ကဗျာကယာ အိပ်ယာကလူးလှဲထတယ်။
ဖုန်းကောက်ကိုင်ပြီး နာရီကြည့်တော့ မနက်၅ နာရီ ထိုးနေပြီ။
အတွေးတွေပြန့်ကျဲ ဟိုတွေးဒီတွေး အမေ့ နေကောင်းကျန်းမာရေးပေါ့။
ဖုန်းလေးခေါ်လိုက် ဟလိုတဲ့ အမေ့အသံကြားရတယ်။
အမေ နေကောင်းလား သမီးအိမ်မက်ဆိုးမက်နေလို့ဆိုတော့
အမေ နေကောင်းကျန်းမာတယ် သမီးရော ကျန်းမာရဲ့လားတဲ့။
အမေ့အတွက်မပူနဲ့ သမီးသာ အဝေးမှာတစ်ယောက်ထဲမို့
အမေကစိတ်ပူနေတာ။ ပြန်လာမယ်ဆို ပြန်လာပါတော့လား သမီးရယ်တဲ့။
ရပ်ဝေးမှာ သမီးကျန်းမာရေးအတွက်
အမေတို့နဲ့ ခွဲမနေပါနဲ့တော့ကွယ်။
လေယာဉ်ပျံကြီးစီးဖို့
ပိုက်ဆံတွေ အမေ
ပို့ပေးမယ်
သမီးရယ်
ဆိုတဲ့
အမေ့
စကား။
အမေ့အတွက်မပူနဲ့ သမီးသာ အဝေးမှာတစ်ယောက်ထဲမို့
အမေကစိတ်ပူနေတာ။ ပြန်လာမယ်ဆို ပြန်လာပါတော့လား သမီးရယ်တဲ့။
ရပ်ဝေးမှာ သမီးကျန်းမာရေးအတွက်
အမေတို့နဲ့ ခွဲမနေပါနဲ့တော့ကွယ်။
လေယာဉ်ပျံကြီးစီးဖို့
ပိုက်ဆံတွေ အမေ
ပို့ပေးမယ်
သမီးရယ်
ဆိုတဲ့
အမေ့
စကား။
@@@@@@@@
အိမ်မက်ထဲမှာတုန်းကတော့
သမီးကိုချစ်တဲ့ဇောနဲ့ လိုက်ရှာရင်း
ညနက်နက် လမ်းဆိုးဆိုး ကားစုတ်စုတ် နဲ့အိမ်အပြန်လမ်းမှာ
သမီးကို မတွေ့တဲ့မိခင် သောကမီးလောင်ပြီး ပူလောင်နေသလို
မဗဒါမြေလူးသလို ဟိုရှာ ဒီရှာ ကားပေါ်က အမေပြုတ်ကျ
ခေါင်းကွဲသွားတယ်။ သွေးသံရဲရဲကြားမှာ သမီး ကိုခေါ်နေတဲ့အသံလေးက
တိုးမသွား ပျောက်ကွယ်မသွားဘူး။
မကြားတစ်ချက်ကြားတစ်ချက်နဲ့ အမေ့သံကို နားစွင့်မိတဲ့သမီး
အမေ့ဆီပြေးအလာ ခေါင်းကွဲဒဏ်ရာနဲ့ သွေးသံရဲရဲကြားမှာ
အမေ့ မေ့မျောနေပြီ။
ပတ်ဝန်းကျင်အော်ခေါ် အကူညီတောင်းပေမဲ့
အကူညီမပေးတဲ့ ကားနဲ့လူတွေကြောင့်
အမေ့သက်ဆက်ရှင်ရေး
သမီးပူပန်နေမိရင်း ......
