Monday 31 October 2011

အမှတ်တရ မွေးနေ့အလှူ

၁၃၇၃ ခု သီတင်းကျွတ်လပြည့်ကျော် (၄) ရက် စနေနေ့

အလှူရှင် “အလွမ်းမြို့လေး”မွေးနေ့အလှူပွဲဖြစ်
ပါတယ်။

အရုဏ်ကြက်သားကြာဇံချက်ဆွမ်းကပ်လှူခဲ့ပြီး
နေ့ဆွမ်းလောင်းလှူခြင်းအတွက်
ဆွမ်း
ကြက်သားဟင်း
ကုလားပဲနှပ်
သရက်ချဉ်သုတ်
ပါလချောင်ကြော် စသည်ဟင်းလျာတို့ဖြင့်လောင်းလှူပေးခဲ့ပါသည်။

ဦးကောဝိဒမှ အလှူရှင်“အလွမ်းမြို့” အတွက်မွေးနေ့လက်ဆောင်အဖြစ် ကိုရင်ငယ်တစ်ပါးအား သင်္ကန်းနှင့်အသုံးဆောင်ပစ္စည်းများပါသော
ပန်းခြင်းတစ်ခြင်းလှူဒါန်းပေးခဲ့ပါသည်။











@@@@@@@@@@@@@@@@@@@@@@@@@@@@@ 

အပေါ်မှာ ကျမမွေးနေ့ သံဃာတွေကို စစ်ကိုင်းမှာဆွမ်းလှူခဲ့တာပါ။ အဲနောက် ဒေလီမှာ ပညာတောင် သင်နေတဲ့ ဘုန်းဘုန်းကိုလည်း ဝတ္တုငွေလေး လှူဒါန်းမှု့ပြုခဲ့စဉ် ဘုန်းဘုန်းမှ ဒီလိုလေးဆုပေးလိုက်တယ်။

ဒကာမကြီး
မွေးနေ့ အလှူ ၀တ္ထုငွေ (၂၆၀၀) ရူပီး ကို ထုတ်ပြီးသွားပြီကွဲ့။

စစ်ကိုင်းမှာ လှူဒါန်းတဲ့ မွေးနေ့ အလှူကိုလည်း မေးလ် ဖတ်လိုက်ရတယ်။မွေးနေ့မှာ အမှတ်တရ လှူဒါန်းတော့ ဘုန်းဘုန်းလည်း ၀မ်းသာ ကြည်နူးပြီး သာဓု အကြိမ်ကြိမ် ခေါ်ပေးပါတယ်။ဆွမ်းလှူတဲ့ အခါကျရင် ထားရှိရမယ့် စိတ်ထားကို ဘုန်းဘုန်း နည်းနည်း ပြောပြပါ့မယ်။ ဒကာမကြီး ကုသိုလ်ပိုပြီး ယူတတ်အောင်လို့ပါ။

ဒီနေ့ ဒကာမကြီးက ဘုန်းဘုန်းကို ဆွမ်းကပ်ခဲ့တယ်။ ဒကာမကြီး လှူတဲ့ဆွမ်းက ဒီနေ့မှာတော့ ဘုန်းဘုန်းရဲ့ ခန္ဓာကိုယ် ကျန်းမာစွာနဲ့ တည်မြဲခဲ့တယ်။ အဲဒီ ဆွမ်းကြောင့် ကျန်းမာနေတဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး ဘုန်းဘုန်းက တရားအားထုတ်နိုင်တယ်။အဲဒီ အခါကျတော့ ဆွမ်းလှူဒါန်းတဲ့ ဒကာမကြီးလည်း ကုသိုလ်တွေ ပိုပြီး ရနေတယ်။ အဲဒီလို စိတ်ထားလေး ထားပြီး မိမိလှူခဲ့တဲ့ ဆွမ်းအလှူကို အောက်မေ့သတိရ နှလုံးသွင်းနေမယ် ဆိုရင် ကုသိုလ်တွေဟာ နိဗ္ဗာန်ထိကို ဆက်သွားပြီလေ။

အဲဒီလိုပဲ ဒီနေ့ စစ်ကိုင်းမှာ သံဃာတွေကို ဆွမ်းလှူလိုက်တော့ အဲဒီက သံဃာတွေဟာ ဒကာမကြီးရဲ့ မွေးနေ့ဆွမ်းကို ဘုဉ်းပြီး သာသနာအတွက် ကျန်းမာစွာ တာဝန် ထမ်းဆောင်နိုင်ကြတယ်။ အဲဒါလေးတွေကို တွေးပြီး နှလုံးသွင်းပြီး ကုသိုလ်တွေ ဆထက်တိုးအောင် ဒကာမကြီး ယူတတ်အောင် ကြိုးစားကွဲ့.....

ဒကာမကြီးရဲ့ မွေးနေ့အလှူအတွက် ဘုန်းဘုန်း ဆုပေးလိုက်မယ်နော.....

