အလွမ်းမြို့တစ်ယောက် ခရီးတွေပေါက်ပြီး ပျောက်နေတယ်လို့ မောင်ငယ်/ညီမငယ်လေးတွေ လာလာ အော်ထားကြတယ်။ အလွမ်းမြို့မရှိပေမဲ့ အလွမ်းမြို့အိမ်ကို လာလည်ကြတဲ့ ခင်မင်သူမောင်နှမတွေ ကို အလွမ်းမြို့မှကျေးဇူး အထူးတင်ရှိပါတယ်။
ခုတစ်လော ရာသီဥတုကြောင့်လားမသိ အလွမ်းမြို့တစ်ယောက် နေမကောင်းပါ။ အလွမ်းမြို့အိမ်ကို လာလည်ကြတဲ့ မောင်နှမတွေကိုလည်း ပိုစ့်အသစ်မတင်နိုင်သေးတော့ အားနာနာနဲ့ဘဲ ဟိုနေ့က အမှတ်တမဲ့ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကိုဘဲ မျှဝေလိုက်ပါတယ်။
ဓါတ်ပုံဆရာမဟုတ်ပေမဲ့ ညနေ နေဝင်အလှကို ချစ်မြတ်နိုးလို့ အမှတ်တမဲ့ ရိုက်ခဲ့တာပါ။ တကယ်တော့ လမ်းသွားရင်း ကင်မရာယူသွားတတ်သူ မဟုတ်သလို ဓါတ်ပုံရိုက် ဝါသနာပါသူ တစ်ယောက်မဟုတ်ပါ။ သို့သော် ညနေနေဝင်အလှကို ဟိုး .... အဝေးကြီးကနေ တစ်ဝကြီးခံစားမိရင်း စိတ်ထဲလွမ်းယောင်သန်း ခဲ့မိတယ်။ ဘယ်ကိုလွမ်းလဲတော့ မသိဘူးပေါ့။ သေချာတာတစ်ခုကတော့ လွမ်းစရာလူက ဘေးနားမှာ ရှိနေတော့ (ဟသာင်္တထွန်းရင် ဆိုထားသလို အမေနဲ့ရွာကို လွမ်းတယ်ဘဲ ) လွှဲချရတော့မယ်။ ညနေခင်းဘက်ဆို တိုတို့လက်ကိုဆွဲပြီး လမ်းလျှောက်ထွက်တိုင်း အတူယူဆောင်သွားတဲ့ ဖုန်းလေးကြောင့်ဘဲ ခုပုံလေးကို အမှတ်တရ ရိုက်ခဲ့တာပါ။
ညနေခင်း နေဝင်အလှကို ခံစားပေးကြပါဦး။ အချိန်ကတော့ အလွမ်းမြို့တို့ဆီက ညဘက် ... ၉နာရီကျော်ပေါ့။
ကဲ အောက်ကပုံတွေက လသာညကို အမှတ်တရ ရိုက်ခဲ့တာပါ။ မြန်မာပြည်မှာဆို လသာတဲ့ညမှာ လရိပ်ရဲ့ အအေးဓါတ်နဲ့ အလင်းရောင်လေးကို အိမ်ရှေက ကွပ်ပစ်လေးမှာ လ္ဘက်သုပ်လေးစားရင်း တစ်ဝကြီး ခံစားလို့ရကြပေမဲ့ ပြည်ပရောက်မောင်နှမတွေကတော့ မီးထိန်ထိန်သာအောက်မှာ လပြည့်ညရဲ့ ခံစားမှု့တွေ ပျောက်ရှခဲ့ရတယ်။ အင်းလေ မြန်မာပြည်လို ညမှောင်မှောင် မီးမလာခဲ့ရင်တော့ လပြည့်ညလေးက တကယ့်စိတ်ကြည်နူးစရာ ခံစားမှုတစ်ခုပါဘဲ။ စလုံးရောက်တဲ့ မောင်နှမတွေဆို တိုက်မြင့်မြင့်ကြီးရဲ့ကြား မီးထိန်ထိန်သာနေတော့ လရောင်ရဖို့မပြောနဲ့ လပြည့်နေ့တောင် မေ့တေ့တေ့ ဖြစ်တတ်ပါတယ်။ ခုအလွမ်းမြို့တို့ ဆီမှာတော့ ညဘက်နေဝင် လထွက်တဲ့ ပုံလေးကို စိတ်ထဲကနေ လွမ်းမိလို့မြင်ရာနေရာကနေ လက်ဆော့ပြီး ရိုက်ထားလိုက်တယ်။ လာလည်ကြတဲ့ မောင်နှမတွေကို ပြန်လည်မျှဝေလိုက်တယ်။ အချိန်ကတော့ ညဘက် (၈)နာရီကျော်နေ ပါပြီ။ ကင်မရာက အချိန်ကိုမပြောင်းရသေးလို့ပါ။ နေဝင်ချိန်မှာ အလင်းရောင်တွေ သန်းနေသေးပေမဲ့ တစ်ဖက်က ကောင်းကင်ထက်မှာ လမင်းကြီးက လည်း ထိန်ထိန်သာနေပါပြီ။ လမင်းရဲ့ အလင်းရောင်လေးကို မရရှိပေမဲ့ နေရောင်ကြားက လမင်းလေးကိုမြင်တော့ လပြည့်နေ့လေးဆိုတာ အမှတ်ရစေခဲ့တာပါ။
(မှတ်ချက် *** အလွမ်းမြို့ရဲ့စာထဲက လမင်းသည် ဟိုငယ်စဉ်အခါ ကျောင်းစာအုပ်ထဲတွင် သင်ခဲ့ဖူးသော ဖိုးလမင်း ကိုပြောခြင်းသာဖြစ်သည်။ (ဘလော့ဂါ **ချစ်စံအိမ်က -ညီမလေးလမင်း)ကို ပြောခြင်းမဟုတ်ပါ။ တိန်.****
ခံစားပေးကြပါဦး။ လှလို့တော့မဟုတ် လက်ဆော့ထားခြင်းသာ ဖြစ်သည်။
လာရောက်လည်ပတ်သူများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေ။ ဓါတ်ပုံတွေ အကုန်တင်မရလို့ ဒီမျှတွင် ရပ်နားခွင့်ပြုပါ။ စာဖတ်သူများကို အစဉ်လေးစား ချစ်ခင်လျှက်
အလွမ်းမြို့လေး
12 comments:
လမင်းကိုပြောတာလားလို့ ဟီး
ဓာတ်ပုံလေးတွေအရမ်းလှတယ်မမရေ
လမင်းကတော့ဓာတ်ပုံရိုက်တာဝါသနာကိုပါတာ..:)
မကြီးလွမ်းရေ.. ဓါတ်ပုံလေးတွေ လာရောက်ခံစားသွားပါတယ်.. ဆည်းဆာချိန်ကို ရိုက်ထားတဲ့ပုံလေးတွေက တကယ့် ပရိုတစ်ယောက်ရိုက်ထားသလို ပီပြင်အသက်ဝင်တယ်..
