Thursday 14 July 2011

အရှင်ဆန္ဒာဓိက၏ တရားများ

 လပြည့်ရက်နီးလို့ ဝါဝင်တော့မှာမို့ စိတ်လေးငြိမ်းအေးအောင် တရားနာမိတယ်။ခုတစ်လော စိတ်ရှုပ်တာတွေလည်း နည်းနည်း များနေတယ်။ ပုထုစဉ်လူသား ဆိုတော့လည်း ဒီလိုဘဲပေါ့။ လူ့ဘဝကြီးထဲက လူမှုရေး သာရေး နာရေး အကြောင်းအမျိုးမျိုး တွေပေါ်လာတယ်။ အရာရာတိုင်း မပြည့်စုံပေမဲ့လည်း အကောင်းဆုံး ဖြစ်အောင် တရားလေးနာရင်း စိတ်ငြိမ်းချမ်းမှု့ကို ရယူခဲ့တယ်။ မိတ်ဆွေများလည်း အားလပ်ရက်တွေမှာ ဒါမှမဟုတ် စိတ်ဖိစီးမှု့ များလာရင် အကောင်းဆုံးဖြစ်အောင်  တရားလေးဖွင့်ပြီး ဆရာတော်များ ဟောကြာထားတာတွေ မှတ်နိုင်သလောက်မှတ် ကျင့်နိုင်သလောက် ကျင့်ဘို့ တိုက်တွန်းပါတယ်။ဒေါသ မောဟ အတ္တ တွေနဲ့ရင်ဆိုင် ကြုံတွေ့နေရရင် အကောင်းဆုံး မိတ်ဆွေက တရားလေးပါဘဲ။ အဲတာက ကျွန်မရဲ့ ဆေးပါ။ ကျင့်သုံး ချင်သူများ နည်းယူနိုင်ပါတယ်။ ကျွန်မက ဘာမှမသိ မတတ်သေးပေမဲ့ သိလာအောင် တတ်လာအောင် လေ့လာကြိုးစားနေဆဲ သာမာန်အညတရ လူတစ်ယောက်ပါဘဲ။အဓိက မိမိစိတ်ငြိမ်းချမ်းမှု့ကို အရင်ရှာပါ။ ငြိမ်းချမ်းမှု့ ရှိလာပြီဆို ကျန်လိုအပ်တာတွေ ဖြည့်ဆည်းဘို့က အလိုလိုဖြစ်လာပါလိမ့်မယ်။ကျမ ကိုယ်တိုင်လည်း ပြည့်စုံသူတစ်ယောက် မဟုတ်ပါ။သို့သော် တတ်နိုင်သမျှ ကြိုးစားပြုပြင် ဆဲပါ။

အရှင်ဆန္ဒာဓိက၏
ကိုယ့်စိတ်ကိုယ်စစ်တရားတော်

အိုဘဲ့ အလှူရှင် တရားတော်

လောက၌အကောင်းဆုံးသောအရာ (၁)

လောက၌အကောင်းဆုံးသောအရာ (၂)

အဆင်ပြေရာနေ

အဆင်ပြေဖို့ အဓိက (၁)
အဆင်ပြေဖို့ အဓိက (၂)


အဆင်ပြေအောင်နေ (၁)

အဆင်ပြေအောင်နေ (၂)


မေတ္တာဖြင့်
အလွမ်းမြို့လေး

No comments: