အမေ သား ဒီဟင်းနဲ့ မစားချင်ဘူးဆိုပြီး ထမင်းပန်ကန်ကို ခုံအောက်ပစ်ချလိုက်တာ ကျမ ကြည့်ပြီး မျက်လုံးဝိုင်းသာ ပါးစပ်ဟောင်းသားနဲ့ ရပ်ကြည့်နေလိုက်မိတယ်။ အသွားမတော် တစ်လှမ်းဆိုတာ ဘာကိုပြောတာလဲ မသိ။ ကျမတော့ ဧည်သည်သွားလုပ်ခဲ့တာ အပြန်မှာ စိတ်ထဲမကောင်းဖြစ်ခဲ့တယ်။
နောက် ၂ပတ်ကြာတော့ ခုလိုဘဲ လမ်းကြုံလို့ ခဏဝင်လိုက်တဲ့ မနွယ်တို့အိမ်။ ဆူညံသံတွေ ငိုယိုသံတွေနဲ့ ပြည့်လျှံနေတယ်။ အိမ်လေးနားတိုး ကျမ သေချာနားထောင်ကြည့်တော့ ခလေးတစ်ယောက် စိတ်ဆိုးမာန်ဆိုးနဲ့ အော်ငိုပြီး ပါးစပ်ကလည်း ပွစိပွစိပြောနေတဲ့အသံ။
အသံတွေတော့ကြားနေရတယ် မသဲကွဲလို့ ကျမ အိမ်နားသေချာသွား နားထောင်လိုက်တော့ ခလေးပါးစပ်က ဘယ်သူမှမကြောက်ဘူး။ ရဲ ခေါ်လိုက်မယ်တဲ့။ အောင်မြလေး ...အသက်လေး မေးလိုက်တော့ (၈)နှစ်တဲ့။
ဘာကြောင့်ဒီလို ပြောဆိုငိုနေတာကို ကျမ မသိခဲ့ပေမဲ့ ကျမစိတ်ထဲ ဒီလိုပြောတာကို ဘဝင်မကျဖြစ်နေတယ်။ ဒီတော့ အိမ်ထဲတွင်ပြီး မနွယ်ကိုမေးကြည့်တော့ (မြန်မာစာ) မသင်ချင်လို့တဲ့။ စာဖတ်ခိုင်းလို့တဲ့။ ဒါတောင် ဒီခလေး ဒီနိုင်ငံမွေး မဟုတ်ဘူးနော်။ အော် .... ခက်ပြီ ...
မိဘတွေအပြစ်လား သားသမီးအပြစ်လား.... (စိုင်းထီးဆိုင် - သီချင်းလေးလို ၂ ခုစလုံးကြောင့်များလား မသိ)! (အသက်က ၈ နှစ် - အမေ့ကိုပြောတဲ့စကားက ရဲ တိုင်မယ် - ဘာကြောင့်လဲဆိုတော့ မြန်မာစာ မသင်ချင်လို့ စာမဖတ်ချင်လို့တဲ့ )။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မနွယ်တို့ သားအမိကိုကြည့်ပြီး ကျမ စိတ်ထဲအတွေးတစ်ခု စိုးမိုးလာတယ်။ အင် .. တစ်နေ့ ငါ့မှာခလေးရလာလို့ ခုလိုဖြစ်လာရင်တော့ ဒွတ်ခ! သားသမီးဆိုတာ ရတနာ လို့ကြားဖူးတာဘဲ။ ခုလို ရတနာလေးတွေ မြင်ရပြန်တော့လည်း ကျမ ရင်လေးမိတယ်။ ပူပန်မိတယ်။ ခုလို သားသမီး မရှိတဲ့ဘဝလေးကဘဲ ပိုအေးချမ်းသာယာ သလိုလိုထင်မိပြန်ရော။
ဘယ်လိုဘဲဖြစ်ဖြစ်လေ လက်ရှိဘဝဆိုတာ အကောင်းဆုံးဘဲလေ။ ဒါပေမဲ့ မိဘတိုင်းက သားသမီးတွေကို ငယ်စဉ်အချိန်မှာ သေချာသွန်သင် လမ်းမှန်ပြပေးဖို့ လိုအပ်မယ်လို့ ထင်မိပါတယ်။ ကိုယ့်ခလေးကိုချစ်လို့ အလိုလိုက်တာကို လက်ခံလို့ရပေမဲ့ ခုလို ရိုင်းပြတာကို လက်ခံလို့မရပါ။ ခလေးသဘာဝ မိဘကိုချစ်လို့ ဆိုးနွဲ့လို့ရပေမဲ့ ခုလို မိဘအပေါ် ရိုင်းစိုင်းတာကိုတော့ မိဘများက အပြုံးလေးနဲ့ ခွင်မလွှတ်သင့်ပါ။ လက်မခံသင့်ပါ။ ဒီလိုခလေးတွေ မြင်ရတော့ ကျမတို့လည်း သင်ခန်းစာ ဆင်ခြင်စရာလေးတွေ တိုးလာခဲ့ရတာပေါ့။
ဘယ်နိုင်ငံ ဘယ်ဒေသဘဲရောက်ရောက် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာ ယဉ်ကျေးမှု့တွေကို တိုင်းတစ်ပါးမှာ ပေါက်ဖွားလာတဲ့ အနာဂါတ်ကြယ်ပွင့်တွေရော မြန်မာပြည်ဖွား အနာဂါတ်ကြယ်ပွင့်များကိုပါ သိအောင် တတ်အောင် နားလည်အောင် လက်ခံအောင် ကျင့်သုံးအောင် မိဘတိုင်း သွန်သင်ညွှန်ပြ ဆုံးမ တတ်ဖို့လိုအပ်ပါတယ်လို့ စေတနာရှေထား အကြံပြုပါရစေ!
