ဘယ်ကနေ ဘာတွေစရေးရမလဲနော်။ အလွမ်း စဉ်းစားမိတာလေးတွေ စိတ်ကူးရတာလေးတွေ ချရေးမယ်။ အဆင်မပြေတာရှိရင် နားလည်ပေးကြပါ။ တစ်ခါတစ်ရံ တစ်ယောက်တည်းနေပြီး ဟိုစဉ်းစား ဒီစဉ်းစားမိတိုင်း ခုလိုလေးတွေပါ စဉ်းစားမိတယ်။ ဘယ်သူနဲ့မှ မသက်ဆိုင်သလို အလွမ်းနဲ့လည်း မဆီ မဆိုင်ပေါ့။ စိတ်ထဲက တွေးမိတာလေးတွေ သူငယ်ချင်းတွေကို ဖတ်စေချင်လို့.....အဟဲ..
ခုတလော နေမကောင်းတာလည်းများ သီချင်းဘလော့လေးအတွက် သီချင်းတွေဒေါင်း သီချင်းတွေ တင်နေရတာမို့ ပိုစ့်လေးရေးဖို့ တင်ဖို့အချိန်မရဖြစ်ခဲ့ရတယ်။ အလွမ်းဘလော့လေးကို စိတ်မပျက်စွာ လာရောက် အားပေးကြသော မောင်ငယ်ညီမငယ်နဲ့ သူငယ်ချင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အလွမ်းမှလည်း သူငယ်ချင်းများ၏ ဘလော့သို့ ပြန်လည် မရောက်နိုင်သေး ခဲ့လျှင်လည်း နားလည်ပေးကြပါဦး။ ( http://alwanmyolaysongworld.blogspot.com/ ) သီချင်းဘလော့လေး အတွက် အလုပ်တွေ ရှုပ်နေသေးလို့ပါ။အားလုံးကိုလည်း ဒီဘလော့လေးကနေဘဲ တောင်းပန် လိုက်ပါရစေ။
(၁) ခုခေတ်မိန်းခလေးတွေက ထမီရှည်ရှည် အစား ဘောင်းဘီဂွ တိုတိုလေးတွေကို ပိုသဘောကျစွာ ဝတ်ဆင်လာကြတယ်။
ခုခေတ်ယောကျာင်္လေးတွေကလည်း ပုဆိုးတွေအစား ဘောင်းဘီ ဂွရှည်ရှည် ပွပွကြီးတွေ ခါးပေါ်တင်မဝတ်တော့ဘဲ ဖင်အောက်လျောဝတ်လာကြတယ်။
(၂) ခုခေတ်မိန်းခလေးတွေက ဆံပင်ရှည်ထားတာကို မြတ်နိုးမှု့မရှိတော့ဘဲ ဆံပင်တိုသထက်တို နီသထက်နီတာလေးကို ပိုမိုနှစ်သက် ခုံမင်လာကြတယ်။
ခုခေတ်ယောကျာင်္လေးတွေကလည်း ဆံပင်သေသေ သပ်သပ်ထားရမဲ့အစား ရှုပ်ပွပွနဲ့ ရှည်/တို ကြောင်ကြား ပုံစံလေးတွေကို ပိုနှစ်သက် ခုံမင်လာကြတယ်။
(၃) မိန်းခလေးတွေက ယောကျာင်္းရှပ်အကျီ ပွပွကြီးတွေ ဝတ်ဆင်လာကြတယ်။
ယောကျာင်္လေးတွေကလည်း မိန်းမဝတ်ကိုယ်ကြပ်လေးတွေ ဝတ်ဆင်လာကြတယ်။
(၄) ယောကျာင်္လေးတွေက မိန်းခလေးဖြစ်ချင်လို့ မိန်းခလေးလိုဝတ်ဆင် မိန်းခလေး အသွင်ပြောင်းကြတယ်။
မိန်းခလေးတွေကလည်း ယောကျာင်္လေးဖြစ်ချင်လို့ ယောကျာင်္လေးလိုဝတ်ဆင် ယောကျာင်္း အသွင်ပြောင်းကြတယ်။
