အလှူမှတ်တမ်းဓါတ်ပုံလေးများကို အောက်ကလင့်တွင်လည်း သီးသန့်တင်ထားပေးပါတယ်..။
ကညင်ကုန်းကျေးရွာမီးစက်အလှူ စာရင်းရှင်းတမ်း
ကညင်ကုန်းကျေးရွာ မီးစက်အလှူလေးနှင့် ပညာရေးဒါနအလှူပွဲလေးကို ၁၅/ ၀၆/ ၂၀၁၂ ရက်နေ့ တွင်အောင်မြင်စွာ ရေစက်ချလှူဒါန်းခဲ့ပြီးပါပြီ…။ ကျမတို့ အလှူဖြစ်မြောက်ရေးအဖွဲ့ အနေနဲ့ အလှူအတွက် ကောက်ခံရရှိတဲ့ အလှူငွေများနှင့်တကွ အလှူအတွက် ကုန်ကျငွေစာရင်း အစုစုတို့ကို အလှူရှင်များ သိရအောင် တင်ပြလိုပါတယ်…။ ဒါမှလည်း အလှူရှင်များအနေနဲ့ မိမိတို့လှူဒါန်းလိုက်တဲ့ငွေကို ဘယ်နေရာတွေမှာ ဘယ်လို အသုံးပြုလိုက်တယ် ဆိုတာကိုသိကြမှာပါ…။ ဦးဇင်းအရှင်ဝိမလ၀ံသ အပါအ၀င် ကျမတို့ မောင်နှမတွေ ဦးဆောင်ပြီး ပထမဦးဆုံးလုပ်ဖူးတဲ့ စုပေါင်းအလှူလေးပါ…။ ကျမတို့ အနေနဲ့အခုလို မျိုးလည်းတခါမှ လုပ်ဖူး၊ ကိုင်ဖူးခြင်းလည်း အလျှင်းမရှိခဲ့ ဖူးပါဘူး.။ ဒါကြောင့် ကျမတို့မောင်နှမတွေအနေနဲ့ လုပ်တာကိုင်တာလေးများ အမှားအယွင်းများရှိခဲ့မယ်၊ လိုအပ်ချက်လေးတွေ ရှိနေခဲ့မယ်ဆိုရင် ကျမတို့ရဲ့ ပေါ့ဆမှုလို့ပဲ သဘောထားပြီး နားလည်ခွင့်လွတ် ပေးစေချင်ပါတယ်..။ အခုလို အလှူလေးတခု အထမြောက် အောင်မြင်သွားအောင် ကူညီလှူဒါန်းပေးခဲ့ကြသော အလှူရှင်များနှင့်တစ်ကွ ကျေးဇူးတင် ထိုက်သူများအားလုံးကို ဒီနေရာလေးကနေ ထပ်မံပြီး ကျေးဇူးတင်ရှိပါကြောင်း ယခုအလှူလေးကို ဦးဆောင်ပြီး လုပ်ပေးခဲ့တဲ့ ဦးဇင်းအရှင်ဝိမလ၀ံသနှင့် ကျမတို့မောင်နှမများကိုယ်စား ကျမ မှပြောကြားလိုပါတယ် …။
အလှူအတွက် ကောက်ခံရရှိထားသော နိုင်ငံခြားငွေကို မြန်မာနိုင်ငံသို့ လွှဲပြောင်းရာတွင် အောက်ပါအတိုင်း မြန်မာကျပ်ငွေများကို ရရှိပါတယ်။ ဒီနေရာမှာငွေဈေးအတက်၊ အကျရှိတာမို့ ကျမတို့လွဲချိန်နဲ့ အခု စာရင်းရှင်းတမ်းထွက်တဲ့ အချိန်မှာ ငွေဈေးဟာ အပြောင်းအလဲဖြစ်ချင်ဖြစ်နေနိုင်တာကိုတော့ အားလုံးသတိချပ်စေ ချင်ပါတယ်…။
အလှူအတွက် ကျမတို့ ကောက်ခံရရှိငွေဟာစုစုပေါင်း (၄.၅၄၀.၄၀၀ကျပ်) ဖြစ်ပါတယ်…။ ဒီနေရာမှာ ကျမတို့အနေနဲ့ တင်ပြစရာလေး တစ်ခုရှိပါတယ်ခင်ဗျာ…။ ကနဦးအလှူငွေကောက်ခံခဲ့ရာမှာ အလှူရှင် တစ်ဦးဖြစ်တဲ့ ဦးဇင်းအရှင်ကောဝိဒ (စစ်ကိုင်းတောင်ရိုးဆွမ်းလောင်း) မှအလှူငွေကျပ် ၁ သိန်းကိုနှုတ်က တိအားဖြင့် ထည့်ဝင်ထားခဲ့ပါတယ်..။ ကျမတို့အလှူခံ ပိတ်သိမ်းချိန်မှသာ အလှူငွေကိုလာရောက် ထည့်ဝင်မှာဖြစ်ပါတယ်...။ ကျမတို့အနေနဲ့ အလှူခံပိတ်သိမ်းချိန်တွင် အလှူငွေများလိုက်လံ စုဆောင်းခဲ့ပါတယ်..။ အဲဒီအချိန်မှာ တိုက်ဆိုင်စွာဖြင့် ဦးဇင်းအရှင်ကောဝိဒမှာ ခရီးလွန်နေသဖြင့် ကျမတို့နှင့် အဆက်အသွယ်ပြတ်တောက် ခဲ့ရပါတယ်..။ ဒါကြောင့် ကျမတို့အနေနဲ့ ဦးဇင်း ထည့်ဝင်ထားတဲ့ အလှူငွေ၁သိန်းကို ချန်လှပ်ထားခဲ့ပြီး လက်ရှိကောက်ခံရရှိထားတဲ့ အလှူငွေစုစုပေါင်း (၄.၅၄၀.၄၀၀ကျပ်) ကိုသာ ထိုကျေးရွာလေးမှာပင် အားလုံးကို လှူဒါန်းခဲ့ကြပါတယ်..။ ဒါကြောင့်မို့ ကညင်ကုန်းကျေးရွာ မီးစက်အလှူငွေအတွက် ကျမတို့ လက်ရှိကောက်ခံရရှိတဲ့ အလှူငွေ စုစုပေါင်းမှာ (၄.၅၄၀.၄၀၀ကျပ်) ဖြစ်ပါတယ်…။
