Thursday 2 August 2012

အလှူရှင်များဝမ်းမြောက်စေရန်(ဝါဆိုသင်္ကန်းကပ်လှူပွဲ)

ဒီနေ့လေးဆို  ကျမနှင့်တစ်ကွ  သူငယ်ချင်းများပါဝင်ကြတဲ့  (အိန္ဒိယနိုင်ငံ-နယူးဒေလီရှိ  ရွှေဝါရောင်ကျောင်းလေးမှာ ) သံဃာအရှင်သူမြတ်များကို  ဝါဆိုသင်္ကန်းကပ်လှူပြီး  အလှူလေးတစ်ခု  ပြုခဲ့ပြီးပါပြီ။ ဒီနေ့ရက်လေး  မရောက်ခင်အလို  (၁) လကျော်ကတည်းက  ရွှေဝါရောင်ကျောင်းရှိ ဦးဇင်းတစ်ပါးမှ ဝါဆိုသင်္ကန်းအတွက်  အလှူရှင်မရှိသေးကြောင်း  ပြောလာသောကြောင့်  ကျမ  အလွန်ဝမ်းမြှောက်ခဲ့ရပါတယ်။

ထိုကြောင့်  ကျောင်းတွင်   သီတင်းသုံးနေသော  ဦးဇင်းတစ်ပါးအား အလှူနေ့လေးမှာ  ဦးဇင်းဘယ်လို  ဆန္ဒရှိလဲလို့ ကျမပြန်လျှောက်မိပါတယ်။ ဦးဇင်းမှလည်း  အလှူရှင်ရှိမည်ဆိုလျှင်  ဒံပေါက်  ကျွေးချင်ကြောင်း ပြောလာသောကြောင့်  အစ  ပထမတွင်  ကျမတစ်ဦးဖြင့်  ယ္ခုအလှူလေးကို  အဆင်ပြေအောင်  ပြုလုပ်လှူဒါန်းမည်ဟု  ရည်ရွယ်ခဲ့ပါတယ်။

သို့သော်  မထင်မှတ်ဘဲ  အလှူရှင်တိုးလာသောကြောင့်  ကျမတို့  သံဃာများအား ဝါဆိုသင်္ကန်းကပ်လှူယုံမကဘဲ  အလှူပွဲကိုလည်း  အဆင်ပြေအောင်  စီစဉ်နိုင်ခဲ့ပါတယ်။ ထို့အပြင်  အလှူရှင်များရဲ့  သဒ္ဒါတရားကြောင့်  လှူဒါန်းလာသော  ငွေအပိုများအား  ဝါတွင်း(၃)လအတွက်  ဆန်နှင့်ဆီကို  လှူမည်ဟု  ကျမတို့ဆုံးဖြတ်ခဲ့ကြပါတယ်။

ထို့အတွက်ကြောင့်  အလှူရှင်များအားလုံးကို   ကျမ  အထူးကျေးဇူးတင်ကြောင်း  ပြောလိုပါတယ်။ ခုလို  သဒ္ဒါတရားဖြင့်  လှူဒါန်းရသောအကျိုးကြောင့်  မိမိပိုင်ဆိုင်ရသော  ဘဝတိုင်းမှာ  ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာချမ်းသာကြပါစေ။

ကျမတို့  လှူဒါန်းထားသော  အလှူစာရင်းကို  ဖော်ပြပေးလိုက်ပါတယ်။ အလှူရှင်များ  ဝမ်းမြှောက်ဝမ်းသာ  သာဓုခေါ်ဆိုနိုင်ရန်  အတွက်ပါ။  
ဝါဆိုသင်္ကန်းကပ်လှူပွဲဖိတ်စာလေးပါ တင်ပြပေးလိုက်ပါတယ်။
အလှူဓါတ်ပုံများ

အလှူရှင်များနှင့် စုစုပေါင်း လှူဒါန်းငွေများ

နန်းထွေး စကာၤပူ ( စကာၤပူေဒၚလာ - ၆၀)
မေဆြထူးမား စကာၤပူ (စကာၤပူေဒၚလာ - ၆၀ )
ရာဇာထွေး မလေးရှား (စကာင်္ပူဒေါ်လာ -၃၀)
စည်သူမြင့်  ရိုနာ - ၁၀၀၀
လင်းလင်းထွန်းမိသားစု  ခရိုနာ - ၇၀၀
အလွမ်းမြို့လေးမိသားစု ခရိုနာ -  ၁၀၀၀
အလှူအတွက်   စုစုပေါင်းအလှူငွေမှာ
ဒိန်းမတ်ခရိုနာ - ၃၃၀၀
ပညာဒါနအတွက်  အလွမ်းမြို့မှ (ခရိုနာ-၇၀၀)

စုစုပေါင်းလွှဲငွေ - ရိုနာ - ၄၀၀၀
 လှူဒါန်းငွေ    စုစုပေါင်း  -  ၃၄.၄၄၁.၈၇ ရူပီး
(၃သာင်း လေးထာင်  လေးရာ  လေးဆယ်  ၁ ရူပီး)
ငွေလွှဲခကို (ကရင်လေးဒိန်းမတ်မှ)လှူဒါန်းသည်။


ဝါဆိုသင်္ကန်းအလှူရှင်များ
 

အလှူပွဲအတွက်  အလှူရှင်များ



ဝါတွင်း(၃)လအတွက်  ဆန်အလှူရှင်များမှာ

ဝါတွင်း(၃)လအတွက်  စားသုံးဆီအလှူရှင်များ




စာဖတ်သူများကို အစဉ်
ချစ်ခင်လေးစားလျှက်
အလွမ်းမြို့လေး


11 comments:

mstint said...

ပြုပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်အစုစုတို့အတွက် သာဓု သာဓု သာဓု သုံးကြိမ်ခေါ်ဆိုသွားတယ် အလွမ်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

အလွမ်းရေ သတင်းလေးကြောင့်ပီတိဖြစ်ရပါတယ်
အလှူရှင်များအားလုံးစိတ်ချမ်းသာပြီး
ကိုယ်ကျန်းမာပါစေလို့

Yin Sue said...

မကြီးလွမ်းရေ....မရောက်တာကြာလို့ လာလည်ရင်း အလှူပို့စ်လေးတွေ့လို့ ၀မ်းမြောက်ဝမ်းသာ သာဓု ၃ ကြိမ်ခေါ်သွားပါတယ်ဗျာ...အလှူရှင်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပါစေခင်ဗျာ.....

ချစ်စံအိမ် said...

ပီတိဖြစ်ရပါတယ်မမရေ...သာဓုသာဓုသာဓုပါ..

လွင်ပြင်လှိုင်းငယ် said...

ကြည်နူးပိတိဖြစ်ရပါတယ် အလွမ်းရေ

Anonymous said...

မကြီးလွမ်းရေ ကြည်နူးလိုက်တာ သာဓုခေါ်သွားပါတယ် မမ

~ Kk ~

လေပြေချို said...

သာဓု...သာဓု...သာဓုပါလွမ်းရေ...
အရမ်းကိုကြည်နူးပီတိဖြစ်ရပါတယ်ရှင် :)
ခင်တဲ့
လေပြေချို

မိုးသူ(တောင်ကြီး) said...

ဝမ်းမြောက်ဝမ်းသာနဲ့ 

သာဓုခေါ်ပါတယ်ခင်ဗျာ

အလှူရှင်တွေနဲ့ ထပ်တူ

ပီတိဖြစ်ရပါတယ်

မိုးသူ(တောင်ကြီး)

မိုးညချမ်း said...

မမရေ ... ကြည်နူးပီတိဖြစ်ဖွယ် ၀ါဆိုအလှူဒါနလေးပါပဲ ... သာဓု(၃)ကြိမ်ခေါ်ဆိုသွားပါတယ်နော် ... :)

ကြည်ဖြူခင်ခင် said...

မကြီးလွမ်းရေ.. ကြည်နူးဝမ်းမြောက်ဖွယ်အလှူမင်္ဂလာအတွက် ဒီကနေပဲ.. သာဓု သာဓု သာဓု သုံးကြိမ်ခေါ်ဆိုသွားခဲ့ပါတယ်ရှင်..။

ရာဇာထွေး said...

ဝါဆိုသင်္ကန်းအလှူလေးအတွက်ဝမ်းသာပီတိဖြစ်ရပါတယ်
မကြီးလွမ်းရေ...အစစအရာရာစီစဉ်ပေးတဲ့မကြီးလွမ်း
ကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်
မကြီးရေ...

ခင်မင်စွာဖြင့်
ရာဇာထွေး