အားလုံးသော စာဖတ်သူမောင်နှမများ မင်္ဂလာပါရှင်။ ဒီနေ့ဆို မေ (၁၄)ရက်နေ့ ဖြစ်ပါတယ်။ ကျမ အလွမ်းမြို့မှ ဒီ ((မေ))လ အတွက် ကံထူးသူများနဲ့ အမှတ်တရ တစ်ခုလုပ်ချင်လို့ ဘလောဂ်ဂါ မောင်နှမများ အားလုံးကို ဖိတ်ခေါ်ပါတယ်။ ကျမ ပိုစ့်ကိုဖတ်ပြီးသူတိုင်းလည်း လက်ဆင့်ကမ်းပေးလို့ ရပါတယ်။ ((((အထူး :D သတိပြုရန်)))) အိမ်ထောင်သည်များသာ။ အပျိုကြီး လူပျိုကြီးများ မပါပါဘူးရှင်။
ကျမရဲ့ အထူးအစီစဉ်လေးက ဒီလိုပါ။ မေလ (၃၁)ရက်မှာ မင်္ဂလာဆောင်ထားတဲ့ မင်္ဂလာမောင်နှံစုံတွဲများ ရှိမယ်ဆိုရင် ကျမ ဖိတ်ခေါ်ချင်ပါတယ်။ (( မေ ၃၁)) ရက်မှာ မင်္ဂလာဆောင်ထားတဲ့ မင်္ဂလာမောင်နှံများအတွက် အလွမ်းမြို့ဆိုတဲ့ ကျမ မှလက်ဆောင်တစ်ခု ပို့ပေးမှာဖြစ်ပါတယ်။ တန်ဖိုး ကြီးမှားတဲ့ လက်ဆောင်မဟုတ်ပေမဲ့ ဘလော့ရဲ့ အမှတ်တရ တစ်ခုပါ။ မင်္ဂလာဆောင်ပြီးတဲ့ ဇနီးမောင်နှံတိုင်း မင်္ဂလာဆောင်ရက် ((( မေ ၃၁))) ဖြစ်ခဲ့မယ်ဆို ကျမဆီ မေလ်းပို့အကြောင်းကြားပေးပါ။( ကျမအီးမေလ်း alwanmyolay@gmail.com )
ဒီအစီစဉ်လေးက အပျော်လေးဖြစ်စေသလို အမှတ်တရလည်း ဖြစ်စေမှာပါ။ မင်္ဂလာစုံတွဲတိုင်း ပါဝင်ဆင်နွှဲနိုင်ပါတယ်ရှင်။ အောက်မှာ မင်္ဂလာဆောင်ဖိတ်စာ နမူနာတစ်ခု ပြထားပါတယ်။ ဖိတ်စာလေးမှာ ပါတဲ့ရက်စွဲနဲ့ တိုက်ဆိုင်တဲ့ မင်္ဂလာစုံတွဲများကို အထူးဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ ကျမဆီကို မေ(( ၃၁)) ရက်မတိုင်ခင် အကြောင်းကြားပေးကြပါ။ မင်္ဂလာစုံတွဲများ အတွက် အထူးအစီစဉ်လေးပါ။
ကျမမှအထူးအစီအစဉ် အပျော်လေးနဲ့ အမှတ်တရလေးဖြစ်စေချင်တာမို့ မည်သည့် စည်းကမ်းမှ သတ်မှတ်ထားခြင်းမရှိပါ။ မောင်နှမများ အားလုံးကို ယုံကြည်စိတ်ချ ခင်မင်သော စိတ်ဖြင့်သာ။ မင်္ဂလာစုံတွဲတိုင်း ပျော်ရွှင်နိုင်ကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား ချစ်ခင်လျှက်
အလွမ်းမြို့
17 comments:
နာတယ်ကွာ...လက်ဆောင်မရတော့ဘူး
နာတယ်ကွာ လက်ဆောင်ရတော့ဘူး တွတ်ပီကံမကောင်းပါလားနော်..:P
အိမ်ထောင်သည်တွေ ပါဘူးလားးးး
စိတ်မကောင်းထာာာ
လက်လေးနောက်ပစ်လို့ ပြန်တွားပါတယ်း)
မကြီးလွမ်းရေ နောက်နှစ်အတွက် ကြိုတောင်းထားလို့မရဘူးလား ခိခိ
မကြီးလွမ်းရေ....သားကတော့ မတိုက်ဆိုင်ဘူးဗျာ.....နောက်တစ်ခါ ဖေဖော်ဝါရီလုပ်ဗျာ....ဟီးးးးးး :P
မေလ 14 ရက်နေ့  က rose day လေးမို့ လို့ မကြီးလွမ်းတို့ တော့
ထူးထူးခြားခြားဒွေလုပ်နေဘီ ခက်တာက မိုးသူ အခုချက်ချင်းကြီး
မိန်းမ ထယူရတော့မလိုလို ဖြစ်နေတာပါ
သိပ်မရက်စက်ပါနဲ့ မကြီးလွမ်းရာ
အောက်မှာ နှစ်တနှစ်လုံးမှာရှိတဲ့  လတိုင်းလတိုင်းရဲ့ 14 ရက်နေ့ လေးတွေကို
ဗဟုသုတအဖြစ်မျှဝေထားပေးပါတယ်
http://firstaprilpoems.blogspot.com/2012/05/every-months-of-14.html#more
အပျိုဂျီး လူပျိုဂျီးဒွေမပါတဲ့ ... ဟွင်း ...း(
အေးလကွာ သများတို့လက်ဆောင်မရတော့ဘူးနော်
ရက်စွဲပြန်ပြီးပြောင်းရင်ရမှာလား ဟီး
မကြီးလွမ်းရေ နောက်ထပ်1နှစ်လောက် စောင့်ပေးပါလား...ဒါမှမဟုတ်ကြိုပေးထားလို့ရမလား ဟိဟိ..
