Sunday 2 September 2012

လွမ်းတယ် အညာရယ်




လွမ်းလိုက်တာ အညာမြေရယ်လို့
အကြိမ်(၁၀၀)ထပ်ကာအော်လည်း
လွမ်းရယ်မပြေ
ပန်းတွေဝေနေဆဲမို့
အလွမ်းတွေကို စာတွေချရေး
ကဗျာလေးဖွဲ့ တိတ်တဆိတ်နဲ့
ကြေကွဲဖူးတယ်။

အညာမြေမှာ အညာခံရတဲ့ နှလုံးသား
အကြိမ်(၁၀၀)ထပ်ကာကွဲလည်း
ဘယ်ခါနဲ့မှမတူ
ကွဲဖူးသမျှ အသဲတွေထဲ
အနာကျင်ဆုံးဘဲ။

အောက်ပြည်သူ အသဲ
အညာမှာ ကြွေကျသွားခဲ့တာ
အညာနွေ  ပူတာကြောင့်လား
"အညာလူ"  ညာတာကြောင့်လား

"အညာမြေ" မှာ "အညာလူ" ချစ်တဲ့အချစ်နဲ့
"အညာ"  မိသွားတဲ့အသဲ
ခုချိန်ထိ လွမ်းနေဆဲ။
လွမ်းတယ်   "အညာ" ရယ်....


စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး

17 comments:

ချစ်စံအိမ် said...

ဟဲဟဲ အညာကိုလွမ်းသွားပါတယ် မမရေ
ရောက်တော့မရောက်ဖူးဘူး သွားအုံးမယ်
အသည်းကြွေမလားလို့ လေ :P

မိုးသူ(တောင်ကြီး) said...

အောက်ပြည်သူ အသဲ
အညာမှာ ကြွေကျသွားခဲ့တာ
အညာနွေ ပူတာကြောင့်လား
"အညာလူ" ညာတာကြောင့်လား


အညာလူရဲ့ ညာတာကိုခံလိုက်ရတာလား

မကြီးလွမ်းရေ.....

ကဗျာထဲကိုမျောသွားတယ်

ခင်တဲ့
မိုးသူ

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

ကဗျာလေးကတမျိုးလေးနဲ့ကောင်းတယ်

mstint said...

ခံစားမှုအပြည့်နဲ့ ကဗျာလေး အားပေးသွားတယ် အလွမ်းရေ။ စကားလုံးတွေ ဖတ်ရတာ နူးညံ့သိမ်မွေ့လွန်းတယ် အဆွေးဓာတ်ခံရှိသူတို့အတွက် ခံစားမှုပြင်းထန်နိုင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

3rdthameetaw said...

လွမ်းစရာလေးတွေရှိတော့စိတ်ထဲမှာစိုပြေ
တာပေါ့

အိပ်မက်ကောင်းကင် said...

နူးညံ့ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ကဗျာလေးတစ်ပုဒ်ကို
ခံစားသွားတယ်နော်

လွင်ပြင်လှိုင်းငယ် said...

မိုက်တယ် အညာတွေကိုထပ်နေတာပဲ ။အားပေးလျက်ပါ

တွတ်တွတ် said...

ကိုင်း....အညာသူလေး..အညာတွေ..အညာခံရတာတွေခဏတဖြုတ်လောက်မေ့သွားအောင်....လာထား..ရွာစားရေ...အို..ဘာတဲ့..."အညာသူရေ..တောင်ပေါ်မြေမှာ ပဲပုတ်စားနိုင်ရင်...လိုက်ခဲ့ကွယ်.." လို့..မတိမ်းမစောင်း.ဗိန်းမောင်းလေးနဲ့..အရောက်ပို့ ပါအုံးလား.....

လရိပ်အိမ် said...

အညာကိုလွမ်းတာလား ၊ အညာလူကိုလွမ်းတာလား..။
အကြိမ် ၁၀၀ လား ၊ အကြိမ် ၅၀၀လား။
အဲလိုဖောင့်လေးတွေလိုချင်တယ်။ ဘယ်လိုလုပ်ယူရလဲ။
ကျေးဇူး ။

Phyu Lwin said...

အော် ..အညာ ကဗျာလေးလာဖတ်ပြီး ... အညာကိုတောင် လွမ်းသွားပါတယ် :)

လေပြေချို said...

အသည်းတောင်ကြွေတယ်ဆိုတော့.. အညာနွေက အဲ့လောက်ကြီး ပူတာပေါ့နော်..
အသည်းတောင်ကြွေတယ်ဆိုတော့.. အညာလူက
အဲ့လောက်တောင်ညာတာပေါ့နော်
အဲ့အညာက အဲ့လောက်ဆိုးလား
အညာကိုသွားရမှာတောင် ကြောက်လာပြီး..:)
စတာနော်.. အဟိ
ခင်တက်တဲ့
လေပြေချို

အလွမ်းမြို့ said...

အားဆေးတိုက် အားပေးသွားတဲ့ မောင်နှမတွေရဲ့
ကော်မန့်တွေကြောင့် လွမ်းဆွေးစိတ်လေး တစ်မှေးတော့
ပျောက်သွားတယ်။ ဒါပေမဲ့ လွမ်းတာ လွမ်းတာပါဘဲ။။
ခိ ခိခိ...အားလုံးကို ကျေးဇူး...
တွတ်တွတ်လည်း သီချင်းဆိုသွားတယ်။ ဝမ်းလေဒီရှိုးကျ
ရင် ဖိတ်လိုက်မယ်...

မိုးနတ်ကြယ်စင် said...

အညာ..အညာ..အဲဒိစကားလုံးတွေကြောင့် အညာကိုတောင်သွားကြည့်ချင်စိတ်ပေါက်တယ်..
သွားကြည့်ချင်စိတ်ပေါက်တာကိုပဲပြောပါတယ်...
တကယ်သွားတော့မကြည့်ချင်ပါဘူး....
အညာက အားကြီးဖုန်ထူတယ်...ပြီးတော့ ပြန်လာရင်
အားကြီးအသားမဲတယ်...သွားချင်ဘူး မိုးနတ်တော့လေ
စတာပါ အမရေ....တကယ်တော့ မိုးနတ်လဲ
အညာနွေပူတာထက်...အညာလူ ညာတာဘယ်လောက်
ကျွမ်းလဲ ပိုသိချင်မိတယ်....အားပေးသွားတယ်နော်
ခင်တဲ့ ..မိုးနတ်

Candy said...

မကြီးလွမ်းတို့က နာမည်နဲ့လိုက်အောင် လွမ်းတတ်ရန်ကော :D :P

မင်းအရိပ် said...

အော် ကဗျာလေးက မိုက်တယ်နော်
အညာ အညာနဲ့ အညာတွေ လှိုင်လှိုင်သုံးသွားတာပဲနော်
ဟီးး :P
စကားလုံးအညာတွေ သုံးသွားတာပြောတာပါ

လရိပ်အိမ် said...

ဒီလို ပုံနဲ့မြန်မာဖောင့်လှလှလေးကို ဘယ်software မှာရေးရမလဲ မအလွမ်း

Anonymous said...

ကောင်းပါတဃ်...ကျွန်တော်လည်လွမ်းနေတဃ်ဗျာ