(၅) ဝဝလင်လင် စားသောက်နေရသူတွေကလည်း ပိုလျံပြည့်စုံလွန်းတော့ အစားအသောက်ကို တန်ဖိုးမထားတတ်ကြပြန်ဘူး။
စားစရာမရှိတဲ့ သူတွေကျပြန်တော့လည်း စားစရာရှိရာအရပ်မှာ အရှက်သိက္ခာမဲ့စွာ တစ်နပ်စာဝမ်းအတွက် တောင်းရမ်းစားသောက်ရကြတယ်။
(၅) ပြည့်ပြည့်စုံစုံနေရသူ တွေကလည်း ပိုလျှံပြည့်စုံလွန်းတော့ ဖြုန်းစရာနေရာမရှိ ရှိလာအောင် ရှာကြံပြီး ကြံကြံဖန်ဖန် ရှာပြီးဖြုန်းတီးတတ်ကြတယ်။
မရှိဆင်းရဲတဲ့ သူတွေကျပြန်တော့လည်း လက်ရှိဘဝကနေ လွတ်မြှောက်ဖို့ ကြိုးစား ရုန်းကန်ကြတယ်။
(၆) ပြည့်စုံပေါလျှံသူတွေကလည်း လှူဒါန်းပေးကမ်း ဒါနပြုရမှာ (တစ်ချို့)တွေက မေ့နေ တတ်ကြပြန်တယ်။
မရှိဆင်းရဲသားတွေကလည်း လှူဒါန်းချင်လွန်းလို့ မရှိရှိတာလေး ရှာကြံလှူဒါန်း ဒါနပြုကြတယ်။
(ရ) လေကီရေးထဲက ပုထုစဉ်လူသားတွေကလည်း လောကီအရေးကို ငြီးငွေပြီး လောကုတ္တရာ ဘက်ကို ဦးစာပေး တိုးဝင်လာကြတယ်။
လောကုတ္တရာ ထဲက ပုထုစဉ်တစ်ချို့ကလည်း လောကုတ္တရာထဲ ကျင်လည်ရတာ ငြီးငွေ့ ဟန်တူတယ်။ လောကီအရေးထဲ ပါဝင်ဆက်နွယ် ကူးပြောင်းချင်လာကြတယ်။
(၈) အချစ်အကြောင်း မပြောသင့်သူတွေကလည်း အချစ်အကြောင်း တစ်စွန်းတစ်စနဲ့ ခဏခဏ ပြောချင်ကြတယ်။
အချစ်ဆိုတဲ့ တဏှာတွေထဲ ကျင်လည်နေရသူတွေကလည်း အချစ်နဲ့ဝေးရာ လွတ်မြှောက်ရာ ရှာကြံနည်းလမ်း ရှာကြပြန်တယ်။
(၉) ကျောင်းနေခွင့် ပညာသင်ခွင့်ရတဲ့ သူတွေကျပြန်တော့လည်း
ကျောင်းမနေချင်ကြပြန်ဘူး။ ပညာကို ကောင်းမွန်စွာ သင်ယူခွင့်ရတာကို
သူ့တို့အတွက် ဝန်ထုပ်ဝန်ပိုးလို တွေးမိပြီး ဝမ်းနည်း ကြတယ်။
ပညာသင်ချင်တဲ့ ခလေးတွေကျပြန်တော့လည်း ပညာသင်ခွင့်မရတဲ့ ဘဝပေးအခြေနေကြောင့် ပညာရေးကို ဦးစားမပေးနိုင်ခဲ့လို့ ဝမ်းနည်းခဲ့ရတယ်။
(မှတ်ချက်) စိတ်ကူးရရာ တွေးမိရာ မြင်မိရာလေးများဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။
စာဖတ်သူများကိုအစဉ်လေးစာခင်မင်လျှက်
အလွမ်းမြို့လေး
11 comments:
အမှန်တွေချည်းပဲစုရေးထားတယ်...အဟီး
မကြီးလွမ်းရေ...
အခုခေတ်ကြီးမှာဖြစ်ပျက်နေတာတွေသာ
အကုန်လိုက်တွေးနေရင်
အင်း......