အဟမ်...အဟမ်း...
အခုမှ အိပ်ရာ ကနိုးလို့ ဒီမှာလာချောင်းတာ အထူးအဆန်းနဲ့လာတွေ့နေတယ်...
စည်းကမ်းချက်ကို ဘ၀င်မကျလို့ ၀င်မန့်.သွားတာ... အပျိုကြီး၊ လူပျိုကြီးတွေ
မပါပါ ဆိုပြီး ၀ိုင်းပယ်တာတော့ ဘယ်ကောင်းမလည်းဗျာ... သူတို့လည်းချစ်တတ်
တဲ့နှလုံးသားရှိကြပါတယ် ( မစွံကြတာပါ :P )အဲလိုတော့ခွဲခြားခွဲခြားမလုပ်ပါနဲ့အမ
ရာ... ကျွန်တော်မခံနိုင်ဘူး( သူတို့ခံကြပေါ့ :P )..ဒါကြောင့် အလွမ်းမြို့လေး ရဲ့
စည်းကမ်းချက်ကို လက်မခံနိုင်တဲ့ ဘလော့ မောင်နှမ အပျိုကြီး၊ လူမျိုကြီးများ ခင်ဗျာ...
31 ရက် မေလ မတိုင်မီ အားလုံးလက်ထပ်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်
ခင်ဗျာ :D ... ယူကြပါ၊ ယူကြပါ... အလွမ်းမြို့လေးကို ဆုံးမတဲ့ အနေနဲ့ ယူသာ
ယူလိုက်ပါ... အဖတ်တင်ပါတယ် ခင်ဗျာ... အံမယ် အမ စံပယ်ချိုက လက်ဆောင်
လိုချင်တာပေါ့လေ.. အမရေ မင်္ဂလာဆောင်တာ ခဏခဏဆောင်လို့ ရတယ် လက်ဖွဲ့
လိုချင်ရင်နောက်တခါ ထပ်ဆောင်လိုက် သူများတွေ ရွှေရတု၊ ငွေရတုတွေတောင်လုပ်
နေကျတာပဲ အချိန်မှိသာ လုပ်လိုက်.. ဘယ်သူမှ မဖိတ်နဲ့ ကျွန်တော်တယောက်ထဲ
လာစားမယ် :D.. အံမယ် အံမယ် တွေ့ပြန်ပြီတယောက် သူများတွေ စိန်ကောင်း
ကျောက်ကောင်း ရောင်းဝယ်နေတာကို ဟို သီလရှင်(ချစ်စံအိမ်)က ဘာဝင်ပြီး
ကန့်လန့် ကန့်လန့် လုပ်နေတာလည်း.. မောထှာ :P လူပျိုကြီးတွေ မပါဘူး
ဆိုလို့ ကျွန်တော် လှည့်ပြန်သွားပါ တယ်...ကျွန်တော် လူပြိုအစစ်ပါဗျာ :P
ခင်မင်စွာဖြင့်
ရာဇာထွေး
ဂျက်ပြောသလို မင်္ဂလာရက်စွဲပြန်ပြောင်းလိုက်မှထင်တယ် :P
မေ ၃၁ မင်္ဂလာစုံတွဲများ ပျော်ရွှင်ကြပါစေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟတေစမ့်း အိမ်ထောင်ကျပြီးတဲ့သူတွေ
မိုက်တယ်ဟ့ဟွန့် အဲ့အဖော်တွေတော့ရှိသားပဲ
ဆြာလေး လမင်းရေတွေ့လား နောက်နှစ်တော့
မှိသေးတယ်နော
အရွယ်မရောက်တဲ့သူလေး လာသွားတယ်
အရွယ်မရောက်သေးတာ နာတယ်ကွာ
မေမေရေ . . .
တား မိန်းမလိုချင်တယ်
း)
ဆရာလေးလည်းပါချင်တာပေါ့လို့ လူပြိုကြီးရ ဖြိုးဇာနည်လည် ဆရာလေးပဲလာလာလုပ်တိုက်တယ်
မှီသေးတယ် အမြန်ရှာမှာပါ တိန်..
အစ်မလေးရေ...
ကျွန်တော်က လူပျိုလေးပါ
အဲဒါကို လာအကြောင်းကြားလိုက်ပါတယ်...
ထော်ဦး
မကြီးရေတကယ်ကို အထူးဆန်းလေးဗျာ..
Post a Comment