ညီမလေးတစ်ယောက်က အော် နေတယ်
ရေနွေးပူလောင်တာ ပူ လို့တဲ့
သူငယ်ချင်းတစ်ယောက်ကလည်း အော် ပြန်တယ်
ရာသီဥတုပူတာ ပူ လွန်းလို့တဲ့
ချစ်စံအိမ်(လမင်း)ကလည်း အော် နေတယ်
အချစ်အတွက်နဲ့ ရင်ထဲ ပူ လောင်လို့
ဘောသမားတွေကလည်း အော် နေတယ်
မန်ယူနှိပ်စက်လို့အကြွေးများနဲ့ ပူ နေလို့
မိဘတွေကလည်း အော် နေတယ်
ခေတ်တွေတိုးတက်လာတော့
အဖော်အချွတ်သားသမီးတွေအတွက်
ပူ ပန်လို့တဲ့
အင်!!!!
လူတွေကိုယ်စီမှာ အပူ ကိုယ်စီရှိကြတာဘဲ။ စာမရေးဖြစ်တာက တစ်မျိုး သူများတွေလို စာမရေးတတ်တာက တစ်ဖုံ အလုပ်မအားတာက တစ်ကြောင်း ကျန်မာရေးမကောင်းတာက တစ်မျိုး အမျိုးမျိုးသော အကြောင်းတွေနဲ့ ဘာပိုစ့်အသစ်မှ မတင်ဖြစ်လို့ လာလည်သူတွေကို အားနာနေမိတယ်။ ဒီနေ့တော့ ((( အပူ))) အကြောင်းလေး ရေးမယ်စိတ်ကူးလိုက်တယ်။ စာရေးနေရင်း အာရုံတွေ ပျောက်သွားတော့ ဘလော့တွေထဲ ဝင်လည်လိုက်တယ်။ ဘလော့ဂါထော်ဦး ဘလော့ထဲရောက်တော့ သူတင်ထားတဲ့ သစ်ပင်ပိုစ့်လေးနဲ့ ကျမ ရေးချင်တဲ့ ((( အပူ )))က တူနေသလိုဖြစ်တော့ ပိုစ့်လေးဖတ်ပြီး ပြုံးသွားတယ်။ ... ဒါကြောင့် ကျမ ဒီပိုစ့်လေး ဆက်ဖို့ ဖြစ်သွားတယ်။ (((( အပူ .... အပူ.... အပူ.....))))
သဘာဝအပူ အတွက်နဲ့ လူတွေ ငြီးနေကြတယ်။ ပူလွန်းလို့တဲ့။ မဆီမဆိုင် အပူတွေအကြောင်း ကျမ အတွေးနယ်ချဲ့ခဲ့တယ်။ အင်း ... ကျမကိုယ်တိုင် မြန်မာပြည်ဖွားမလို့ အပူဒဏ်ကို ခံရသင့် သလောက်တော့ ခံစားခဲ့ဖူးပါတယ်။ ခုကျပြန်တော့လည်း အများနည်းတူ အအေးဒဏ်ကို ခံစားရပြန်ရော။ ဘယ်လိုဘဲဖြစ်ဖြစ်လေ မြေပြိုတာ ကျမ တစ်ယောက်တည်း ပါတာမှမဟုတ်တာ။ ပူလွန်းတော့လည်း ကျမနည်းတူ အများလည်း ခံစားရကြရတာဘဲလေ။ အေးလွန်းတော့လည်း ကျမနည်းတူ အများလည်း အေးကြတာဘဲလေ။ ကျမတို့လို လူလတ်ပိုင်းတွေတောင် ပူတယ် ပူတယ် ဆိုပြီးအော်နေကြမယ်ဆို အသက်ရွယ်ကြီးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ရင်ဝယ်ပိုက်ခလေးငယ်တွေ ဘယ်လိုများနေမလဲ ကျမ တွေးမိတယ်။
တစ်နေ့တော့ ကျမ မိတ်ဆွေတစ်ယောက်နဲ့ လိုင်းမှာတွေ့တုန်း သူက သူတို့နေတဲ့နေရာမှာ အရမ်းပူလို့ မခံနိုင်ကြောင်း ဘာညာဆိုပြီး ပြောလာခဲ့တယ်။ ၁ရက်ကနေ ၂ရက်.... ၂ရက်ကနေ၃ရက် သူဆက်တိုက်ပြောလာပေမဲ့ ကျမ ကတော့နားထောင်ယုံသာ။ ( ၃ ) ရက်ကျော်လာတော့ သူပြောတာမပြီးလို့ ကျမ သူ့ကိုပြန်ပြောမိတယ်။ သူကံဆိုးတာဘဲ ကျမလို လူ့ကန့်လန့်ကိုမှ လာလာရင်ဖွင့်ရတယ်လို့။ အဲဒီတော့ ကျမက ကိုယ်တစ်ယောက်ထဲ အပူဒဏ်ကို ခံစားနေရတာမှ မဟုတ်တာ။ တစ်မြေထဲနေတဲ့ ကိုယ်လိုလူတွေလည်း ကိုယ့်လိုဘဲ အပူဒဏ်ကို မျှဝေခံစားနေရတာ ဘဲလေ။ ကိုယ်လို လူလတ်ပိုင်း လူငယ်လေးတောင် ဒီလောက်ငြီးငြူနေမယ်ဆို ကိုယ့်ထက် အသက်အများကြီးကြီးတဲ့ သက်ကြီးရွယ်အို အဖိုး+အဖွားတွေရယ် ရင်ဝယ်ပိုက်သားလေးတွေ ဘယ်လိုများနေလဲလို့ ခံစားပေးမယ်ဆိုရင် ပိုပြီးမကောင်းပေဘူးလားလို့ ပြန်ပြောမိတယ်။ အဲဒီနေ့ကစ ကျမ မိတ်ဆွေနဲ့လိုင်းမှာ ဆုံမိတိုင်း အရမ်းပူတယ်ဆိုပြီး မပြောရဲတော့ပါဘူး။ (((( အလွမ်းမြို့ အပြောဆိုး ချက်ကတော့ ခေတ်စကားအရ *** လန်ထွက်တယ်*** လိုင်းပေါ်က မိတ်ဆွေတောင် တစ်ခါတည်းပြေး တော့တာပါဘဲ။ ))))
အော် .... လူတိုင်းလူတိုင်း အပူနဲ့မကင်းကြပါလားနော်။ ဒီလို သဘာဝအပူတွေကြား တစ်ခြား အပူသည်တွေကလည်း ဒုနဲ့ဒေးပေါ့။ တစ်ချို့က အချစ်အတွက် သောကရောက် ပူဆွေးနေတယ်။ ((( ညီမလေးလမင်းနဲ့များ တိုက်ဆိုင်သွားမလားဘဲ ဒီစာကြောင်းလေးက))) တစ်ချို့ကျပြန်လည်း စီးပွားရေး မပြေလည်လို့ မိသားစုအရေးအတွက် နေ့စဉ်နေထိုင်ရပ်တည်မှု့အရေး ပူပန် ရပန်တယ်။ တစ်ချို့ကလည်း မလိမ်မာတဲ့ သားသမီးအတွက် ပူပန်နေကြရရှာတယ်။ တစ်ချို့တစ်ချို့သော မိတ်ဆွေတွေက အကြွေးတွေအတွက်နဲ့ ပူပန်သောက ရောက်ကြရတယ်။
အင်း .... အပူ အမျိုးမျိုးပေါ့ ။ ဒီအပူတွေဒဏ်တွေကနေ ခံနိုင်ရည်ရှိအောင် ကျမ တို့နည်းမျိုးစုံနဲ့ ကာကွယ်လို့ရကြပေမဲ့ ((( ဒယ်အိုးဆရာတော် ဟောခဲ့တဲ့ ဒယ်အိုး))) အပူကိုတော့ ကျမတို့ ဘယ်လိုစွမ်းအားနဲ့ ခံနိုင်ရည်ရှိမလဲ။ တွေးတွေးမိပြီး မောခဲ့ရတယ်။ အင်း ... ဘလော့ဂါထော်ဦး စေတနာနဲ့ သတိပေးသလို အပူဒဏ်ခံနိုင်ဘို့ ရေများများသောက်ပေးပါ ဆိုတဲ့အတိုင်း ကျမ အလွမ်းမြို့ကလည်း ((( ဒယ်အိုးဆရာတော် ပြောခဲ့တဲ့ ဒယ်အိုးအပူနဲ့ မကြုံရလေအောင် ))) တရားသတိလေးဆောင်ပြီး ဘဝကို ကျင်လည်ကြဘို့ အထူးတိုက်တွန်း သတိပေးလိုပါတယ်။ ((( ဒယ်အိုး ))) အပူကိုတော့ (( ပန်ကာလည်း မကယ်နိုင် ထော်ဦးပြောတဲ့ ရေလည်း မကယ်နိုင် အဲယားကွန်းလည်း ))) မကယ်နိုင်ပါ။
သဘာဝကပေးတဲ့ အပူဒဏ်တောင် ကျမတို့ လက်ရှိမခံစားနိုင်ကြတာ ((( ဒယ်အိုး))) အပူဆိုရင် ဘယ်လောက်များ ပူမလဲဆိုတာ တွေးကြည့်ယုံဖြင့် သိနိုင်တာမို့ စေတနာစကား ရင်မှားထားလို့ တရားသတိလေးဆောင် ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်။
စာဖတ်သူများကို အစဉ်ချစ်ခင်လေးစာလျှက်
အလွမ်းမြို့
17 comments:
မကြီးလွမ်း ကျွန်တော်တို့ဆီမှာတော့ အရမ်းပူနေလို့ ဘယ်မှမထွက်နိုင်တော့ဘူး နေပူတာပြေားတာ...မကြီးလွမ်းရေ အပူကတော့ ဘယ်သူမှ မကင်းနိုင်ပါဘူး..."ဒယ်အိုး" ပူလေးကင်းအောင် အခုလို သတိပေးတဲ့ မကြီးလွမ်းကို ကျေးဇူးကမ္ဘာနော်...
မကြီးလွမ်းလည်း ပျော်ရွှင်ပါစေ....
ဟားဟား အဲဒါ ရာဇာကွ ....
သူများတွေပို့စ်တင်တိုင်း ဘယ်တော့ မှ ကွန်မန့်မှာအရင်ဆုံးမမန့်ရဘူး..
ဒီတခါပဲ ရှေ့ဆုံးရောက်တယ် ... ကျန်တဲ့သူတွေအိပ်နေကြတုန်းဝင်ပြီး
ပူ လိုက်မယ် ( အဲ )မန့်လိုက်မယ်... မလေးရှားလည်း တော်တော်
ပူပါတယ် အမတော်...အပူသက်သာ မလားလို့ ရေအေးအေးလေးတ
နေ့ ၅ လီတာလောက်သောက်ပါတယ်.. ဗိုက်ပါ ထပ်ပူလာလို့ တစ်ပူပေါ်
တစ်ပူဆင့် လို့ ကျွန်တော်လည်းအပြင်ဘမ်း ၂ ပူဖြစ်နေပါပြီင်္.. လောက
ကြီးမှာ သဘာဝအရ ပူတာကိုသက်သာအောင် ဖြေဖျောက်ဖို့ နည်းတွေ
ရှိသလို ပုထုဇဉ်တို့ ရဲ့ လောဘ၊ ဒေါသ၊ မောဟ အပူတွေကိုလည်းဖြေ
ဖျောက်ဖို့ ဘာသာရေးတရားတော်တွေ၊ စာပေတွေလေ့လာကျင့်ကြံအား ထုတ်နိုင်ကြမယ် ဆိုရင် အားလုံးအပူ တွေကင်းစင်ကုန်မှာပါ.. အချိန်
နောက်ကျမှ အသိတရား ရမယ်ဆိုရင်တော့ အမအထက်မှာ ဖော်ပြထား တဲ့ ဒယ်အိုးရဲ့ အပူက တော့ မလွဲကသွေ ပူကို အပူခံရ အုန်းမှာ ပါ...