.ပြောမဆုံးပေါင်တောသုံးတောင်ဖြစ်တော့မပေါ့
လွယ်ပါဘူး
အနာဂတ်မြန်မာနိုင်ငံတော်ကြီးကိုရင်လေးတယ်
အုပ်ချုပ်တဲ့ သူက လဲ အုပ်ချုပ်တဲ့
မင်းကျင့်တရားဆိုတာကိုမေ့လျော့
အုပ်ချုပ်ခံလူတန်းစားတွေကလဲ ထော်လော်ကန့် လန့် 
ခေတ်လူငယ်တွေက အချိုးမပြေ
တော်ပါပြီ...ပြောနေရင်
အကုသိုလ်ပွားစရာတွေချည်းပဲ
ကိုယ့်ကိုယ်၌ ကို ကလဲ ကောင်းတဲ့အထဲမပါဘူး :P
ခင်တဲ့
မိုးသူ(တောင်ကြီး)
ရေးထားတာတွေအားလုံးသဘောကျတယ်။
(၁) ငယ်ငယ်ထဲက ထမီ မဝတ်တတ်ဘူး။ ဒါတော့ခွင့်လွှတ်ပေးပါ။
(၂) အစက ဆံပင်အရှည်ထားပြီး အောက်နားလေးကောက်မလို့၊ နေမကောင်းဖြစ်တော့ အမေက ဆံပင်တိုအောင်ထားလိုက်ပါတဲ့။ ဒါနဲ့ဆံပင်ကိုတိုအောင်ကောက်မိသွားတယ်။
(၃) အမှန်ပြောရရင်တော့ အင်္ကျီပွပွဝတ်ရတာပိုသဘောကျတယ်။
(၄) ငယ်ငယ်ထဲက ယောက်ကျားလေးဖြစ်ချင်တယ်။
(၅) အစားအသောက်ကို တန်ဖိုးထားပါတယ်။
၅ နှစ်ခုထပ်နေတယ် အမ။ ကျန်တဲ့ဟာ နံပတ်မတပ်ဘဲရေးသွားလိုက်မယ်နော်။။
ပြည့်စုံပေမဲ့ မပိုလျှံပါဘူး ၊ ဒါကြောင့် မသုံးဖြုန်းနိုင်ပါဘူး။
အမေတော့ အမြဲလှူဒါန်းပေးကမ်းပါတယ်။ ညီမက လှူဒါန်းချင်ပေမဲ့ နေမကောင်းဖြစ်နေလို့ပိုက်ဆံမရှာနိုင်သေးဘူး မမရေး(
တရားတော့ တနေ့တစ်နာရီမှတ်ဖြစ်ပါတယ်။
အချစ်အကြောင်းတော့ ပြောချင်ပါဘူး။ ဒါပေမဲ့ ခဏခဏတော့လွမ်းတတ်တယ်။း)
ပညာတော့ သင်ချင်ပါသေးတယ်။ ဒါပေမဲ့ မနှစ်က နေမကောင်းအရမ်းဖြစ်တော့ ကျောင်းကနေ ခဏအနားယူထားလိုက်ရပါတယ်။ အဲဒါကိုတွေးမိတိုင်း စိတ်မကောင်းဖြစ်ရပါတယ်။
ခင်မင်စွာဖြင့်
လရိပ်အိမ်
မမရဲ့ တွေးမိတာလေးတွေကလည်း လက်ရှိအမှန်တကယ်ဖြစ်ပျက်နေတာလေးတွေပါပဲ ... :)
မှန်လိုက်တဲ့ အတွေးလေးပါလား ^_^
အားပေးသွားပါတယ်
နောက်လည်း သည်ထက်မကရေး နိုင်ပါစေ
တွေးနိုင်ပါစေ ^_^
ခင်တဲ့(အိမ်မက်ကောင်းကင်)
လာရောက်အားပေးတဲ့ မောင်နှမတွေကို ကျေးဇူးတင်
တယ်။ စာမရေးတတ်ပေမဲ့ စိတ်ကူးရှိတာမြင်နေရတာ
လေးတွေရေးတယ်။
ဆိုဒ်အသစ်လေးကို အလည်ရောက်သွားပြီးပြီနော်။
ခေတ်ရေစီးကြောင်းကြောင့်ထင်ပါရဲ့ အလွမ်းရေ။ အလွမ်းရဲ့ တွေးမိတာလေးတွေ မှန်ပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘာလို့အမှန်တွေပဲရေးထားရတာလဲမမရယ်..တိုက်ဆိုင်လိုက်ပါဘိ..ဟိဟိ..အာပေးသွားတယ်မမ...
ခင်တဲ့...ညီမလေးမိုးနတ်...
(စီဘောက်ကတော့ တစ်ခါရေးဖို့အရေး သေချင်စော်နံအောင်စောင့်ရတယ်..ညစ်ထှာ....လိုင်းမကောင်းတာအားကြီးညစ်တယ်မမရယ်)
ခေတ်ကာလ ခေတ်ရေစီးကြောင်း အကြောင်း စုံနေအောင် တွေးပြီး ရေးသွားတဲ့အတွက် လေးစားကြောင်းပါခင်ဗျာ :)
အမှန်တရားတွေပါလားဗျာာာာာာ
အဲ့အထဲမှာ ကျွန်တော်လဲ ပါနေတယ်လို့
တွေးမိသွားတယ် :P
ရတာမလို ..လိုတာမရတဲ့ ဘဝ..ဆိုတာ ဒါမျိုးတွေကို ပြောတာ ဖြစ်မယ် မမရေ...
Post a Comment