Friday 6 July 2012

ဦးနေမိန္ဒပြောသောမေတ္တာတရားအကြောင်း

                                                     

                                                            မေတ္တာဆိုသည်ဝယ်
                                                     ====================

တချို့တချို့က ပြောနေကြတယ် ဒီလူက အတော်လေး မေတ္တာတရား ခေါင်းပါးတာဘဲတဲ့၊ လူတွေများ အတော်လေးကို မေတ္တာတရား  ခေါင်းပါးကြတယ် တဲ့၊ ဟုတ်တယ် ဒီစကားကို ဦးဇင်းလည်း ပြောဖြစ်ပါတယ် ၊ ကိုယ်နဲ့ အခန့်မသင့်လို့ အခါသော်လည်းကောင်း၊ ကိုယ်စိတ်တိုင်း မကြည်တဲ့ အခါသော် လည်းကောင်း၊ ပြောဖြစ်ပါတယ် ဒီလိုပြောမိတာဟာ ၀န်ခံပါရစေ ကိုယ့်ရဲ့ အမှားပါလို့ ဟုတ်တယ်လေ မေတ္တာဆိုတဲ့ အဓိပ္ပာယ်ကို ပြန်ကြည့်လိုက်ပါလား။ ချစ်ခင်ကြင်နာတာကို မေတ္တာလို့ ခေါ်ပါတယ်၊ လူတွေက လူတွေအများစုက ချစ်ခင်ကြင်နာမှုကို လိုချင်မှာဘဲလေ အဲဒီလို  ချင်မှုဖြစ်လိုက်တာကိုက အမှားဗျ။ ဘာဖြစ်လို့လည်းဆိုတော့ မေတ္တာဆိုတာ ပို့သတယ်ဘဲ   ကြားဘူးတယ်လေ ခံယူတယ်လို့ တခါမှမကြားဖူးဘူး။ (မှတ်ချက်) သံဃာတော် အရှင်မြတ်များက ပရိတ်ရွတ်ဖတ်ရာဝယ် နာကြားတာကို  လေးစာနာယူတာကို မဆိုင်ပါ သိလိုပါက မေးနိုင်ပါသည်။ ရှင်းပြပါမယ် vennaymeinda2007@gmail.com  )။


 မြတ်စွာဘုရား ဟောကြားခဲ့တာလည်း လူအများစု သိရှိမှာပါ ၊ ၊မာတာယထာ နိယံပုတ္တ ၊ မာယုသံဧကပုတ္တံ မာနုရက္ခေ။ အဓိပ်ပယ်ကတော့ တစ်ဦးတည်းသော သားလေးရှိတဲ့ မိခင်က အဲဒီ တစ်ဦးတည်းသော သားလေးကို ချစ်ခင်ကြင်နာယုယ စောင့်ရှောက်သကဲ့သို့၊ မေတ္တာပို့သတဲ့ အခါမှာလည်း အဲဒီလို စိတ်ထားလေး မွေးပြီးတော့  သုးံဆယ့်တဘုံ၌ရှိသော ဝေနေယျ သတ္တ၀ါတွေကို မေတ္တာပို့ရမယ်တဲ့၊ အဲဒီလို ကိုယ်က မေတ္တာပို့မှ မေတ္တာထားမှသာလျင် မေတ္တာပို့ရခြင်းအကျိုး မေတ္တာထားရခြင်း အကျိုးတွေကလည်း ပြန်ခံစားရတာလေ။

ဥပမာ လှိုဏ်းဂူကြီး တခုတည်းမယ် သို့မဟုတ် လှိုဏ်းခေါင်း တခုတည်းမယ် မိမိက ကိုယ်ပြောချင်တာကို ပြောကြည့်ပါလား အဲဒီကိုယ်ပြောလိုက်တဲ့ အသံကိုဘဲ ကိုယ်က ပြန်ပြီးတော့ ကြားရတာခံစားရတာဘဲလေ ၊ အဲဒီလိုပါဘဲ ကိုယ်က သူတပါးတွေဆီက မေတ္တာတွေ ချင်ခင်ကြင်နာမှုတွေကို လိုချင်ရင်တော့ဖြင့်  ကိုယ်ကအရင်  ပထမဦးဆုံး  တပါးသော သူတွေကို မေတ္တာပို့သ နိုင်ကြပါစေ။ မေတ္တာထားနိုင်ကြပါစေ ၊ မေတ္တာပို့ရခြင်း မေတ္တာထားရခြင်း အကျိုးတွေကလည်း အင်မတန်များလွန်းပါတယ်။

" တနေ့သုံးခါ ၊ အိုးတရာဖြင့် ၊ချက်ကာ ထမင်းကျွေးမွေးခြင်းထက် ၊ တနေ့သုံးကြိမ် မေတ္တာပို့က ၊ ပို၍ အကျိုးကြီးမားသည် ၊ ဗုဒ်ဓမြတ်စွာမိန့်ခွန်းတည်း။"

