အခန်းတံခါးဝမှာရပ်
နေထွက်ရာအရပ်ကိုငေးကြည့်ရင်း
ရှုပ်ပွနေတဲ့ခေါင်းကဆံပင်တွေတစ်ချက်
ငါသပ်တင်လိုက်တယ်။
နောက်တစ်ချက်
အခန်းထဲကိုပြန်ကြည့်
ဘေးဘက်စီယာကပုလင်းရယ်ဗူးခွံ
ပြန့်ကျဲနေတဲ့ ဆေးလိပ်တိုတစ်ချို့နဲ့
ကြေမွနေတဲ့သီချင်းစာရွက်
ဖုန်တွေကထူ
ပင့်ကူမျှင်တွေကကူ
ရှုပ်ပွနေတဲ့အမှောင်ခန်းထဲက
သံစဉ်မဲ့ဂီတာကြိုးပြတ်တစ်လုံးရယ်
အခန်းဝကိုကျောခိုင်း
ကျောပိုးအိတ်ကိုပြင်ဆင်
ခြံခုန်ထွက်တော့မဲ့ မြင်းဟန်နဲ့
ဟန်ချက်ညီအောင်ပြင်နေတုန်း
အပြင်အခန်းဝဆီမှလူတွေရဲ့အော်သံ
တစ်ချို့က အော်ကြတယ်
တစ်ချို့က ပျော်ကြတယ်
တစ်ချို့က ငိုကြတယ်
တစ်ချို့က ရီကြတယ်
အလွှာပေါင်းစုံရဲ့လှုပ်ရှားမှု့
ကာလာပေါင်းစုံရဲ့ရုန်းကန်မှု့
ခလေးတွေရဲ့ငိုကြွေးသံ
လူကြီးတွေရဲ့ငြီးတွားသံတွေကြား
ယိုင်နဲ့နဲ့ခြေလှမ်းဘယ်ဆီကိုလှမ်းရမှန်းမသိ
ရှုပ်ပွနေတဲ့အခန်းရယ်
ညစ်ပတ်နေတဲ့ ခန္ဓာကိုယ်
ဒေါသ မောဟ လောကတွေ ပြည်နက်နေတဲ့
အခန်းအပြင်ကအပူတွေရယ်
ဘယ်ဟာကဘယ်လို
အစီအရီမရှိတော့
ခြေစုံကိုရပ် ကျောပိုးအိတ်ကိုပြန်ချ
စိတ်ဓါတ်တွေတစ်ဖန်ကြွေကျခဲ့ရပြန်ပြီ။
1 comment:
ကောင်းချက် . . . .
သံယောဇဉ် . . .သံယောဇဉ် . . .
Post a Comment