အလှူအတွက် အသုံးပြုကုန်ကျငွေစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်ရှင်…။
ပစ္စည်းဝယ်ယူခဲ့သောဘောက်ချာစာရင်းများ
နောက်ဆုံး ဘောက်ချာစာရွက်(1လို့ရေးထားပါသည်)မှာ သွပ်ကြိုးခွေ ၀ယ်ယူထားသော ဘောက်ချာဖြစ်ပါတယ်.။ ၁ပိဿာကို ၂၀၀၀ိ/ကျပ်ဈေးဖြစ်ပြီး ၁၁ပိဿာအတွက် ၂၂၀၀၀ိ/ကျပ် ကျပါတယ်..။ ပြေစာမှာ ရေးထားတာ မရှင်းမှာစိုးလို့ အသိပေးတာပါ..။ မီးစက်အပါအ၀င် အထွေထွေ ပစ္စည်းများဝယ်ယူခဲ့တဲ့ (ဘောက်ချာပါ) စားရင်းများရဲ့ စုစုပေါင်းငွေမှာ ၃.၆၄၆.၆၈၉ ကျပ်ဖြစ်ပါတယ်...။ အထွေထွေအသုံးပြုခဲ့တဲ့ စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်...။
ဒီအောက်လေးမှာ အလှူတွင် အသုံးပြုဝယ်ခဲ့သော အထွေထွေကုန်ကျစရိတ်ကို တင်ပြပေးလိုက်ပါတယ်။
စေတနာထား
အစစအရာရာ ကူညီပေးသော (ရန်ကုန်တာဝန်ခံ မကျင်စန်း၏ ဖခင် -ဦးပါအိ) တွင်
ကိုယ်ပိုင်ကားမရှိသောကြောင့် ဝန်ကြီးသောပစ္စည်းများ ဝယ်ယူရာတွင်
တက်က္ကစီဖြင့် အသွား အပြန်ပြု လုပ်ခဲ့ရပါတယ်။((မှတ်ချက်))- ရန်ကုန်တာဝန်ခံ မကျင်စန်း၏ ဖခင်ဦးပါအိကိုယ်တိုင် လက်ရေးဖြင့်ရေး ပေးပို့လာသော စာရင်းစာရွက်ဖြစ်ပါသည်။
ပုံများကိုကလစ်ပြီးဆိုက်ကြီးအဖြစ်ပြောင်းပြီးကြည့်ရှုနိုင်ပါတယ်...။
အလှူအပြီး စာရင်းချူပ်ရာတွင် လက်ကျန်ငွေ ၁၆.၂၁၁ကျပ် ကျန်ရှိပါတယ်..။ ၎င်းကျန်ရှိငွေကို နောက်ပိုင်းအလှူများတွင် ထည့်ဝင်အသုံးပြုသွားရန် ကျမတို့ တာဝန်ခံများအနေနဲ့ ထိန်းသိမ်းထားပါကြောင်း စေတနာရှင် အလှူရှင်များအားလုံးကို အသိပေးတင်ပြလိုပါတယ်...။ အခုလို အလှူလေးအထမြောက် အောင်မြင်သွားအောင် အစစရာပံ့ပိုး ကူညီလှူဒါန်းပေးကြသော စေတနာရှင် အလှူရှင်များနှင့်တကွ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျမတို့ အလှူဖြစ်မြောက်ရေးအဖွဲ့မှ ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ရိုသေလေးစားစွာဖြင့်ပြောကြားလိုပါတယ်။
အလှူရှင်များနှင့် အလွမ်းမြို့ဘလော့သို့ လာရောက်လည်ပတ်ကြသော
ညီအကိုမောင်နှမ များအားလုံး ကိုယ်စိတ်နှစ်ဖြာ
ရွှင်လန်းချမ်းမြေ့နိုင်ကြပြီး ဘ၀အမောတွေပြေကြပါစေလို့ ဆုတောင်းမေတ္တာပြုလိုက် ပါတယ် ..။
ပိုစ့်အစအဆုံး တာဝန်ခံရေးပေးသော မောင်ငယ်ရာဇာထွေးကိုလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
1 comment:
ပီတိတွေပီတိတွေ အပျော်တွေအများကြီးပဲ ခံစားလိုက်ရတယ်
တတတ်တအားပါဝင်ကြတာ အားကျမိတယ်
Post a Comment