Saturday 4 August 2012

ချစ်သူသို့(၁)


စံပယ်ပန်းတွေသာ ချစ်တယ်ပြောပြီး
မြေမှာကြွေတဲ့ ခရေကိုကော
နမ်းဦးမှာလား  ချစ်သူ

အကြွေပန်းကို   နမ်းကြည့်ပြီးမှ
သနားဂရုဏာ သက်ဝင်ကာဖြင့်
ချစ်တယ်ပြောတဲ့ စံပယ်ကိုရော
ပစ်ဦးမှာလား ချစ်သူ

အနံ့သင်းတာချင်းတူပေမဲ့
စံပယ်ဆိုတာ ဖြူဖြူဖွေဖွေး
ချစ်စရာပန်းတစ်မျိုးပါ

ချစ်စရာ  ပန်းကိုမှ
ပစ်ကာသွားမယ်ဆိုလည်း
ကျေနပ်လက်ခံယုံကလွှဲပြီး
ခွင့်လွှတ်နေမယ် ချစ်သူ


စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့

15 comments:

ဖြိုးဇာနည် said...

မကြီးလွမ်းတို့များ ရေးတတ်လိုက်တာဗျာ
ပန်း၂ပွင့်ကို တင်စားပြီးချစ်သူကိုပညာသား
ပါပါလေးမေးခွန်းထုတ်ထားတဲ့ ကဗျာလေးပဲနော်

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

စပယ်နဲ့ခရေဘယ်ဟာကိုရွေးမလဲမသိဘူး....

ချစ်စံအိမ် said...

အဲလိုတော်တာ တို့မကြီးက :)

Phyu Lwin said...

ကဗျာလေးက ချစ်စရာလေး.. နောက်အပိုင်း ၂.၃.၄ တွေလည်း ဆက်မျှော်နေတယ် အစ်မ

စံပယ်ချို said...

စံပယ်ကိုပစ်လို့ကတော့ လုံးဝလုံးဝ
ခွင့်မလွတ်ဘူး
ဒါဗျဲ

လွင်ပြင်လှိုင်းငယ် said...

စံပယ်ကိုပဲ မြတ်နိုးတယ်

မိုးသူ(တောင်ကြီး) said...

နုနုလှလှကဗျာလေးခံစားသွားပါတယ်

စကားလုံးနုနုရွရွလေးတွေသုံးထားတယ်နော်

အလွမ်းမြို့ said...

စနိုးရေ..၂-၃-၄ တွေ ရေးတတ်ရင်တော့
ရေးဖြစ်မှာပါ။

ဖြိုးဇာနည်ရေ မကြီးကတော့ သိတဲ့အတိုင်း ခပ်ပိန်းပိန်း ခပ်ထူထူဆိုတော့ အာရုံကျတာ
ရေးပစ်တာဘဲ.

မင်းမုန်းတဲ့သူရေ... ငါ့မောင်ရေ သူကတော့ ဘယ်ပန်း ဘဲရွေးရွေး မကြီးလွမ်းကို ပစ်လို့
မရတော့ဘူး။ ပစ်ရင်တရားရုံးတက်မယ်။။။အဟီး

ညီမလေးချစ်စံအိမ်... မကြီးက ညီမလေးလောက် ခံစားမှု့ မနုတော့ ကဗျာက ကဗျာဘဲပေါ့..အဟဲ

အဟမ်း အဟမ်း (စံပယ်+လွင်ပြင်) ဒီ မောင်နှမ (အယ်မွှားလို့)ဒီစံပယ်၂ပွင့် ကတော့ တစ်ယောက်ရေး
တာတစ်ယောက်ဖတ်ကြတော့.ဒါဘဲ..ငှဲ..ငှဲ...ငှဲ. စံပယ်ကို ပစ်ရင်သိမယ်တဲ့။ဒီလို ကော်မန့်ဖတ်ချင်လို့ ဒီကလည်း ဒီလိုကိုး ရေးခဲ့ထှာ...

မိုးသူရေ...နုနုရွရွ စကားလုံးတစ်လုံးမှ ရှာမတွေ့
ပါလား။ ငါ့မောင်တို့ ကဗျာကမှ လိုက်မမှီအောင်
အငှားကားနဲ့လိုက်ပြီး ဖတ်ရတာ..ဒါတောင် တစ်ခါတစ်ခါ မမှီလိုက်ဘူး။။

လာလည်သူ မောင်ငယ်ညီမငယ်နဲ့ သူငယ်ချင်းအား
လုံးကို ကျေးဇူးတင်ပါတယ်။ အဆင်ပြေရင် လက်ခုပ်
သံလေး ကြားချင်ပါတယ်.....အဟားးးးးးး

လေပြေချို said...

ချစ်သူသို့(၁)ကဗျာလေးကို ရင်နဲ့ခံစားပီး လက်ခုပ်သံလေးနဲ့ အားပေးသွားတယ်..ဖြောင်း..ဖြောင်း..ဖြောင်း..(လက်ခုပ်သံအခါတစ်ရာ):)
ခင်တက်တဲ့
လေပြေချို

mstint said...

စံပယ်ပန်းကိုချစ်သလို ခရေကိုလည်း မပစ်ပယ်သင့်ဘူးပေါ့ အလွမ်းရေ။ တကယ်တော့ ပန်းလေးတွေဟာ အပြစ်မဲ့ပါတယ်။ ကဗျာလေးအားပေးသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

စံပယ်နဲ့ ခရေက ကန်ဒီအကြိုက်ဆုံး ပန်းတွေပဲ။ ဘယ်သူ့ကို ပိုချစ်လဲမေးရင် တကယ် မဖြေတတ်ဘူး... :P

Anonymous said...

ရေးတတ်လိုက်တာနော ဒို့မကြီးက

ဖြောင်း ဖြောင်း ဖြောင်းး

လက်ခုပ်တီး အားပေးခဲ့တယ် မမ :D

မမကိုခင်တဲ့
~ Kk ~

မိုးညချမ်း said...

ညလေးကတော့ “စံပယ်လေးကိုလည်း ချစ်ပါတယ် ... ခရေလေးကိုလည်း ချစ်ပါတယ် ...”ပဲနော် ... မမ ... ကဗျာလေးကိုကြိုက်တယ် ... :)

စံပယ်ချို said...

ဟင်းဟင်း---ဟင်း ဟင်း(ထမင်းမပါ)
အော် ရှင်လေးက ဒီလိုကြားချင်လို့ ဂလိုရေးတာပေါ့
ဟုတ်စ------

ကြည်ဖြူခင်ခင် said...

ကြည်ဖြူတော့.. စံပယ်ရော.. ခရေရောချစ်တယ်.. နှစ်ခုလုံး ရွေးမှာပဲ.. :)