ခုတစ်လော စိတ်တွေထဲမှာ အမေ့ကိုဘဲ သတိရတမ်းတ လွမ်းဆွတ်နေချိန် မိဘမေတ္တာကို နားမလည်ဘဲ ရုန်းကန်ထွက်သွားတဲ့ ခလေးတွေရဲ့ အဖြစ်အပျက်တွေကို ကြားရတော့ စိတ်မသက်သာလှ။ ဒီကြားထဲ မိဘတွေဆီ ဖုန်းဆက်ပြန်တော့ ဖုန်းကမရပြန်ဘူး။ ကျမ အရွယ်ကလည်း ဒုတိယအရွယ်ရောက်ပြီမို့ မိဘတွေစိတ်ချမယ်ဆိုလည်း စိတ်ချလို့ရပါပြီ။ အိမ်ထောင်သည် တစ်ယောက်လည်း ဖြစ်နေပြီမို့ မိဘဘက်က စိတ်ချရမဲ့အနေအထား ဖြစ်နေပေမဲ့လည်း မိဘတွေကျမအပေါ် ယနေ့တိုင် ခလေးတစ်ယောက်လို့ ချစ်နေဆဲ စိတ်ပူနေဆဲ စိုးရိမ်နေဆဲပါ။ ကျမ အိမ်ကိုဖုန်းမဆက်ဖြစ်တဲ့ လတွေဆို အဖေထမင်းဝိုင်းဘေးမှာ အမြဲငိုနေခဲ့တာ ဗမေ အမေအမြဲမြင်နေရတယ်။ အမေ့မှာလည်း အဖေ တစ်ယောက်သမီးကို လွမ်းလို့ငိုနေတာ မြင်ရပြန်တော့ ရင်ထဲမှာနာကျင်ရပြန်ရော။ အမေ့မှာတော့ ကျမဆီကို ဖုန်းလာဆက်ပြောဘို့ကလည်း မဖြစ်နိုင်။ ဒီတော့ ကျမရဲ့အနီးစပ်ဆုံး သူငယ်ချင်းတွေကိုဘဲ ပြောပြရပါတယ်။ သမီးအဖေ ငို.... နေတယ်တဲ့ သမီးအသံကို သူမကြားရတိုင်း မိဘတစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုတွေ သူ့ရင်ထဲမှာခံစားမိပြီး သမီးကိုလွမ်းလို့ ငိုနေတာတဲ့။ အော်.....မိဘမေတ္တာကြီးမားလိုက်တာလို့ တွေးမိပြီးကျမ မိဘတွေရဲ့ ချစ်ခြင်း စိုးရိမ်ပူပန်ခြင်း သောက နဲ့ ဝေဒနာကို ပိုမိုနားလည်ခံစားရတယ်။ လွန်သွားတဲ့ ရက်လေးမှာလည်း အမှတ်တရလေးများ ဆိုတဲ့
http://warwarkhaingmin.blogspot.com/ ဘလော့မှ ငါအိုသွားသောခါ စာသားများ နဲ့
နန်းလေပြေနု ဘလော့ အမေကကျား သားကကန်...
http://www.nannlaypyaenu.com/2011/10/blog-post.html ဆိုတဲ့ပို့လေး ကိုဖတ်မိပြီး အလွမ်းဓါတ်ခံရှိသူ တစ်ယောက်မို့ မိဘတွေကို ပိုလို့လွမ်းလာမိလို့ ဒီရက်ထဲ အမေသီချင်းတွေ နားထောင်ဖြစ်ရင်း လာလည်သူမောင်နှမများလည်း ထပ်ဆင့် ခံစားလို့ရအောင် ပြန်လည်တင်ပေးလိုက်ပါတယ်။ (ငါအိုသွားသောခါ)ဆိုတဲ့ စာသားလေးတွေကို ကျမရင်းနှီးနေတာ ကြာပါပြီ။ ဖတ်ခဲ့ကြိမ်လည်း မနည်းတော့ပါဘူး။ ဒါပေမဲ့ ဒီရက်တွင်းမှာ ဒီစားသားလေးတွေက ကျမရင်ထဲပိုလှုပ်ခတ်သွားစေပါတယ်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။
မေတ္တာဖြင့်
အလွမ်းမြို့လေး
2 comments:
ချစ်မကြီးရေ အလွမ်းတွေသက်သာပါစေနော် ဒိုးကန်လဲ အိမ်ကို လွမ်းနေတယ် နှစ်ကူးရင်ပြန်မယ်း(
လွမ်းလွန်းလို့... လွမ်းလွန်းလို့
Post a Comment