အကောင်းဆုံးကိုကြိုးစားပြီး အဆိုးဆုံး အတွက်ပြင်ဆင်ထားပါ။
၁၈။               လုပ်ချင်တဲ့အလုပ်ကို အချိန်နဲ့အခွင့်အရေး ကိုရှာပါ။ မလုပ်ချင်တဲ့ အလုပ်အတွက် ဆင်ခြေကိုတော့ ရှာပါ။
၁၉။                သိရက်နဲ့ ရူးမူးနေတာ အရက်အပြင် အချစ်ပါ။
 
၂၀။          ငါတို့တွေ အခွင့်အရေးမရှိတာမဟုတ်ဘူး။ အခွင့်အရေးက မျက်စိရှေ့မှာပါ။ ပြန်စဖို့ သတ္တိမရှိတာပါ။
၂၁။                     အရသာမရှိတဲ့ ရေကို ငြီးငွေ့တယ်လို့ ဘယ်သူမှ မပြောသလို အေးဆေးငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်သူက ငြီးငွေ့မှာလဲ။
၂၂။                  လိုချင်တဲ့အချစ်ကို မရရင် ရနေတဲ့အချစ်ကို သင်ချစ်မြတ်နိုးပါ။
၂၃။                     အရှေ့ဘက်ကနေထွက်လို့ အနောက်ဘက်ကို နေ၀င်သွားသလို   စိတ်ညစ်လဲတစ်ရက်      ပျော်လဲတစ်ရက်ပေါ့။ တစ်ခုခုကို သင်ရင်ဆိုငိတဲ့အချိန်မှာ သင်ရင်ဆိုင်နိုင်တဲ့ သတ္တိကမျှတ နေမယ်ဆိုရင် သင်လဲပျော်မယ် စိတ်လဲချမ်းသာမယ်။
၂၄။            သင်မြတ်နိုးတက်ရင် သင်ပိုင်ဆိုင်ထားတာက အကောင်းဆုံးပါ သင်အတ္တကြီးနေမယ်ဆိုရင်  သင်ပိုင်ဆိုင်ထားတာ တောင်ဆုံးရှုံးနိုင်ပါတယ်။
၂၅။                  အချစ်မှာလိုအပ်တာ ပွင့်လင်းမှု၊ အချေအတင် ဖြစ်ပြီဆိုရင် ညှိုနှိုင်းရမယ်။ စိတ်တိုတဲ့အချိန်မှာ စိတ်ကိုအေးအေး ထားရမယ်၊ ပျော်ရွှင်တာတွေကို ဝေမျှရမယ်။

*************************************




လူတွေသည်၊ အကြောင်းအကျိုးမသိ၊
  ကျိုးကြောင်းဆင်ခြင် ခြင်းလည်းမရှိ အတ္တစိတ်လည်းများလှ၏။ မည်သို့ဖြစ်စေ၊ မေတ္တာ ထားလိုက်ပါ။

လူတွေသည်၊ ကောင်းသောအမှု သင်မည်မျှပြုသော်လည်းမရိုးမသား ကိုယ်ကျိုးစီးပွားအတွက်ပါဟု စွပ်စွဲကြလိမ့်ဦးမည်။ မည်သို့ဖြစ်စေ၊ ကောင်းသောအမှုကို ပြုမြဲပြုပါ။

သင်အောင်မြင်ပြီဆိုလျှင်၊ သင့်၌မိတ်ဆွေအတုအယောင်များရော၊ ရန်သူစစ်စစ်များပါရရှိလာလိမ့်မည်။ မည်သို့ဖြစ်စေ၊ အောင်မြင်ရန်သာ အားထုတ်ပါ။



ရိုးဖြောင့်ခြင်း၊ ပွင့်လင်းစွာ စကားဆိုခြင်းတို့ကြောင့် သင့်မှာ ထိခိုက်စရာတွေကြုံချင်ကြုံရလိမ့်မည်။ မည်သို့ဖြစ်စေ၊ ရိုးဖြောင့် ပွင့်လင်းစွာသာ ပြောဆိုဆက်ဆံပါ။



သင်ယနေ့ပြုသည့် ကောင်းသောအမှုကို မနက်ဖြန်သူတို့ မေ့လျော့ကောင်း မေ့လျော့ကြလိမ့်မည်။ မည်သို့ဖြစ်စေ၊ ကောင်းသော အမှုကိုပြုမြဲပြုပါ။



အကြီးအကျယ်ဆုံး စိတ်ကူးဥာဏ်ရှိသည့် အမြင့်မားဆုံးပုဂ်ဂိုလ် သည်လည်း
အနုံချာဆုံးစိတ်ထားရှိသည့် အသေးမွှားဆုံး လူထံဝေဖန်ခြင်း ကဲ့ရဲ့ အပုပ်ချခြင်းခံချင်ခံနိုင်သည်။ မည်သို့ဖြစ်စေ၊ ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမားသာစဉ်းစား ကြံစည်ပါ။


လူတွေသည် နိမ့်ပါးသူအောက်လူများကို စေတနာပိုတတ်သည်ဆို သော်လည်း
(လက်တွေ့၌ ) အပေါ်စီးရသူ ထိပ်ဆုံးလူများနောက်သို့သာ လိုက်ပါတတ်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ အချို့သော နိမ့်ပါးသူ အောက်လူတို့ အတွက် ရပ်တည်ပေး တိုက်ပွဲဝင်ပေးပါ။


နှစ်ပေါင်းများစွာ သင်တည်ဆောက်ခဲ့သောအရာသည်
နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်း ခံချင်ခံရလိမ့်မည်။ မည်သို့ဖြစ်စေ၊ တည်ဆောက်စရာ ရှိတာဆက်၍သာ  တည်ဆောက်ပါ။


ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေးလျက်လည်း၊သင့်အား ခါးသည်းနာကျည်းဖွယ် တုံ့ပြန်ကောင်းတုံ့ပြန်လိမ့်မည်။မည်သို့ဖြစ်စေ၊ သင့်မှာ ရှိသည့် အကောင်းဆုံးကိုသာ ပေးမြဲ သင်ပေးပါ။   
  

မှတ်ချက်။
Forwardအီးမေလ်းတစ်စောင်မှ ပြန်လည်ကူးယူဖော်ပြထားတာပါ။ကျွန်တော်ကြိုက်လို့။             
အလွမ်းမြို့လေး    

1 comment:

ကိုဇော် said...

ကောင်းစ်..