မိဘတိုင်း သားသမီးများအပေါ် မှန်ကန်စွာ ချစ်တတ်ကြပါစေ။ ပန်းကောင်းများ ပန်ဆင်နိုင်ကြပါစေ။
မိဘတိုင်း သားသမီးများအပေါ် မှန်ကန်စွာ ချစ်တတ်ကြပါစေ။ ပန်းကောင်းများ ပန်ဆင်နိုင်ကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့
11 comments:
ဟုတ်တယ် အလွမ်းရေ ဆုံးမ သင့်တာပေါ့..
ခေတ်ကာလသားသမီးဒွေ
အင်း မိုးသူလဲမပြောတတ်တော့ဘာဝူး
သားသမီးတွေမှာပဲ အပြစ်ရှိတာမဟုတ်ပါဘူး
အုပ်ထိန်းမူ့ ပုံမှန်မဟုတ်တဲ့မိဘတွေနဲ့လဲဆိုင်မယ်ထင်တယ်
တချို့ အရမ်းအလိုလိုက်ပြီး တစ်ချို့ က အရမ်းတင်းကျပ်နေတာတွေတွေ့ဖူးတယ်
မြန်မာလူမျိုးတစ်ယောက်ကတော့ဘယ်ကိုပဲရောက်ရောက်
(သာသာမရွှေးပေါ့နော်)
မြန်မာစာ-မြန်မာစကား တတ်ကိုတတ်သင့်ပါတယ်
ရေးမပြီးသေးဘူး
အဲတာဆက်ရေးရတယ်ကွယ် အလွမ်းပြောသလိုပါပဲ
ချစ်တတ်ဖို့လဲလိုသေးတယ်ချစ်တာကိုနစ်သလိုဖြစ်နေတာ
မိဘအတော်များများက မသိကြဘူး(ကိုယ်တိုင်တွေ့ဖူးလို့)
အင်းးးးးးးးးးးးးဒုက္ခပါလားနော် ။
ခေတ်ရေစီးကြောင်းမှာ ကလေးသူငယ် အတော်များများဟာ ရိုသေကိုင်းရှိုင်းမှုဆိုတာကို နားမလည်ကြတော့ဘူး အလွမ်းရေ။ ခေတ်ကြီး ဘယ်လောက်တိုးတက်နေပါစေ လမ်းကြောင်းကောက်သွားတဲ့ သားသမီးတွေကို လမ်းဖြောင့်ဘက်သွားဘို့ ညွှန်ပြပေးရမှာတော့ မိဘတို့တာဝန်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟုတ်ပါတယ်ဗျာ..
ချော့တန်ချော့ ခြောက်သင့်ရင်တော့ခြောက်ရမှာပေါ့...
ဟုတ်ကဲ့ပါ သားသားမီးမီးလေးတွေရရင် မမလက်ထဲအပ်ပါမယ် :P
မှတ်သားခဲ့တယ်.. မကြီးလွမ်းရေ.. :)
ကျွန်တော်တော့မပြောတတ်ဘူး....စာလေးလာဖတ်သွားပါတယ်
မကြီးလွမ်း
မှတ်သားစရာပါပဲ မမရေ ... သားကိုအလိုလိုက်မိလို့ နားရွက်ကိုက်ဖြတ်ခံရသည်ထိဖြစ်သွားတဲ့ ပုံပြင်လေးတွေလည်း ကြားဖူးနေတော့ လက်ဦးဆရာဖြစ်တဲ့ မိဘနှစ်ပါးကသာ အလိုလိုက်သင့်တဲ့ နေရာမျိုးမှသာ အလိုလိုက်ပြီး သေချာထိန်းကျောင်းပေးမယ်ဆိုရင် မိဘနဲ့သားသမီးကြားမှာ တော်တော်အဆင်ပြေသွားမယ်လို့တော့ ညလေးထင်မိတယ် မမ ... :)
Post a Comment