Monday 4 June 2012

အမှတ်တရများ ((မေ ၃၁))

ဒီနေ့လေးတော့ အမှတ်တရ ဝယ်ဖြစ်တာလေးတွေကို စာဖတ်သူများကို မျှဝေလိုက်ပါတယ်။ တစ်ခါမှတော့  ခုလိုဝယ်ဖူးတာတွေ  ဘလော့မှာတင်လေ့မရှိပါဘူး။ ဒီ ((၃၁)) ရက်နေ့လေးက  ဝယ်ဖြစ်တာလေးတွေကိုတော့  အမှတ်တရအဖြစ်  တင်ပြခြင်းပါ။ ဝယ်ထားတာလေးတွေကို  တင်ပြထားတာမို့  ကြွားတယ်လို့လည်း  မထင်ပါနဲ့။ (မင်္ဂလာ - ၄ ) နှစ်ပြည့်   အမှတ်တရ  ဝယ်ဖူးတာလေးတွေမို့ပါ။ ကျမရဲ့  အိမ်ဦးနတ်ဖြစ်တဲ့  *** မောင့် *** အတွက်  အမှတ်တရ  စာတိုလေးကို  ရင်ထဲမှ စကားလုံးတွေနဲ့  ရေးဖြစ်ခဲ့ပါတယ်။

ဘဝအချိုးအကွေ့မှာ  
အခက်ခဲများစွာရှိသော်ငြား  
တွဲလက်ညီတူ  ကြည်ဖြူခွင့်လွှတ်
ဇနီးသည်လိုတစ်မျိုး  နှမလေးလို့တစ်ဖုံ
သူငယ်ချင်းလို  မေတ္တာမျိုးနဲ့
စောင့်ရှောက်ကာကွယ်
အားပေးနှစ်သိမ့်  သီးခံစိတ်နဲ့
ချစ်တတ်တဲ့သူ  မောင့်ကိုလေကွယ်
အလွမ်းမြို့မှ ကျေးဇူးချစ်စကား  ရင်မှာပြောကြား 
ယနေ့မှတိုင် နှောင်နှစ် *** ၁၀၀*** တိုင်  ကြင်နာတွဲလက် မြဲစေချင်တယ်။

မောင်နဲ့အတူ  ရှော့ပင်ထွက်ရင်း ဝယ်ဖြစ်ခဲ့သော

  ဒီကင်မရာလေးက လင်မယား၂ယောက်
အပြင်ထွက်ရင် ဟိုရိုက်ဒီရိုက်ဖို့အတွက်ပါ
 ဒါလေးကတော့ လင်မယား၂ယောက် ငါးလေးဘာလေး
ပေါင်းစားဘို့အတွက်ပေါ့
ဒီအောက်က  မောင့်အတွက်ဝယ်ပေးလိုက်တဲ့
မီးခြစ်လေး
အောက်က  ရေမွေးလေးကတော့ မောင်က
ကျမကို ဝယ်ပေးတဲ့ အမှတ်တရလေး
အောက်က  အမ်ပီသရီးကတော့
ကျမ သီချင်းကြိုက်သူမို့
ကိုယ့်စိတ်ကြိုက်ဝယ်လိုက်ခြင်းပါ
ဒါလေးကတော့  ကျမအိမ်ကို
လာလည်ကြတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက်
သခွားသီး...သဘောင်္သီးထောင်းကျွေးရန်
ရှယ်  ဝယ်လာခဲ့ခြင်းပါဘဲ
((( ပစ္စည်းအားလုံးထဲ  အကြိုက်ဆုံးပေါ့)))
နောက်ဆုံး လင်မယား၂ယောက်  အတူဝယ်စားဖြစ်တဲ့
ငါးကင်လေးပါ။ဘယ်လိုကင်ထားလဲတော့ မသိဘူး။
စားလို့အတော်ကောင်းသား။

စာဖတ်သူများ  ကိုယ်စိတ်နှစ်ဖြာ  ပျော်ရွှင်ချမ်းမြေ့ပါစေလို့  ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။




စာဖတ်သူများကို  လေးစားချစ်ခင်လျှက်
အလွမ်းမြို့

12 comments:

လွင်ပြင်လှိုင်းငယ် said...

ဒီလင်ဒီမယားနှစ်ပေါင်းထောင်သောင်း(နဲများနဲနေသေးလား နဲရင်ပြန်ပြောနော်)
အကြင်နာတွေပွါး နောင်လာနောက်သားတစီတန်းနဲ့ ဘ၀ကိုပျော်ရွှင်စွာကျော်လွှာနိုင်ပါစေနော်။

ချစ်စံအိမ် said...

ဘာပဲပြောပြော ကင်မရာတော့သေချာသိမ်းနော်မမ
လမင်းကင်မရာတွေ့ ရင် မနေနိုင်လို့ပါ.. ဟီး
နောက်နှစ်ပေါင်းများစွာ ရွှေလက်တွဲမြဲစေသားးးးးးးးးးးးးးးးးးးးးးးးးး
မှတ်ချက် တိုတိုဆို မောင်ဖြစ်သွားပြီလား:P

အလွမ်းမြို့ said...