ဒါကြောင့် သဘာဝအပူတွက်လည်း သက်သာရလေအောင်၊ ရင်တွင်းက
လောဘ၊ ဒေါသ၊ မောဟ အပူတွေကိုလည်း သက်သာရလေအောင်၊
နောင်သံသရာ မှာလည်း ဒယ်အိုး အပူက လွတ်ကင်းရလေအောင်..ရေ
လည်းများများသောက်ကြပါ(ဗိုက်တော့မပူစေနဲ့ )..ဘာသာရေးအလုပ်တွေ
ကိုလည်း အချိန်ရှိတုန်းလေးမှာ မမေ့ မလျှော့ လုပ်ကြပါလို့ ပဲ ပြောချင်ပါ
တယ် အမတော်ရေ...
ခင်မင်စွာဖြင့်
ရာဇာထွေး
အစ်မလွမ်းရေ... ရေးထားတာအရမ်းကောင်းတယ်.. ပြောချင်တဲ့ ပေးချင်တဲ့အချက်ကို စိတ်ဝင်စားအောင် တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားနိုင်တဲ့ ရေးဟန်လေးကို သဘောကျတယ်
ခင်တဲ့ Snow
အင်း.. အပူဆိုတာ တွယ်တာမှ ဖြစ်တာထင်ပဲ..
အရာရာကို တွယ်တာနိုင်ကြပါစေ..
အရာရာမှာလည်း အပူတွေ ဝေးကြပါစေ..
စာရေးသူလည်း အပူဝေးပါစေ..
သြော် အပူ အပူ
ငါလည်းရစရာကိုမရှိတော့ဘူးနော် လူတွေသိကုန်ပြီ :(
အဲဒါပြောပါတယ် အမျိုးအရင်းတွေသစ္စာဖောက်ခံရမယ်လို့ဗေဒင်ဟောထားတာ
မှန်လိုက်တဲ့ဗေဒင် :P
မကြီးလွမ်းရေ..
ဒယ်အိုးက နောက်မှ ပူဗျာ...အခုလောလောဆယ်
ချစ်သူ....ဆီက အဖြေမရမှာ.................ပူနေတယ်
ချစ်သူ ..က တခြားတယောက်ကိုချစ်သွားမှာ ........ပူနေတယ်
ချစ်သူ ..ကိုယ့်ကို စိတ်ပျက်သွားမှာ ................ပူနေတယ်
ချစ်သူ.. ကို ပိုင်ဆိုင်ချင်စိတ်တွေကြောင့် ................ပူနေတယ်
ချစ်သူ...ရဲ့ အသိုင်းအ၀ိုင်း က ကိုယ့်ကို လက်မခံမှာ ..........ပူနေတယ်
မကြီးလွမ်းဆီကိုပါ အပူတွေကူးကုန်မှာဆိုးလို့  ဒီချစ်သူတယောက်နဲ့ တင်
ဘယ်လောက်ပူနေရတယ်ဆိုတာပြောမိတာပါ
တခြားအပူတွေပါပြောထည့်လိုက်ရင် မကြီးလွမ်း မျက်ရည်ပါတောက်တောက်ကျမယ်ထင်တယ် ဟီးးးးးးးး
ဆင်းရဲတွင်းနက်တဲ့ အပူတွေကို
ငြိမ်းသတ်နိုင်တာ တရားရေအေးပဲ အလွမ်းရေ။
လောကလူသားအားလုံး သောကအပေါင်းကင်းဝေးနိုင်မဲ့
နည်းမှန်လမ်းမှန်လေးကို ကျင့်သုံးနိုင်ကြပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အပူ အပူ ဘယ်အပူမှ မကောင်ပေမယ့် ကော်ဖီပူပူလေးကတော့ အရသာရှိထှာနော်
စကားမစပ် ကိုရာဇာထွေးရဲ့ အပေါ်မှာ အောင်အောင်ရှိတယ်လေ ဟိ စတာနော်
အလွမ်းရေ အားပေးလျက်ပါနော်
ဟုတ်တယ် လွင်ပြင် ရေ...
အကိုလာမန့်တုန်းက ဘယ်သူမရှိ ဘူး...
