Friday 19 November 2010

Player တစ်ခုနှင့်ကျွန်တော်

              ကျွန်တော်ဒီနေ့  ဒီPlayer လေးလုပ်တာ အောင်မြင်သွားလို့ လာလည်သူ မောင်နှမတွေကိုလည်း မျှဝေလိုက်တာပါ။ကျွန်တော်က ကွန်ပျူတာနဲ့ ပတ်သက်ရင် ဘာဆိုဘာမှ မတတ်ပါဘူး။ခေတ်စကားအရ တော်တော်လေး ပိန်းတဲ့ သူတယောက်ပါ။ဒီနေ့ ကျွန်တော်လုပ်လိုက်တဲ့ Player လေးကိုတော့ တတ်သိနားလည်သူများ အဖို့ ကျွန်တော့်စာဟာ ရီစရာလေး ဖြစ်ပေမဲ့ ကျွန်တော်ကတော့ တကယ်ပျော် တယ်။နေ့တိုင်းလုပ်တတ်ချင်လို့ လိုက်ရှာပြီး သူများဘလော့လေး တွေကတင်တာ တွေမြင်တော့ သရေကျ နေရတဲ့ ကျွန်တော် ဒီနေ့တော့ လိုချင်တာလေး ရသွားလို့ပျော်သွားပြီ။ သီချင်းများ လာရောက်ချိန်မှာ နားဆင်ပြီး ပျော်ရွှင်နိုင်ကြပါစေ။


 မေတ္တာဖြင့်
အလွမ်းမြို့လေးမှ ( အိမ်လွမ်းသူ)

2 comments:

ကိုဇော် said...

တော်လိုက်တာ..
လုပ်နည်းလေး မျှဝေ သင်ကြားပါဦး။

မောင်ချစ် said...

ကိုဇော်ရေ။

တော်တာ ဟုတ်ဘူး။ဇွဲကောင်းတာပါ။အဟီး လိုချင်လို့ လိုက်ရှာတာ မောသွားတယ်။ခုတော့ ပျော်သွားပြီ။