Monday 9 May 2011

အမေများနေ့တွင် အမေများတိုင်းအတွက် အမှတ်တရ

အမေများနေ့ပြီးသွားပေမဲ့ ကမ္ဘာမှာရှိတဲ့ အမေတိုင်းအတွက် ကျွန်မရင်ထဲက သီချင်းလေးတွေနဲ့ အမှတ်တရ နှုတ်ဆက်လိုက်တယ်။ခုလို မိဘတွေနဲ့ အနေဝေးနေရတော့ ရင်ထဲမှာပိုသတိရမိပြီး မိဘမေတ္တာကိုလည်း ပိုမိုနားလည်လာခဲ့ရတယ်။ဒီလိုအမေများနေ့မှာ လူတိုင်းလူတိုင်း မိဘတွေဆီ ဖုန်းဆက်ပြီး အမေတွေကို နှုတ်ဆက်ကြပေမဲ့ ကျွန်မမှာတော့ နှုတ်ဆက်ခွင့်မရခဲ့ပါဘူး။ အမေ အသက်ရှင်လျှက်ရှိသားနဲ့ ကျွန်မအမေ့ကို  နှုတ်ဆက်ခွင့်မရ ဝမ်းနည်းမိပါတယ်။ အမေ့အသံလေး ကြားချင်လို့ တစ်ညလုံးမအိပ်ဘဲ ဖုန်းထိုင်ဆက်ပေမဲ့ (ရှေကဆီးကြို လူကြီးမင်း)နဲ့ဘဲ တွေ့ခဲ့ရတော့ ကျွန်မဘာမှမတတ်နိုင်ခဲ့ပါ။  လူတိုင်းကိုယ်စီ ပန်းစည်းလေးတွေကိုင်ပြီး မိဘတွေအိမ်သွားကြတာမြင်ရတော့ ရင်ထဲမှာ ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရတယ်။ ဆုတောင်းတိုင်းသာ ပြည့်စုံခဲ့မယ်ဆို မိဘတွေနဲ့အမြန်ဆုံး ပြန်လည်အတူနေခွင့် ရချင်မိပါတယ်။ စာဖတ်သူညီအစ်ကို မောင်နှမများလည်း မိဘများရဲ့ စေတနာ မေတ္တာကို နားလည်ခံစားနိုင်ကြပါစေလို့ မေတ္တာပို့လိုက်ပါတယ်။


နောက်တစ်ပုဒ်ကတော့ နန္ဒာ သီဆိုထားတဲ့ အမေ သီချင်းပါဘဲ။ကမ္ဘာမှာရှိတဲ့ မိခင်တိုင်း ကျန်းမာပျော်ရွှင်နိုင် ကြပါစေ။

 



လေးစားစွာဖြင့်

No comments: