မင်္ဂလာရှိသော နေ့လေးမှာ စာဖတ်သူများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ကျမတို့ ကညင်ကုန်းရွာအတွက် မီးစက်အလှူလေး စတင်ကောက်ခံခဲ့တာ ယ္ခုဆို ကျမတို့ခန့်မှန်းထားတာထက် အလှူငွေကိုပိုပြီး လက်ခံရရှိပါတယ်။ ထို့အတွက်ကြောင့် အလှူတွင် ပါဝင်ကူညီကြသော စေတနာရှင် အပေါင်းတို့အား ကျမ အလွမ်းမြို့လေးမှ ရွာသူရွာသားများ အားလုံးရဲ့ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဦးစွာပထမ ပြောကြားလို့ပါတယ်။
ကညင်ကုန်းရွာလေးအတွက် ကျမတို့တာဝန်ခံတွေမှ တိုင်ပင်ပြီး စတင်အကောင်ထည်ဖော် အလှူငွေကောက်ခဲ့တာ ((( ၁၁.၄.၂၀၁၂))) ရက်ကစပြီးဖြစ်ပါတယ်။ ခုဆို ((( ၁၁.၅.၂၀၁၂))) ဆို ၁လ တိတိပြည့်ပြီမို့ ကျမတို့ ဝမ်းမြှောက်ကျနပ်စွာဖြင့် အလှူငွေကောက်ခံမှုကို ပိတ်သိမ်း လိုက်မှာ ဖြစ်ပါတယ်။
ဦးဇင်းအရှင်ဝိမလ၀ံသ မှ ဦးဆောင်၍ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ၀က်ခြံဂယက်ကျေးရွာအုပ်စု၊ ကညင်ကုန်း ကျေးရွာလေး အတွက်မီးပေးနိုင်ရန် မီးစက်အလှူကို ( ၁၁. ၀၄. ၂၀၁၂ ) ရက်နေ့တွင်စတင် ပြီးအလှူငွေများ ကောက်ခံခဲ့ပါတယ်ရှင်။ အလှူရှင်များရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားကြောင့် လိုအပ်နေတဲ့ မီးစက်အတွက် အလှူငွေများ ကိုအချိန်တို အတွင်းမှာဘဲ လက်ခံရရှိခဲ့ပါတယ်။
မီးစက်အလှူအတွက် ကုန်ကျမယ့်အလှူငွေ ကျမတို့ ယခင် ခန့်မှန်းထားတာထက် ပိုပြီးကောက်ခံရရှိခဲ့တဲ့ အတွက် အင်မတန်မှကို ၀မ်းသာပီတိလည်း ဖြစ်မိပါတယ်ရှင်။ ကျမတို့ အနေနဲ့ ဒီမီးစက်အလှူ ကို မေလကုန်ပိုင်းမှာ အပြီး သွားရောက်လှူဒါန်းရေ စက်ချမယ်လို့ ယခင်က စီစဉ်ထား ခဲ့ပါတယ်။
ဒါပေမယ့် ဒီ ကညင်ကုန်းကျေးရွာ မီးစက် အလှူကို စတင်ပြီးဦးဆောင်ပေးတဲ့ ဦးဇင်း အရှင်ဝိမလ၀ံသမှာစာမေးပွဲကြောင့် မေလထဲမှာ မြန်မာနိုင်ငံကိုပြန်လို့မရတာမို့ အလှူအတွက် အချိန်အနည်းငယ် နောက်သို့ရွေ့လိုက်ရပါတယ် ရှင်…။
ဦးဇင်းအရှင်ဝိမလ၀ံသ လက်ရှိဖြေဆိုနေသော ((Ph.D)) ဝင်ခွင့် ရေးဖြေစာမေးပွဲ ဟာပြီးဆုံးသွားပြီ ဖြစ်ပေမယ့် နောက်ထပ် နှုတ်မေးနှုတ်ဖြေ စာမေးပွဲကတော့ ဇွန်လ ၈ ရက်နေ့မှသာပြီး မှာဖြစ်ပါတယ် ။ ဒါကြောင့် ဦးဇင်း အနေနဲ့စာမေးပွဲအပြီး ဇွန်လ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံသို့ အရောက်ပြန်ကြွမှာဖြစ်ပြီး မီးစက်အလှူအတွက် ဇွန်လ ၁၅ ရက်နေ့တွင် ရေစက်ချ လှူဒါန်းပေးမှာဖြစ်ကြောင်း အသိပေးအပ်ပါတယ်…။
ကျမတို့ အစပထမမှန်းထားသော အလှူငွေထက် ယ္ခုလက်ရှိ ကောက်ခံရရှိထားသော အလှူငွေမှာ ခန့်မှန်းချေအရ ပိုနေမည်ဖြစ်ပါတယ်။ ထို့ကြောင့် မီးစက်အလှူအတွက် ပြီးမြောက်၍ ပိုလျှုံလာသော အလှူငွေများကိုလည်း ထိုကျေးရွာလေးမှာပင် လိုအပ်သောနေရာတွင် ထပ်မံပြီး အလှူအတန်း တခုခုကို ပြန်လည်ပြုလုပ်ပေးမှာ ဖြစ်ကြောင်းလည်း အလှူရှင်များကို ကြိုတင်အသိပေး အကြောင်းကြားအပ်ပါတယ် ရှင်။
