Tuesday 27 September 2011

ကြော်ငြာ

သဒ္ဒါကြည်လင် ပါရမီရှင် အလှူ ဒါယိကာ ၊ ဒါယိကာမ အပေါင်းတို့ ခင်ဗျား. . . .

ကျွန်တော်တို့ အားလုံး သိထားကြသော စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်း အသင်း၏ ဘလော့ဖြစ်သော http://www.everyoneit.com/ သည် ဒိုမိန်း သက်တမ်း ကုန်သွားခြင်း နှင့် တခြားသော နည်းပညာ အခက်အခဲကြောင့် ဝင်၍ မရဖြစ်နေပါသည်။ ယခု လောလောဆယ် ကျွန်တော်တို့လည်း ယခင် အသုံးပြုနေသော .com ပဲ ရစေရန် ကြိုးစားနေသော်လည်း အဆင်မပြေသေးပါ။ ထို့ကြောင့် အခု လောလောဆယ် အလှူရှင်များနှင့် အလှူကို ကြည့်ကာ သာဓုခေါ် ကုသိုလ် စိတ်ပွားကာ လေ့လာ ဖတ်ရှု့သူများ အားလုံး အဆင်ပြေစေရန်အတွက် http://everyoneit.blogspot.com ကို ခေတ္တ ယာယီ အားဖြင့် ပြန်လည်ကာ အသက်သွင်းထားပါသည်။ မကြာမှီ အချိန် အတောအတွင်းမှာ .com (သို့) .org (သို့) အဆင်ပြေသော ဒိုမိန်း တစ်ခုကို ပြန်လည်ရရှိအောင် အားထုတ် ကြိုးစားနေပါသောကြောင့် ယခု လတ်တလော အားဖြင့် http://everyoneit.blogspot.com ဖြင့်သာ ဝင်ရောက် လေ့လာ ကုသိုလ်ယူကြပါဟု အသိပေး နှိုးဆော်အပ်ပါသည် ခင်ဗျား။

လေးစားစွာဖြင့်
ဆရာတော် ဦးကောဝိဒ

ကိုဇော်(ကိုယ်စား ရေးသားပါသည်။)

No comments: