Monday 6 August 2012

ကြူတံနှင့်ချူတံ


ခေတ်မှီသူတိုင်း အင်တာနက်သုံးကြသည် ဆိုတဲ့ဆောင်ပုဒ်ရှိသလို အင်တာနက်သုံးသူတိုင်း မျက်စိပွင့်လင်းကြသည်။ မဆီမဆိုင် ကျမ ဘာတွေရေးမိလဲမသိ။ အဓိက ကျမရေးချင်တာ က အမျိုးသားများ သိစေရန်ပါ။ အင်တာနက်မှာ လိုက်လည်ရင်း ဖတ်မိတာက အမျိုးသမီးများ အထူးသတိပြုရန်တဲ့။ ပြီးတော့ ဘယ်အမျိုးသား က ယုတ်မာလို့တဲ့။ ကဲ… ဒီတစ်ခါတော့ ကျမ အမျိုးသားများ သတိထားရန်လို့ ရေးမယ်။ မှားတယ်ဆိုလည်း အမှားလိုဖတ်ပေးပေါ့။ တကယ့်ဖြစ်ရပ်မှန်ပါ။


မောင်ငယ်လေး တစ်ယောက်ရဲ့ ခံစားချက်ပါ။ အွန်လိုင်း ကနေ ကောင်လေးတွေက ကောင်မလေးတွေကို ဘယ်လိုမျှားတယ်.... သူတို့ဆီပါအောင် ယုံကြည်အောင် ဘယ်လိုအယုံသွင်းတယ်ဆိုတာကိုတော့ အမြဲမဟုတ်တောင် တစ်ခါတစ်ရံတော့ စာဖတ်သူတွေ ဖတ်ဖူးကြမှာပါ။ ဘယ်လိုပြောတယ်...ပြည်ပမှာနေပြီး အင်တာနက်ကနေ ဆက်သွယ်ကြ နောက်ပြီးတွေ့ဆုံကြ အဆုံးမှာ ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ပြီးမှ အော်ကြ .. ဒါတွေကို မကြာခဏ ဖတ်ဖူးပါတယ်။ အခု ကျမ ပြောပြချင်တာက အင်တာနက်လောက် အဆင့်မမှီပေမဲ့ အင်တာနက်နည်းပါး လုပ်ဆောင်နေကြတဲ့ ဖုန်းလိုင်းထဲက (အကြူ ဇယား -နဲ့- အချူဇယား) ပါဘဲ။ မိန်းခလေးဆိုတာ အမျိုးမျိုးရှိကြပါတယ်။ အမျိုးကောင်း သားသမီးကို ကျမ  မရည်ညွှန်းပါ။ကျမ ကိုယ်တိုင်ကလည်း  အမျိုးသမီးပါဘဲ။ ဒါပေမဲ့ ကျမ ဒီပိုစ့်မှာ အမျိုးသမီးများလို့ ရေးမိတဲ့အတွက် အမှားပါတယ်ဆို  ခွင့်လွှတ်ပေးပါ။

မိတ်ဆွေရဲ့ ပြောပြချက် ------

ဖြစ်ပုံကဒီလို - တစ်နေ့ ကျွန်တော်နဲ့အလုပ်တူလုပ်တဲ့ ညီငယ်လေးဆီ ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ ဖုန်းနံပါတ်အသစ်မလို့ သူလည်းဖုန်းဖြေရင်း တစ်ယောက်ထဲ အလုပ်ရှုပ်နေတာ ကျွန်တော် ခပ်လှမ်းလှမ်းက မြင်နေရတယ်။ ကျွန်တော်ဘာမှ ဝင်မပြောဘူး။ ဒီလိုနဲ့ နေ့တိုင်းဒီကောင်လေးက ဖုန်းပြောနေတာ ကျွန်တော် သတိထားလာမိတယ်။ အရင်ကဆို ဒီညီလေးက ဖုန်းကိုဒီအတိုင်း တွေ့ရာမှာထားတတ်ပြီး စကားပြောနည်းသူ။ ခုတော့ တစ်နေ့တစ်နေ့ ဖုန်းပြောလိုက်တာ ဖုန်းဘက်ထရီ ကုန်ရင်တောင် ကြိုးတပ်ပြောရတဲ့ အခြေနေတွေဖြစ်လာတော့ ကျွန်တော်လည်း စပ်စုချင်လာတယ်။ အဲတော့ အလုပ်ပါးတဲ့ ညနေခင်းတစ်ခုမှ ကျွန်တော်တို့ ၂ယောက် ဘီယာသောက်ဘို့ ဆိုင်ကိုထွက်လာကြတယ်။ ဘီယာသောက်ရင်း ဟိုပြောဒီပြောနဲ့ ကျွန်တော် သိချင်နေတာကို မေးလိုက်တော့ သူက…. ဟုတ်တယ် အစ်ကိုရာ… ပထမကတော့ ဖုန်းကတော့ မှားဝင်လာတာဘဲ။ 