လွင်ပြင်ရေ.. ဆုတွေပေးထားတော့ တော်တော်ပျော်သွားတယ်။ လန့်သွားတာလေးက ((( နောင်လာနောက်သားတစီတန်းနဲ့ ))) အဲဒီစာကြောင်းလေးကြောင့် မျောက်လုံးပြူးသွားတယ်။အဟီး
ကျေးဇူးတင်ပါတယ်။ အလွမ်းတို့ မင်္ဂလာဧည်ခံပွဲရက်က လွင်ပြင်မွေးနေ့နဲ့လည်း တိုက်တယ်လေ။
((၁.၆.))ပေါ့..ခက်တာက မွေးနေ့နဲ့ မင်္ဂလာရက်က နည်းနည်းကွာသွားလို့ ဆုရခါနီးဘဲ။
ဒါပေမဲ့ မင်္ဂလာရှိတာတော့ တူတူဘဲနော်..
((ခင်တဲ့ - အလွမ်း))

ညီမလေး လမင်းရေ...
(တိုတို)ဆိုတာက ချစ်စနိုးနဲ့ခေါ်တာ...မောင် - ဆိုတာက အိမ်ဦးနတ် နာမည်မှာ မောင် ပါတယ်လေ. မောင်တစ်လုံးပါတယ်...မောင်တစ်လုံး ဆိုလို့ ဘလော့ဂ်ဂါ မောင်တစ်လုံး မဟုတ်ဖူးနော်.
ကင်မရာလေးက လမင်းတို့ ကင်မရာလိုမကောင်းပေမဲ့ သူ့ရဲ့ လက်ဆောင်ပေါ့..တကယ်တော့
သူဝယ်ပေးချင်လို့မဟုတ်... ကိုယ်က ဂျီကျလို့...အဟီးး....
(((ချစ်တဲ့ - မမလွမ်း))

နွေလ said...

ဒီလင်ဒီမယား အိုအောင်မင်းအောင်မကဘဲ
နောင်ဘဝဆက်များစွာအထိလည်း ပေါင်းဖက်နိုင်ကြပါစေ
( လူငယ်လေးတစ်ယောက်က ဆုတောင်းပေးခြင်း )

နွေလ said...

ဒီလင်ဒီမယား အိုအောင်မင်းအောင်မကဘဲ
နောင်ဘဝဆက်များစွာအထိလည်း ပေါင်းဖက်နိုင်ကြပါစေ
( လူငယ်လေးတစ်ယောက်က ဆုတောင်းပေးခြင်း )

နွေလ said...

ဒီလင်ဒီမယား အိုအောင်မင်းအောင်သာမကဘဲ
နောင်ဘဝများစွာအထိလည်း ပေါင်းဖက်နိုင်ပါစေ

ကြည်ဖြူခင်ခင် said...

အာ..ဟိုဟာလဲ.. လင်မယားနှစ်ယောက်.. ဒီဟာလဲ လင်မယားနှစ်ယောက်.. ဟိုတစ်ခုက မောင့်အတွက်ဝယ်ပေးတာ.. ဒီတစ်ခုက မောင်က၀ယ်ပေးတာနဲ့.. ဟိဟိ.. သဘောကျတာတော့အမှန်ပဲ.. (သဘောကျတာ > not equal 2 < အားကျတာ).. :P

မိုးသူ(တောင်ကြီး) said...

camera လိုချင်တယ် မီးခြစ်ကြိုက်တယ် ဟီးဟီး

သူတို့ ဟာနဲ့ သူတို့ တော့ ဟုတ်နေတာပဲ

မိုးသူတို့ လဲ တစုံတယောက်ကို ၀ယ်ပေးချင်တယ်

တစုံတယောက်ဝယ်ပေးတာလဲ လိုချင်တယ်

3rdthameetaw said...

ငါးကင်လေးတော့မြီးချင်ပါတယ်..ကောင်းတယ် ဆိုလို့ ..
အားတော့မကျဘူးကွာ..တစ်ယောက်ထဲနေရတာကြိုက်လို့ ..
ဒီလင်းဒီမယာတော့ အိုအောင်မင်းအောင်
ရာသက်ပန် ပေါင်းကြရပါစေသောဝ်...

ဖြိုးဇာနည် said...

နောင်လာနောက်သားတသီတတန်းနဲ့အပြင်
ဟိဟိ့ရှင်ပြုပွဲမှာ ပိုက်ပိုက်များကြီးကြဲနိုင်ကြပါစေ
ဝက်သားဒုန်းရီးလက်တီးဆုပ်နဲ့ အလှူမှာကျွေးနိုင်ပါစေဗျာ့

အော့်မကြီးလွမ်း ချောင်းဆိုးကင်းစင် ပြုံးပျော်ရွှင်
အိုဘီမင် သောက်ဖို့မမေ့နဲ့နော့် ခွီခွိ :P

ရာဇာထွေး said...

အဟီး သိပါဘူး.... အမလွမ်းကို လမင်းတို့လို အပျိုကြီးအောင့်မေ့နေတာ :P
လမင်းကတော့ သေချာသွားပြီ သီလရှင်ဝတ်မှာ... အမလွမ်းတို့က အခုလိုတွေ
ရေးလေ... လမင်းတို့ မျောက်ငပိကိုင် မိသလိုဖြစ်လေပဲ :P.. ကျွန်တော်ပြော
တာသူမသိစေနဲ့နော် ... အင်းဒီ အကို ဒီအမ အိုအောင်မင်းအောင် ရာသက်ပန်
ရိုးမြေကျ ပေါင်းသင်းနိုင်ပါစေခင်ဗျာ... အမရေ ပေးချင်တဲ့ဆုတွေတော့ အများ
သား.. တော်ကြာပေးသမျှ အမတို့ မယူနိုင်မှာ စိုးလို့ ရယ် ... တော်ပြီနော် :P

ခင်မင်စွာဖြင့်
ရာဇာထွေး

စံပယ်ချို said...

အလွမ်းလေးရေ
ချစ်ရတဲ့လင်တော်မောင်နဲ့ ရာသက်ပန်တွဲလက်တွေခိုင်မြဲပါစေလို့
ချစ်တဲ့ jasmine