အလန့်တကြား အိပ်ယာကနိုးလာခဲ့။
စိတ်တွေလေးလံတယ်
ဝေးနေကြတဲ့ မိဘနဲ့သားသမီးတွေရဲ့ဘဝကြား
ဝေးနေကြတဲ့ မိဘနဲ့သားသမီးတွေရဲ့ဘဝကြား
ဆက်စပ်မှု့တွေ အမြဲ ရှိနေသေးတယ်။
အနေဝေးပေမဲ့ သွယ်တန်းထိစပ်ဆက်သွယ်မှု့ကတော့ ထူးဆန်းတယ်။
တစ်ချို့ကပြောတယ် အရူးအိမ်မက်တဲ့။
တစ်ချို့ကလည်းပြောပြန်တယ် သွေးလေခြောက်ခြားလို့တဲ့။
တစ်ချို့ကလည်း အိမ်မက်မက်တာ စွဲလန်းလို့တဲ့။
တစ်ချို့ကလည်း အိမ်ယာဝင် ဘုရားမရှိခိုး လို့တဲ့။
ဘယ်သူတွေ အမျိုးမျိုးဆိုစေလဲ ကျမ အိမ်မက်
တကယ်အဖြစ်မျိုး ဘယ်တော့မှ ဖြစ်မလာစေဘို့ ဆုတောင်းနေမိတယ်။
သီချင်းလေးနားထောင်ပြီး
အမေ့ကိုပိုသတိရလို့
အမေ့အတွက်ရည်ရွယ်ပြီး သီချင်းလေး တင်လိုက်တယ်။
စာဖတ်သူများလည်း နားထောင်သွားကြပါဦး
မှတ်ချက်။ ကဗျာမဟုတ်ပါ။ မနက်စောစောက မက်တဲ့အိမ်မက်ကို စိတ်ထဲခံစားချက်နဲ့
တွေးမိသလို ရေးချမိတဲ့ ခံစားချက် ဖြစ်ပါကြောင်း။
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့
9 comments:
အိမ်မက်ဆိုတာ ကိုယ်ရဲ့အရင်းနှီဆုံးလူက အိပ်ရာဝင်ခါနီး ကိုယ့်အကြောင်းစဉ်းစာနေရင် ကိုယ်က အဲ့ဒီလူကို အိမ်မက်မက်တက်တဲ့.. နောက်ပီး အိမ်မက်ဆိုတာ ကိုယ်မက်လိုက်တဲ့ အိမ်မက်ရဲ့အကြောင်းအရာကို ပြောင်းပြန်ယူရတယ်လို့တော့ စာအုပ်ထဲမှာ ဖတ်ဖူးတာပဲ...
ဒါပေမယ့် ဘယ်လောက်ပဲဝေးနေပါစေ မိဘနဲ့သားသမီးကြား သွယ်တန်းထိစပ်ဆက်သွယ်မှု့ကတော့ တကယ့်ကို ထူးဆန်းပါတယ် :)
ခင်တက်တဲ့
လေပြေ
မမ မေမေရဲ့ မေတ္တာ မမရဲ့ သိတတ်မှုအကြင်နာတွေနဲ့အရာရာဟာ ငြိမ်းချမ်းနေမှာပါ မမ
အိပ်မက်လှလှလေးတွေ မက်ပါစေနော
~ Kk ~
အော် အမေ အမေ
ဖတ်ပြီးအသံတွေတိမ်ဝင်သွားတယ်
ဘာမှမပြောနိုင်တော့ဘူးဗျာ
အိမ်မက်ဆိုးတွေမှကင်းလွတ်ပြီး အ၇ာရာ
အေးချမ်းပါစေ ....
ခင်တဲ့
မိုးသူ(တောင်ကြီး)
အိပ်မက်ဆိုတာ စိတ်စွဲလို့ မက်တယ်လို့ ကျွန်တော်ထင်တာပါပဲ
အိပ်မက်ဆိုးက ဝေးပါစေ
မကြီးလွမ်း အရမ်းစိတ်ပူမနေနဲ့နော်...
အိမ်မက်ဆိုတာ ဒီလိုပဲ မက်တတ်ပါတယ် :)
သီချင်းလေး နားထောင်သွားတယ်
အမေကိုသတိရတဲ့စိတ်နဲ့စိတ်စွဲပြီးမက်တဲ့အိပ်မက်ဖြစ်မှာပါ...အိပ်မက်ကအိပ်မပါပဲလေ..နိုးလာပြီဆိုတော့ပြီးသွားပြီပေါ့..
အမေနဲ့ အမြန်ဆုံးပြန်လည်ဆုံဆည်းနိုင်ပါစေ။
Post a Comment