ဒါပေမဲ့ တစ်ဖက်အသံက ချိုပြီးယဉ်ကျေးတဲ့အပြင် စကားပြောတာကလည်း နားလည်ပေးတတ်သူ တစ်ယောက်လို ဖြစ်နေတော့ ခင်မင်မှုနဲ့ စတင်ခဲ့တာပါ။ ဒါပေမဲ့ဗျာ ညတိုင်းနေ့တိုင်းလို စကားတွေပြောကြတော့ သူ့အသံချိုချိုထဲ ကျွန်တော်မျှောသွာခဲ့တယ်။ ခုတော့ ချစ်သူတွေဖြစ်သွားကြပြီတဲ့။ ကျွန်တော်မေးလိုက်တယ် ခင်တာဘယ်လောက် ကြာပြီလဲဆိုတော့ ၂ လတဲ့။ ဟာ.. ညီ..မင်ကလည်း ၂လတည်းဖုန်းနဲ့ ခင်မင်ကြပြီး ချစ်သူတွေဖြစ်သွားကြတာ မမြန်လွန်းဘူးလားဆိုတော့ သူက နောက်တောင်ကျသေးတဲ့။ အပြင်မှာရော တွေ့ဖူးကြလားဆိုတော့ ဟင့်အင်းတဲ့။

 တစ်ဖက်မှာ စကားပြောသူ မိန်းခလေးက တစ်ယောက်ထဲမဟုတ်။ အနည်းဆုံး ၂ယောက်လောက် ရှိနေတယ်။ ဒီညီလေး ပြောသလို အသံချိုတယ်လည်း မဟုတ်ပါဘူး။ ဒါကလည်း ကျွန်တော့်နားနဲ့ပြော တာနော်။ သူ့နားထဲမှာက ပျားရည်လိုချိုနေတော့ ကျွန်တော်လည်း ချို ပေးရမှာပေါ့။


 ကောင်းရော… လတ်တစ်လော ဒီညီလေးမှာတော့ ဖုန်းပြောလို့ ငွေကုန်တာက တစ်မျိုး အလုပ်ထဲ ကောင်မလေး ဖုန်းဆက်တော့ အလုပ်ထဲ စိတ်မပါတာက တစ်မျိုး ပထမဆုံးရင်ဆိုင်ခဲ့ရပါပြီ။ ဒီလိုနဲ့ တစ်နေ့ သူဖုန်းပြောချိန် ကျွန်တော် ခဏ နားထောင်လို့ ရမလားလို့မေးတော့ သူက ရပါတယ် အစ်ကိုဆိုတော့ သူဖုန်းပြောချိန် ကျွန်တော် ဖုန်းနားကြပ်ကြိုး တစ်ဖက်ကို ခဏ ယူနားထောင်လိုက်ပါ.



ဒီလိုနဲ့ နောက်ပိုင်း ဒီညီလေးက တနင်္ဂနွေ အိုတီရှိရင်တောင် အလုပ်မဆင်းတော့ဘဲ သူ့ကောင်မလေးနဲ့ အဖော်တစ်စုနောက် လျှောက်လည်လာတယ်။ ဒီလိုနဲ့ လကုန်ရင် သူအိမ်ကိုငွေမလွဲနိုင်တော့ဘူး။ တစ်နေ့ ကျွန်တော် ဒီညီလေး လမ်းမှား မဖြစ်ရအောင် ဆိုတဲ့ စိတ်ကူးနဲ့ သူဒီကောင်မလေးတွေနဲ့ အပြင်ထွက်မဲ့ရက် ကျွန်တော် ခွင့်ယူလိုက်တယ်။ ကျွန်တော် ဘုန်းကြီးကျောင်း သွားမယ်လို့ သူ့ကိုပြောလိုက်တယ်။ ဒီလိုနဲ့ သူထွက်သွားပြီး သိပ်မကြာ ကျွန်တော်အနောက်က လိုက်သွားတယ်။ သူတို့လေးတွေက ကျွန်တော့်ကို မသိရှာကြပေမဲ့ ကျွန်တော်က သူတို့ကိုမြင်ဖူးသူတွေ ဖြစ်သွားတယ်လေ။ ကျွန်တော် ကမသိမသာချောင်းသူမို့ သူတို့တို့သိအောင် ကိုယ်ရောင်ပြလို့မရဘူးလေ။ တကယ်တော့ အတူနေတဲ့ ညီလေးနဲ့ တစ်နယ်စီကလာဆုံကြပေမဲ့ အလုပ်တူသူမို့ ညီအစ်ကိုလို ခင်မင်သံယောဇဉ် တွယ်မိတာကြောင့် ကျွန်တော်ခုလို စိုးရိမ်စိတ်နဲ့ အနောက်က လိုက်ကြည့်မိတာပါ။ 

အင်း…. ညီလေးက ငယ်သေးတာရယ် အတွေ့ကြုံမရှိတာရယ် ဒီပြည်ပရောက်နေတာ မကြာသေးတာရယ်ကြောင့် ကျွန်တော်က အစ်ကိုတစ်ယောက်လို စိုးရိမ်စိတ်နဲ့ စောင့်ရှောက် ခဲ့တာပါ။ ညီလေးပြောတော့ သူ့ကောင်မလေးက သူနဲ့ ရွယ်တူသာပြောတာဗျ။ အလွန်ဆုံး ၂၆ -၂၇ ပေါ့။ ညီလေးကခု ၂၆ ဆိုတော့။ ဒါပေမဲ့ ကျွန်တော် အပြင်မှာမြင်ရတော့ အသက်က (၃၅) ကျော်လောက်ပြီ။ ကျွန်တော် ခန့်မှန်းတာပေါ့။ ဒီချိန်မှာ ညီလေးကိုပြောလည်း သူလက်ခံမှာမဟုတ် သူကအသံထဲ မျှောသွားပြီလေ။ ကျွန်တော်လည်း ဝင်မပါခဲ့ပါဘူး။ မသိမသာဘေးကနေသာ သတိပေးယုံပါ။ 

ညီလေး ဓါတ်ပုံပြတော့ သူချစ်သူကို ကျွန်တော် မမြင်ဖူးသလိုနဲ့ ချောသားဘဲလို့ ချီးမွမ်းလိုက်တယ်။ ဒီညီလေးနဲ့ နေ့တိုင်းညတိုင်း ဖုန်းပြောတဲ့ သူ့ချစ်သူကိုတော့ ကျွန်တော် မဝေဖန်တတ်။ မပြောတတ်။ ဒါပေမဲ့ သူ့ချစ်သူနဲ့အတူ သူ့ချစ်သူ အမဆိုတာကိုတော့ ကျွန်တော့် မျက်လုံးထဲက မထွက်။ သူ့ ပုံရိပ်တွေ။ ကောင်မလေး အမ ဖြစ်သူကတော့ အရပ်အမောင်းနဲ့ အသင့်အတင့်နဲ့ ကြည့်ပျော်ပါတယ်။ အချောစားထဲမပါပါဘူး။ ဒါပေမဲ့ သူက အတော်လည်မဲ့ ပုံဘဲဗျ။ သူ့ညီမလို့သာပြောတယ် ဆူဆဲငေါက်နေတာ ကျွန်တော်မြင်ခဲ့ရတယ်။ သူမှ ကျွန်တော့်ကိုမသိတာကိုး။

တစ်နေ့ခင်းညဘက် သူတို့ဖုန်းလိုင်းထဲ ကျွန်တော်ပါလာတယ်။ ကျွန်တော် ဘာမှအသံမပေးပေမဲ့ နားကြပ်ကြိုးနဲ့ နားထောင်နေတုန်း ကောင်မလေး အမကနေ ကောင်မလေးနာမည်ခေါ်ပြီး စကားလုံးကြမ်းတွေ သုံးတော့ကျွန်တော် အတော်လန့်သွားတယ်။ ကျွန်တော် ဆက်နားထောင်တုန်း သဘောပေါက်လိုက်ပြီ။ သူတို့ကညီအစ်မတွေ မဟုတ်ဘဲ သူငယ်ချင်းတွေပါဘဲ။ အကြံအဖန်နဲ့ ဖုန်းလိုင်းထဲ  လူမမြင်ရဘူးဆိုပြီး ဂွင်ရိုက်နေကြတာ။ ကျွန်တော်ကလည်း လူလည်မဟုတ်ပေမဲ့ ဒီလိုဆင်တူယိုးမားလေးကို ခံခဲ့ရဖူးသူမို့ ချက်ချင်းသိလိုက်တယ်။

ဒီတိုင်းလွှတ်ထားပေးတယ် ဘယ်အထိ သူတို့ဖုန်းလိုင်းထဲ (ကြူကြူနဲ့ချူချူ) ဇာတ်လေး သိမ်းမလဲဆိုပြီး။ ဒီလိုနဲ့တစ်နေ့ ကျွန်တော့်ညီလေး အလုပ်မဆင်နိုင်ဘူး။ ကျွန်တော်က ဘာကြောင့်လဲမေးတော့လည်း မဖြေဘဲ စိတ်ညစ်တယ်ဘဲပြောတယ်။ ကျွန်တော် နည်းနည်းရိပ်မိလာတယ်။ ဒီလိုနဲ့ တစ်နေ့ညီကို အေးဆေး စကားပြောရင်း သေချာမေး ကြည့်တော့ သူချစ်သူနဲ့က အဆင်ပြေပါတယ်တဲ့။ 

ဒါပေမဲ့ဗျာ သူ့အမဆိုသူက ဆိုးတယ်ဗျလို့ ပြောလာတော့ ကျွန်တော်က ဘာဆိုးတာတုန်းလို့ ဆက်မေးလိုက်တယ်။ သူ့အမက အရင်တုန်းကတော့ သဘောတူတယ် ဘယ်သွားသွား ကျွန်တော့်ကိုခေါ်သွားပြီး( ၆ ) လပြည့်တော့မှ သဘောမတူတော့ဘူးတဲ့။ ဘာလို့ သဘောမတူတာလည်း ကျွန်တော်ဆက်မေးတော့ ညီလေးက မျက်နှာညှိုးငယ်စွာနဲ့ သူ့အမက SP နဲ့ PR လောက်ဘဲ သဘောတူတာတဲ့ဗျ။ ကျွန်တော် ဒေါသထောင်းကနဲ ထွက်သွားတယ်။ သူ့အမဆိုသူက (SP- တို့ PR) တို့လောက်ဘဲ အထင်ကြီးတာဆို အစကတည်းက ဒီညီငယ်ကိုသူတို့ ခိုင်းဖတ်မလုပ်နဲ့လေ။ 

တကယ်တော့ ညီငယ်နဲ့ ရည်းစားဖြစ်တဲ့ ကောင်မလေးက ဖုန်းလိုင်းထဲကနေ ဒီလိုဘဲ ( ကြူကြူ ) လုပ်နေကြဆိုပေမဲ့ သူက (မချူတတ်ဘူး)။ ဒါပေမဲ့ ကြားထဲကနေ ဂွင်ဖန်တာက သူ့အမဆိုသူ ( ချူချူ ) ဇယားဘဲ။ (ကြူကြူ) ကဖုန်းလိုင်းကနေ ကြူပေမဲ့ တကယ်ရင်နှီးသွားရင် ပြန်လည်တောင်းပန် ခင်မင်တတ်သူ တစ်ယောက်ဖြစ်ခဲ့တယ်။ သူ့အမဆိုသူ (ချူတံလေး) ကတော့ အလှမာနနဲ့ မာနခေါင်ခိုက်ပြီး ဘယ်သူ့မျက်နှာမှ မကြည့်တတ်။ ဂရုမစိုက်တတ်။ 

သူ့အမဆိုသူ ( ချူတံလေး)ကြောင့် ညီငယ်နဲ့သူ့ဖုန်းလိုင်းထဲက ချစ်သူလည်းကွဲခဲ့ရတယ်။ (ကြူကြူ) ကတော့ ဒီလိုအမြဲလုပ်နေကြလို့ ကျွန်တော်ထင်တာဘဲ။ ခံစားရပုံ တစ်စက်ကလေးမှ မပေါ်ဘူး။ ဒါပေမဲ့ (ညီငယ်လေး)မှာတော့ အရုပ်ကိုအဟုတ်ထင်ပြီး အယုံကြီးယုံခဲ့မိတာဘဲ။ အဆိုးဆုံးကတော့ (ဖုန်းလိုင်းထဲက ကြူကြူ) နဲ့ ညီငယ်ကွဲသွားပြီး အရက်သောက် အလုပ်ပျက်နဲ့ နောက်ဆုံး အလုပ်ပြုတ်ပြီး  ကျောပိုးအိတ်ကိုဆွဲပြီး အမေ့အိမ်လေးဆီ ပြန်သွားခဲ့ရပြီ။

(ကြူကြူနဲ့ချူချူ)ကတော့  သူ့တို့  မြန်မာမိန်းခလေးဆိုတဲ့  အသိစိတ်တွေကို  (ကိုကာကိုလာ ၁ ဗူး... KFC  တစ်ဖာ 1818 ဖုန်းကဒ် တစ်ကဒ်လောက်သာ  တန်ဖိုးထားကြပြီး  သူတို့ဘဝလေးတွေကို  ဖုန်းအွန်လိုင်းထဲမှာသာ  ကျေနပ်ပျော်ပါး နေကြလေတယ်။ သူတို့အကြောင်း ခေါင်းထဲဝင်လာတော့  ကျွန်တော် ညီလေးကိုယ်စား ကျွန်တော်သူတို့ကို  ပြန်ကလဲ့စားချေချင်မိတယ်။ ဒါပေမဲ့ ..  ဒီလို  မိန်းမမျိုးတွေနဲ့  ကျွန်တော် တစ်စက်ကလေးမှ  မပါတ်သက်ချင်တာမို့  ကျွန်တော့်ဒေါသတွေ (ကြူကြူနဲ့ ချူချူ) ဆီမရောက်အောင် ကျွန်တော် သတိဆောင်ပြီး သူတို့နဲ့ဝေးအောင် ရှောင်နေခဲ့လိုက်တယ်။

အခုဖြစ်ရန်မှန်  အကြောင်းရာများဟာ  ကျွန်တော်ညီ  တစ်ယောက်ထဲသာ  အစပထမဖြစ်ပြီး  ဒုတိယလူဖြစ်တဲ့  ကျွန်တော့်သူငယ်ချင်း  ကျော်ကျော်အကြောင်းလည်း  အချိန်ရလျှင်  ဖော်ပြပေး သွားပါမယ်။

    ဒုတိယလူအတွက် ဆက်ရန် လာမည်...


ဖြစ်ရန်မှန်ကို   
အလွမ်းမြို့မှ  ပြန်လည်ရေးသားဖော်ပြ သတိပေးခြင်းဖြစ်သည်။ပြည်ပရောက်  ယောကျာင်္းလေးများသာ   မဟုတ်ဘဲ   
ခုလို  မိန်းခလေးများကိုလည်း  ရှောင်ရှားနိုင်ရန် စေတနာရှေထားပြန်လည်  ဖော်ပြမျှဝေခြင်း  ဖြစ်သည်။ 

မှတ်ချက် ....  မြန်မာမိန်းခလေးတိုင်း -  မိမိကိုယ်ကိုယ်  တန်ဖိုးထားသော  မိကောင်းဖခင်  သမီးပျိုများ  နှင့် တန်ဖိုးရှိ  အမျိုးသမီးများကို  မဆိုလို  မရည်ညွှန်းပါ။ စာဖတ်သူ  ညီမငယ်များ  မမ များအားလုံးကို  အလွမ်းမြို့ကို  နားလည်ပေးနိုင်ကြမည်ဟု  ယုံကြည်မျှော်လင့်  ပါတယ်။


စာဖတ်သူများကို  အစဉ်လေးစား 
ချစ်ခင်လျှက် 
အလွမ်းမြို့

16 comments:

ချစ်စံအိမ် said...

ခက်တယ် ခက်တယ်..ဟူးးးးးးးးဆရာလေးညည်းသံ

mstint said...

လေလှိုင်းကြားကပြဿနာလေးတွေ မကြာခနကြားရတဲ့အထဲက နောက်ထပ်ဇာတ်လမ်းလေး တစ်ပုဒ်ဖတ်သွားတယ် အလွမ်းရေ။ ယုံကြည်မှုကို ခုတုံးလုပ်ပြီး သစ္စာဖောက်ခံရသူတွေ ဒုနဲ့ဒေးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

စေတနာကို မြင်မိပါတယ် မမ
ကျော်ကျော်အကြောင်းလဲ စောင့်ဖတ်နေပါမယ်

~ Kk ~

မိုးသူ(တောင်ကြီး) said...

ဝိုးးးးးးး ....ဖြစ်ရပ်မှန် !!!!


အင်းပေါ့နော် အဲသလိုမျိုးတွေလဲရှိနိုင်တာပဲ

ဒါပေမယ့် စိတ်ကိုဦးဆောင်စေရင်တော့

ဘယ်နေရာမှ အမှားမကင်းနိုင်ပါဘူးလေ ....

ဟုတ်တယ်မို့ လား မကြီးလွမ်းရေ ...

ဆရာလေး မလမင်းကတော့ ငြီးညူသွားလေရဲ့  :P
ခင်တဲ့
မိုးသူ(တောင်ကြီး)

လေပြေချို said...

လောကကြီးဆိုတာကလည်း ပဟေဠိတွေနဲ့ပြည့်နေတာဆိုတော့ အခက်သားနော်.လေပြေလည်း ခုလိုမျိုးသတင်းတွေကို ခဏခဏကြားနေရတယ်။ အဓိကကတော့ စိတ်ပါပဲ။ မိမိရဲ့အသက်ရှင်ခြင်းကို တန်ဖိုးထားပြီး၊ မိမိရဲ့စိတ်ကိုအလိုမလိုက်မိစေဖို့နဲ့ အရာရာကိုစဉ်းစားချင့်ချိန်တက်ပြီး ဒီလိုအဖြစ်မျိုးတွေကနေ ကင်းဝေးပါစေလို့ ဆုတောင်းပါပေးပါတယ်။
ခင်တက်တဲ့
လေပြေချို

လွင်ပြင်လှိုင်းငယ် said...

တကယ့်ကိုကောင်းတဲ့ ပို့စ်လေးပဲအလွမ်းရေ။အဲ့ဒါမျိုးတွေ ခဏခဏမြင်ရတယ် ။မြင်တော့လဲဒေါသထွက်ရုံပဲ သူတို့တွေကတော့ ဒီလိုလုပ်တတ်တာကို ဂုဏ်များယူနေသလားပဲ ။

အလွမ်းမြို့ said...