ကဲဘယ်လိုလဲ ....  အားလုံးကျန်းမာ ချမ်းသာပါစေ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။

စက်တင်ဘာဦးနေမိန္ဒ
( အမှန်တရားကိုဘယ်သူအနိုင်ရဖူးလဲ)

မှတ်ချက် -  ဦဇင်းနေမိန္ဒမှ  ပေးပို့လာသော  မေတ္တာအကြောင်းလေးကို  ဘလော့  မောင်နှမတွေကို  ပြောပြချင်လို့  အားလုံးသော စာဖတ်သူများအားလည်း ရည်ရွယ်ပြီး  စေတနာရှေထား  ပြန်လည်မျှဝေ  တင်ပြခြင်းဖြစ်ပါတယ်။  မေတ္တာခံယူလိုသူ  ဖြစ်ချင်သလော  မေတ္တာပို့သူ  ဖြစ်ချင်သလော။

စာဖတ်သူများအားလုံး  ကိုယ်စိတ်နှစ်ဖြာ  ရွှင်လန်းချမ်းမြေ့ပြီး  ဘဝအမောတွေ  ပြေနိုင်ကြပါစေ။

စာဖတ်သူများကိုအစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့

9 comments:

ချစ်စံအိမ် said...

မေတ္တာအကြောင်းလေးဖတ်သွားပါတယ်
ကျေးဇူးတင်ပါတယ်ရှင်

Phyu Lwin said...

မကြီးလွမ်းရေ. ခုမှရောက်ဖြစ်ပြီး ပို့စ်တွေအားလုံး ဖတ်သွားပါတယ်.. ဆက်လက်မျှဝေနိုင်ပါစေ

စံပယ်ချို said...

ချစ်မိတ်ဆွေများအားလုံး မေတ္တာတရားခေါင်းပါးခြင်းကင်းဝေးပါဝေလို့

ရာဇာထွေး said...

မေတ္တာတရားအကြောင်းလေးဖတ်သွားပါတယ်မကြီးရေ။
မေတ္တာဆိုတာထားတတ်ဖို့ပဲလိုပါတယ်။ဦးဇင်းပြောသွား
တာလေးတော်တော်မှန်ပါတယ်။ကိုယ်ကသူများဆီကနေ
မေတ္တာတွေလိုချင်ရင်ကိုယ်ကအရင်ပေးရမယ်ဆိုတဲ့စ ကားလေးကအရမ်းမှန်ပါတယ်။ မေတ္တာဟာအမြဲတမ်းအသွားအပြန်ရှိပါတယ်၊ ရောင်ပြန်ဟတ်တတ်ပါတယ်၊ ကိုယ်ပေးလိုက်တဲ့အပေါ်မှာဖြူစင်ရင် ဖြူစင်သလောက်ကိုယ့်အပေါ်ကိုပြန်ပြီးရောင်ပြန်ဟတ်တတ်ပါတယ်။ အ ရာအားလုံးကိုတိုင်းတာတွက်ချက်လို့ရပေမယ့် မေတ္တာ
ရဲ့အတိမ်အနက်ကိုတော့ ဘယ်အရာနဲ့မှတိုင်းတာတွက် ချက်လို့မရနိုင်ပါဘူးအမရေ။ဘယ်နေရာဘယ်ဒေသတွေကိုပဲရောက်ရောက်မေတ္တာစောင်ခြုံရင် လုံခြုံနွေးထွေးပါ
တယ်အမရေ..ပို့စ်ကောင်းလေးအတွက်ကျေးဇူးတင်
ပါတယ် အမရေ...

ခင်မင်စွာဖြင့်
ရာဇာထွေး

မိုးသူ(တောင်ကြီး) said...

မေတ္တာတရားဟာလူတိုင်းမှာ ရှိသင့်ရှိထိုက်ပါတယ်
လူတိုင်းလူတိုင်းဟာမေတ္တာခံယူလိုသူများဖြစ်ကျပါတယ်
ခင်တဲ့
မိုးသူ
တောင်ကြီး

လွင်ပြင်လှိုင်းငယ် said...

ဝေမျှပေးလို့ ကျေးဇူးပါ

3rdthameetaw said...

မေတ္တာယူလို့မေတ္တာပေးပြီးမေတ္တာနဲ့နေကြတာပေါ့..
မေတ္တာ က အသွားအပြန်ရှိတယ် တဲ့လေ..

ကြည်ဖြူခင်ခင် said...

မကြီးလွမ်းရေ.. ညလေးလည်း အားလုံးကို မေတ္တာထားနိုင်အောင်ကြိုးစားရင်း.. မုန်းစကို တိုလို့ ချစ်စရှည်အောင် ကြိုးစားပါ့မယ်... ။

ကြည်ဖြူခင်ခင် said...

မကြီးလွမ်းရေ.. ညလေးတော့ အားလုံးကို မေတ္တာထားရင်း မုန်းစကိုတိုစေပြီး ချစ်စကို ရှည်အောင်လည်း ကြိုးစားပါ့မယ်။