ဒကာမကြီး လှူဒါန်းခဲ့သော ပါရမီ ဆယ်ပါး ကုသိုလ် အစုစုတို့၏ စွမ်းအားကြောင့် စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာစွာဖြင့် အရိယာသူတော်စင်တို့ ပိုင်ဆိုင်ရာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် ကို ရရှိနိုင်သော အသိဉာဏ်ပညာထူးများ ရရှိပြီး သာသနာတော် အတွက် အများကောင်းကျိုးကိုလည်း ထမ်းဆောင်ရင်း ဆင်းရဲခြင်း ကင်းရာ အေးချမ်းရာ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဒကာမကြီး ဖြစ်ပါစေ.......   သာဓု... သာဓု... သာဓု.....
@@@@@@@@@@@@@@@@@@@@@@@@@@@@@

အဲဒီနောက် ဒေလီရွှေဝါကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာ(၃)ပါးကိုလည်း ဝတ္တုငွေလှူဒါန်း တစ်ပါး ရူဘီး ( ၁၅၀၀) လှူဒါန်းခဲ့ပါတယ်။  ပြန်လည်ရရှိခဲ့တဲ့ ဆုတွေကတော့

သံဃာတစ်ပါးမှာ ဒီလိုဆုပေးခဲ့တယ်။

(စိတ်သစ်ကမ္ဘာမွှေးနေ့မင်္ဂလာ )
လုလင်း တစ်ယောက်  ဗုဒဘာသာ
ဇနီးဖြစ်သူ ဘာသာခြားနှင့်
တူယှဉ် ပေါင်ဖတ်
အလှူဒါနပြုရာမှာ
နစ်ကိုယ်တူ စိတ်မြတ်
အလှူပွဲကို
အမြဲပြုနေ လုလင်ဇနီး
သံသာရာမှာ နိဗာန်ဝင်စံ
မျှော်တွေရှေးရှု့ ဒုက္ခလမ်းကြောင်း
အမှန်ပျောက်ဖို သဒ္ဒါဖြူဖွေး
စိတ် သစ် လူသစ် သန့်စင်ဆေးကြ
မွှေးနေ့မင်္ဂလာ အခါတော်သာမယ
ဗုဒရှင်မြတ် ဆုံးမသြဝါ
သံဃာအရှင်မြတ် ရည်မှန်လှူ
မဂ်ဖိုဂ် နိဗာန် ရောက်ကြပါစေ
ပစ္စုပန် သံသာရာ
ဒကာ/ဒကာမတို့
ရေရှည်တည်းတံ့ ခိုင်မြဲအိမ်ထောင်
လမ်းကိုဖေါက် စိတ်ကိုယ်တည်မြဲ
ဒုက္ခအားလုံး ကျော်လွှားနိုင်သော
အိမ်ထောင်ဖက်များ ဖြစ်ကြပါစေ
ပျော်ရွန်မှု့နှင့် အသက်ရာကျော်ရှည်စေသော်

@@@@@@@@@@@@@@@@@@@@@@@@@@@@@ 

နောက်သံဃာတစ်ပါးက ဒီလိုဆုပေးပြန်တယ်။

သာဓု အလွမ်း မြို့သာဓု သာဓု
ဘောဇနံ ဘိက္ခဝေ ဒဒမာနော ဒါယကော ပဋိဂ္ဂါဟကာနံ ပဉ္စဋ္ဌာနာနိဒေတိ ၊ အာယုံ ဒေတိ ၊ ၀ဏ္ဏံ ဒေတိ ၊သုခံ ဒေတိ ၊ ဗလံ  ဒေတိ ၊ပဋိဘာနံ ဒေတိ ။ "အာယုံ ခေါပန ဘိက္ခဝေ ဒတွာ အာယုဿ ဘာဂီ ဟောတိ ဒိဗ္ဗဿ ၀ါ မနုသဿ ၀ါ"...........

အစရှိသော ဒေသနာတော်နှင့် အညီ ဆွမ်းကို လှူဒါန်ခြင်းသည် ဆွမ်းအလှူခံ ဘုန်းပေးသူအား အသက်ဓာတ် ၊အဆင်းဓာတ်၊
ချမ်းသားခြင်းဓာတ်၊ခွန်အားဓာတ် ၊ ထိုးထွင်းဥာဏ်ဓာတ်တွေ ဆွမ်းကြောင့် ဖြစ်ပေါ် ခံစားရ သောကြောင့် ၎င်း(၅)ပါးကို လှူရာရောက်၏။ လူ၌ ဖြစ် နတ်၌ ဖြစ်စေ  ၎င်း (၅) ပါးကို အလှူရှင် လည်း ပြန်လည် ခံစာရ၏ ဟူသော ဒေသနာ အရ အလွမ်း မြို့ တို့လည်း ၎င်း (၅) ပါးရရှိသွားပြီဟု မှတ်ယူလေ။

ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ
Happy Birthday 
ဦးဇော
@@@@@@@@@@@@@@@@@@@@@@@@@@@@@

နောက်ဆုံးသံဃာတစ်ပါးကတော့ ဒီလိုလေး ဆုပေးပြန်ရော။
 ဘောဇဉ်ဒါန၊ ကုသလကြောင့်၊
နောက်နောင်ဘဝ၊ ကြုံလေရသော်၊
နုဘော်တေဇာ၊ သွန်းရွာဖြိုးဖြိုး၊
ကောင်းကျိုးဟူသမျှ၊ မတောင့်တပဲ၊
ရရှိပေကြောင်း၊ ကျမ်းလာပေါင်းတွင်
အရှင်ပရမေ၊ ဖော်ထုတ်ချွေ၏၊
များထွေနတ်လူ၊ ကောင်းဖို့ရေး...။

သာဓုခေါ်ဆိုပါတယ်။ (ကိုယ်စိတ်နှလုံး ချမ်းမြသာယာပါစေ)


မွေးနေ့လေးမှာ တတ်နိုင်တာလေးနှင့် ကုသိုလ်ယူရင်း ပျော်ရွှင်နေမိတယ်။ စာဖတ်သူများလည်း သံဃာတွေပေးတဲ့ဆုတွေဖတ်ပြီး  မျှဝေခံစားပျော်ရွှင်နိုင်ကြပါစေ။


မေတ္တာဖြင့်
အလွမ်းမြို့လေး

1 comment:

စံပယ်ချို said...

ကောင်းလေစွ
ကောင်းလေစွ
ကောင်းလေစွ
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ
စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပြီး
စာတွေများများရေးနိုင်ပါစေလို့။