တီတင့်ရေ... တီတင့်စာသားလေးထဲက
(ယုံကြည်မှုကို ခုတုံးလုပ်ပြီး သစ္စာဖောက်ခံရသူတွေ ဒုနဲ့ဒေးပါ။) အဲတာလေးကို အကြိုက်ဆုံး။ အလွမ်းဘဝ
မှာ ခံရတာတွေများလွန်းတော့ ခွင့်လွှတ်နိုင်အောင်ဘဲ
ကြိုးစားတော့တယ်။ ပြီးတော့ အတိတ်ဘဝက ပေးဆပ်
စရာတွေ ရှိလို့ဆိုပြီး သစ္စာဖောက်ခံရတဲ့ အရာရာတိုင်းအပေါ် ခုလိုလေးဘဲ နားလည်ပေးလိုက်
တယ်။

လွင်ပြင်ရေ... ဒီလိုမိန်းခလေးမျိုးတွေမြင်ရတော့ သူတို့လုပ်ရပ်တွေ ကိုယ်စား ရှက်တောင်ရှက်မိပါ
ရဲ့။

မိုးသူရေ..ဆရာလေး. (ချစ်စံအိမ်-ကေကေ)နဲ့
လေပြေရေ။ ဘယ်လိုအခြေနေဘဲ ဖြစ်ဖြစ်ပေါ့ ..
တစ်နပ်စားဘဲ ကြံကြံ တခဏစားဘဲ ကြံကြံ
အလွမ်းကတော့ ကိုယ်စိုက်တဲ့အတိုင်း ကိုယ်ပြန်ရိတ်
ကြရမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ပြုသောကံ ပဲ့
တင်သံ ကိုယ့်ထံပြန်လာမည်ပေါ့။

ပိုစ့်ရဲ့အဓိကဆိုလိုရင်းကတော့ ဒီလိုမျိုးလေးတွေရှောင်
ပြီး အကျိုးရှိတာတွေကို အသိလေးမြင်ဖို့ သတိလေး
ဆောင်ခိုင်းတဲ့ သဘောဘဲပေါ့။


အားလုံးကိုခင်တဲ့
အလွမ်း

စံပယ်ချို said...

အလွမ်းကရေးတာခုမှ
ဒါမျိုးတွေ ဒီနားလဲတွေ့နေရတာ ခဏခဏ
ရှိတယ်အလွမ်းရေ
လက်ရှိကိုရှိနေတာပါ နာမည်တော့ပြောတော့ဘူးနော်

Unknown said...

ယောက်ျားလေးမှ မဟုတ်ဘူး.. မိန်းကလေးတွေလည်း အဲ့လို ကြူတာတွေ အများကြီးပါ.. မမရဲ့ သတိပေးပိုစ့်လေးကို တလေးတစားဖတ်သွားတယ် :D

Phyu Lwin said...

ဟုတ်တယ် .ဒါမျိုးတွေ ခဏခဏကြားဖူးပါတယ်..။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကြူကြူအတွက်တော့စိတ်မကောင်းပါဘူး...
ချူချူကိုတော့သောက်မြင်ကတ်တယ်...

ရာဇာထွေး said...

မကြီးရေ...ပို့စ်လေဖတ်သွားပါတယ်ခင်ဗျာ...
ကိုယ်တိုင်လည်းကြုံဖူးပါတယ်...အခုလိုအကြူခံရတာ
မျိုးမဟုတ်ပေမယ့် အန်တီတင့်ပြောသလိုပဲ ခင်မင်မှုနဲ့
ယုံကြည်မှုကို ခုတုံးလုပ်ခံရပြီး အလိမ်ခဏခဏခံရဖူးပါ
တယ်...သဘောကောင်းလွန်းတော့ပေါ(ငပေါ)တတ်
တယ်တဲ့အမရေ...သူတို့ကတော့ ကိုယ့်ကိုဒီကောင် ငပေါ ပါ၊ ငါတို့လိမ့်သမျှသူယုံနေမှာလို့ထင်နေမှာ
ပါ...အလိမ်ခံရတဲ့ ကျွန်တော်တို့တွေဘာမှထူးပြီး
ဖြစ်မလာပေမယ့် လိမ်သွားတဲ့ သူတွေကတော့သူတို့
စေတနာသူတို့အကျိုးပေးပေါ့..တစ်ယောက်မှအဆင်
နေတယ်လို့မကြားရပါဘူး အမရေ.. အရာအားလုံး
မှာတန်ပြန်သက်ရောက်မှုဆိုတာရှိပါတယ်..ကိုယ်ပြု
တဲ့ကံ ကိုယ်သာခံပေါ့.. ယောက်ကျားလေးတွေ
လည်းမိန်းကလေးတွေကြောင့် ဘ၀ပျက်သွားတာမြင်
ဖူးသလိုယောက်ကျားလေးတွေကြောင့် ဘ၀ပျက်
သွားတဲ့မိန်းကလေးတွေလည်းဒု နဲ့ ဒေးပါ...
ပို့စ်လေးဖတ်ရင်းအလိမ်အညာကင်းနိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်...