မကြီးလွမ်းရေ အခုမှဘဲပေါ်လာတော့တယ်......မကြီးရိုက်ထားတဲ့ နေ၀င်ချိန်ပုံတွေထဲက ၃ ပုံမြောက်နဲ့ ၅ ပုံမြောက် ကိုတော်တော်ကြိုက်တယ်.......
ကျွန်တော့လိုဓါတ်ပုံခရေဇီကတော့ ဓါတ်ပုံလေးတွေမြင်နေရင်ကို ကျေနပ်နေတတ်တာဆိုတော့ မကြီးလွမ်းကို ထပ်ကျေးဇူးတင်လိုက်ပါတယ် မကြီးလွမ်းခင်ဗျားးးးးးးး
နေနဲ့လ ကိုရိုက်ထားတာက ဘယ်ကိုလွမ်းရမှန်းလဲမသိပါလား မမရေ
ချစ်တဲ့
ဒိုးကန်
တော်တော်လှတယ်ဗျာ
မကြီးလွမ်းရေ . . .
မကြီးလွမ်းရိုက်ထားတဲ့ ပုံလေးတွေ
အားပေးသွားပါတယ်
ဓါတ်ပုံလေးတွေတော်တော်လှတယ်။
မြန်မြန်နေကောင်းပါစေနော်
ဓါတ်ပုံလေးတွေတော်တော်လှတယ်။
မြန်မြန်နေကောင်းပါစေနော်
ဓါတ်ပုံလေးတွေ အရမ်းလှတယ်
အမ လွမ်း ရေ...
အမတို့ဆီမှာ ည ၉ နာရီကျော်တောင် အခုလို နေရောင်ရှိသေးတယ်
နော် အမ.. နေ၀င်ဆည်းဆာ အလှ လေးတွေက သေချာကြည့်ရင်
တော်တော် လှတယ်... ကျွန်တော် လွန်ခဲ့ ၁၀ နှစ်ကျော် လောက်
ဆီက ပင်လယ် ထဲမှာ အနေများပါတယ်... အလုပ်တွေဘယ်လောက်များ
များ နေ၀င် တဲ့ အချိန်နဲ့ မနက်အာရုံ နေထွက်တဲ့ အချိန် တွေဆိုရင်
ဘာမှ မလုပ်ဘူး... ပင်လယ်ထဲ ကို နေလုံးကြီးတဖြေးဖြေးချင်းငုတ်
လျှိုးသွားတာကို ကြည့်ရတဲ့အရသာ.. မနက်ဖက် အရှေ့ဖက်(မိုးကုတ်စက်
စက်ဝိုင်းနေရာ)ပင်လယ်ရေပြင်ကြီးထဲကနေ နေလုံးကြီး တဖြည်းဖြည်းချင်း
ထွက်လာတာကိုကြည့်ရတဲ့ အရသာ၊ ရာသီဥတုသာယာတဲ့ လပြည့်ည ပင်
လယ်ပြင်မှာ လမင်းကြီး ကို ကြည့်ပြီး ခံစားရတဲ့ အရသာတွေကတော့ ဘာ
နဲ့ မှ မတူပါဘူး အမလွမ်း ရေ... အဲဒီတုန်း ဓါတ်ပုံရိုက်ပြီး သိမ်းထားရ
ကောင်းမှန်းလည်း မသိခဲ့ ပါဘူး... သူများတွေတင်မှ နောင်တရမိနေတာ...
အခုလိုတင်ပြပေးလို့ ကျေးဇူးတင်ပါတယ် အမ လွမ်းရေ..
ခင်မင်စွာဖြင့်
ရာဇာထွေး
ဓာတ်ပုံတွေက တော်တော်လေးကို လှပအသက်ဝင်တယ်... နေဝင်သွားတဲ့ ပုံလေးတွေကို ပိုသဘောကျမိတယ်...
ဓာတ်ပုံဆရာမဟုတ်ပေမယ့် ရိုက်ထားတာလေးတွေကတော့ ကြည့်ကောင်းတယ် မမအလွမ်းရေ :D
နေ၀င်ဆည်းဆာပုံလေးတွေက လှတယ် မ ရေ.. နောက်ထပ် ပုံလေးတွေမျှော်နေဦးမယ်နော်..း)
Post a Comment