ကညင်ကုန်းကျေးရွာမီးစက်အလှူအတွက် အလှူ ငွေကောက်ခံခြင်းကို ( ၁၁. ၀၅. ၂၀၁၂ ) ရက်နေ့တွင် ပိတ်သိမ်းမှာဖြစ်ကြောင်း စေတနာရှင် အလှူရှင်များနှင့်တကွ မိတ်ဆွေသူငယ်ချင်း အားလုံးကို အသိပေး အကြောင်းကြား အပ်ပါတယ်ရှင်။
ယခုပြုလုပ်သော ကညင်ကုန်းကျေးရွာ မီးစက်အလှူလေးအတွက် အဖက်ဖက်မှ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ၀ိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များကို ကညင်ကုန်းကျေးရွာသူ/
သားများကိုယ်စား အလှူဖြစ်မြောက်ရေးအဖွဲ့မှ ညီအကိုမောင်နှမများက
အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် လက်ခံရရှိထားသော အလှူငွေစာရင်းများနှင့် ကုန်ကျငွေစာရင်းများ ကိုလည်း အလှူပွဲ ပြီးတာနှင့် ကျမတို့ ရှင်းလင်းတင်ပြ ပေးသွားပါမယ်ရှင်။။
အလှူရှင်အမည် နှင့် စာရင်းများကို ဖြော်ပပေးထားပါတယ်။ ၁၁.၄.၂၀၁၂ မှာ ၉.၀၅.၂၀၁၂ ထိကောက်ခံရရှိထားသော အလှူရှင်များစာရင်း။
အလှူတွင် နာမည်မပါသေးသော အလှူရှင်များ ကျမ၏ပေါ့ဆမှု့ကြောင့် မေ့ကျန်ခဲ့လျှင် ကျေးဇူးပြုပြီး ကျမအီးမေလ်းသို့
အကြောင်းကြားပေးရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
စေတနာရှင် အလှူရှင်များ နှင့် သူငယ်ချင်း ညီအကိုမောင်နှမတွေအားလုံး ဘ၀အမောတွေပြေကြပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်............
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်း
3 comments:
ပို့စ်လေး ဖတ်သွားပါတယ် အမရေ... အခုလိုအချိန်တိုအတွင်းမှာ
အလှူငွေ ကောက်ခံနိုင်တာ စေတနာရှင်တွေရဲ့ ထက်သန်လှတဲ့သဒ္ဓါ
တရားကြောင့်ဆိုရင် မမှားပါဘူး အမရေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်
တို့အားလုံး ၀မ်းသာကြည်နှုးပြှီး ပီတိတွေဖြစ်နေတာတော့ အမှန်ပါအမရေ
အမလည်း တော်တော် ပင်ပန်းသွားပါပြီ...
ခင်မင်စွာဖြင့်
ရာဇာထွေး
ရာဇာလေးရေ. ဘာဘဲဖြစ်ဖြစ်ပေါ့ အသက်ရှင်စဉ် တတ်နိုင်တာလေး လောကအကျိုး သူတစ်ပါးအကျိုး
သယ်ပိုးရတာ အတိုင်းထက်လွန် ပီတိဖြစ်ရပါတယ်။ စေတနာသဒ္ဓါ ထက်သန်လှတဲ့ အလှူရှင်များ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့
ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။ ရာဇာလည်း ပင်ပန်းတာသိပေမဲ့ မကြီးလို ပီတိကိုစား အားရှိ ပေါ့။
ခင်မင်တဲ့
မကြီးလွမ်း
တို့လည်းလိုက်မယ်ချန်မထားနဲ့ကုသိုလ်ရေးမို့အားတက်တယ်..
လိုက်မယ် လိုက်မယ်...
Post a Comment