ခင်မင်စွာဖြင့်
ရာဇာထွး

ဖြိုးဇာနည် said...

တကယ်ခက်တယ်ဗျာ
စိတ်ခံစားမူကို အလေးထားလိုက်ရင်
ဘဝကိုပါထိခိုက်လာတယ် ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးဗျာ

တွတ်တွတ် said...

ခုလို..ဖုန်းနဲ့လေလှိုင်းကနေ..ပွား ပြီးအိမ်ထောင်ကျသွားတဲ့..ကျွန်တော့်သူငယ်ချင်းနှစ်ယောက်တောင်ရှိပါတယ်။ တစ်ယောက်ကတော့..ပုံမှန်အတိုင်းပဲအဆင်ပြေသွားတာမို့..မပြောတော့ပဲ..နောက်တစ်ယောက်ကတော့.သူ့အမေထက်.အသက် ၈ နှစ်လောက်သာငယ်တဲ့...အမျိုးသမီးကြီးတစ်ယောက်နဲ့တကယ့်ကိုအိမ်ထောင်ကျသွားတယ်ဗျာ။ ဖုန်းထဲကနေပဲ...မနက်၊ နေ့၊ ည၊ ထမင်းစား၊ အပြင်ထွက်၊ အီးပါကိစ္စတွေကို.မနားတမ်းပြောကြ။(ကျွန်တော်တောင်..တစ်ခါပဲအသံကြားဖူးလိုက်တာ..အင်မတန်ကိုချိုမြိန်သာယာလှတဲ့အသံလေးဗျာ) အဲဒါနဲ့ပဲ..လက်ထပ်ဖြစ်သွားတာ..ခုဆို.သားလေးတစ်ယောက်တောင်ရနေပြီ.... ယောက္ခမကြီးကတော့..အစာကြေမဲ့ပုံမရဘူး...သူ့ညီမလောက်အရွယ်လေးက..သူ့သားနုနုထွတ်ထွတ်လေးကို.သိမ်းပိုက်သွားတာဆိုတော့လဲ..မိခင်များရဲ့.မေတ္တာပဲဆိုရပေမလားပဲ..(ကျွန်တော်တော့.ဘာဖုန်းမှမရှိလို..နားအေးပါးအေး..ငွေကုန်သက်သာ..ပွား စရာမရှိကြောင်းပါဗျားးးးး )

အလွမ်းမြို့ said...

တွတ်တွတ်ရေ... တွတ်တွတ်ပြောသလို မိလွမ်း အသိတွေလည်း ရှိပါတယ်။တစ်ချို့ကလည်း တကယ့်
ကြင်ယာဖက်တွေဖြစ်ကြပါတယ်။ အဲတာမျိုးကိုလည်း နား
လည်ပေးပါတယ်။ ခု အလွမ်းပြောချင်တာက (ချူ)ယုံ
သက်သက်ဖြင့် အပျော်ခံနေကြသူတွေပါ။ ဖုန်းလိုင်း တို့ နက်တို့က ချစ်ကြိုက်ပြီး ယူသွားကြတာတွေ အများကြီး
ပါ .အိမ်ထောင်ရေးလည်း အဆင်ပြေကြတယ်။ သို့ပေမဲ့
ခု (ကြူကြူနဲ့ ချူချူ)က ပေါင်းပြီး ချူတာကွဲ့..

Angelhlaing(May everybody be happy and healthy! said...

ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူးမမရာ... ဒီလိုပါပဲ..လူတွေ လူတွေ... ခက်ပါတယ်လေ...:(