ဒါကြောင့် အကိုလည်း အားရ၀မ်းသာ လက်ခမောင်းခတ်
ပြီး မန့်သွားတာလေ... စိတ်မချလို့ ပြန်လာကြည့် တော့
ထင်တဲ့အတိုင်း ကိုယ်ကနောက်ပဲ :P.. အောင်အောင်က
အကို့အရင် မန့်သွားတာသိဘူးရယ်... အဲလိုပဲ လွင်ပြင်ရေ
မင်း အကိုအမြဲနောက်ကောက်ကျနေတာ အခုထိဘဲ..
ဆရာလေး(လမင်း)က လည်းသူဟာသူလူတွေ သိအောင်ပြောပြီးမှ
အမျိုးတွေသစ္စာဖောက်တယ်ဆိုပြီး မဆိုင်တဲ့ ပိန္နဲပင်ကြီးကို ပဲလာလာ
ဆွဲထည့်နေတယ် :P ပြောတော့ဘူး သီချင်းလေးဆိုပြီပဲ ပြန်တော့မယ်...
(((ပြန်ပါအုန်းမယ် ပြန်အုန်းမယ် နှုတ်ခွန်းဆက်ပါတယ်)))
ဧဒင်ကတော့အပူဆိုရင်အကုန်လုံးကိုကြောက်ပါတယ်.....
ဟုတ်တယ်မကြီးလွမ်းရေ....အပူဆိုတာ လူတိုင်းမှာရှိနေပေမဲ့ သံသရာထိပါမဲ့ အပူတွေမလုပ်မိအောင် နေနိုင်ကြပါစေလို့ဘဲ ဆုတောင်းပါရစေဗျာ.........
ဟား..ဟား ကိုရာဇာကြီးရေ အနော်လည်းတစ်ခါမှ အဦးဆုံး ကွန်မန့်မပေးဘူးလို့ အပြေးလာပေးခဲ့တာ...ဒီတစ်ခါ ဘယ်ရမလည်း ငှဲ့..ငှဲ့
အစ်မရေ...
ပူနှစ်ပူပေါင်းတော့ ဗိုက်မပူအောင်ထိန်းထားရပါတယ်...
နာမည်ကြီးအောင် လုပ်ပေးတဲ့အစ်မလွမ်းအတွက် ကျေးဇူး
(အပူသက်သာ သွားအောင် တို့ တီတင့်နားမှာပဲ နေတော့မယ်)
ထော်ဦး
မကြီးလွမ်းရဲ့ စေတနာ အသိပေးတရားစကားလေး.. ရင်မှာထားပြီး မှတ်သားခဲ့ပါတယ်.. ကိုယ်စိတ်နှလုံး ချမ်းမြေ့ပါစေနော်.. မကြီး..။
နောက်ကျနေတယ် ပူနေလို့ပါကွယ်
ဒီမှာ အရမ်းကိုပူတယ် မနက် ၅နာ၇ီကနေ ၉-၁၀ နာရီကတော့အေးပြီးအိပ်ကောင်းတယ်
ပူတဲ့အကြောင်းလေးတွေကို ပိုစ့်လေးတစ်ပုဒ်နဲ့ဆွဲဆောင်နိုင်ခဲ့တယ်
တရားအသိလေးကို ပြေပြေပြစ်ပြစ်လေး ရှင်းပြသွားတာမို့ ဖတ်ရတာ နှစ်သက်စရာ။
ခင်တဲ့
မြတ်
လူတစ်ခုပူမူရယ်တဲ့ ဘာတဲ့(စာလုံးမပေါင်းတတ်ဖူး ဟီးးးးး)
အဲ့လိုအဲ့လို လူတစ်ခုပူမူရယ်တဲ့ ဆယ်ကုဒေ (မပေါင်းတတ်တော့ ဒီလို
ရေးသဟ ) :P တဲ့ ဒီတော့ပူတာမဆန်းပါဘူး ပူချင်သလောက်
ပူစမ်းပါစေ အဲကွန်းဖွင့်ပြီးမခံနိုင်လဲ အံကြိတ်ခံမယ့့်
နို့ ဒါပေမဲ့ အဲ့အပူထဲမှာ မကြီးလမင်းလိုအပူကတော့
ခက်သဗျ့ ကိုယ်တွေ့ကိုယ်တွေ့
မကြီးလွမ်းရော့ဘိုပူသလဲ အင်တာဗျူးသည်????
Post a Comment