မောင့်မှာ ရာထူးရာခံမရှိဘူး
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
မောင့်မှာ ကိုယ်ပိုင်ကားမရှိဘူး
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
မောင့်မှာ ကိုယ်ပိုင်အိမ်ကြီးထည်ထည်ဝါဝါမရှိဘူး
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
မောင်က နာမည်ကြီး မင်းသားမဟုတ်ဘူး
ဒါပေမဲ့ ကျမ မောင့်ကိုချစ်တယ်။
ဘာမှပြည့်စုံမှု့မရှိတဲ့ မောင့်ကို
ကျမ ချစ်တယ်။
ဝင်ငွေကောင်း နာမည်ကြီး ဘောလုံးသမား
နာမည်ကြီး ဝင်ငွေကောင်း အဆိုတော်
ဝင်ငွေကောင်း နာမည်ကြီး မင်းသား
ချမ်းသာမှု့တွေ ပြည့်စုံမှု့တွေနဲ့
မောင့်ကိုလှဲပေးပါဆိုရင်လည်း
ကျမ - မောင့်ကို
ချစ်တယ်။
ရုပ်ဝတ္တုပစ္စည်းတွေ မပေါကြွယ်ပေမဲ့
ကိုယ်ချင်းစာတတ်တဲ့ စိတ်
ကြင်နာတတ်တဲ့ နှလုံးသား
သီးခံခြင်း ခွင့်လွှတ်ခြင်း
နူးညံ့တဲ့နှလုံးသားနဲ့
နားလည်ခြင်းတွေ
အလိုလိုက်ခြင်း
မေတ္တာစစ်စစ်နဲ့
မောင်က
ကျမကို
ချစ်တယ်။
ဒါကြောင့်!!!!!
အေးချမ်းတဲ့ ကျမတို့ ကမ္ဘာမှာ ကျမတို့နှစ်ယောက် အနာဂါတ်အိမ် လှလှလေးတွေရေးဆွဲ စိတ်တူကိုယ်တူ နားလည်မှု့တွေ အပြန်အလှန်လေးစားမှု့တွေသီကုံး သီးခံခြင်းတွေထမ်းပိုး တစ်ယောက်ကို တစ်ယောက်အပြန်အလှန်လေးစားမှု့ ဦးထုပ်တွေဆောင်းထား ယုံကြည်ခြင်းလက်နက်တွေနဲ့ တဲစုတ်စုတ်လေးထဲမှာ အပြင်က ပစ်ခတ်လာတဲ့ ဘာသာရေး မြှားချက်တိုင်းကို တွဲလက်မြဲမြဲနဲ့ ကာကွယ်ခုခံသွားရင်း ဆက်ချစ်နေဦးမယ်။
စာဖတ်သူများကို ကျမတို့ ဇနီးမောင်နှံအကြောင်းလေး ဖတ်စေချင်လို့ပါ။ အဟီး...ရေးစရာ စိတ်ကူးမရှိသေးလို့ မောင့် အကြောင်းရေးလိုက်တာဆို ပိုမှန်မယ်....ခိခိခိ
စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
အလွမ်းမြို့လေး
10 comments:
မှောင်ရေ သိလိုက်တော့ ဟိ
မောင့်ကို ကျမ ချစ်တယ်
မောင်ရေ... အဲ့ဒိလောက်တောင် ချစ်ရသည်.. (သီချင်းဝင်ဆိုသွားပါသည်)အဟိ..
လွမ်းရေ... သတိရလို့ ကဗျာလေဲးအားပေးရင်းပေါ့..
ခင်တက်တဲ့
လေပြေ
အလွမ်းမြို.လေး
ဇနီးမောင်နှံဆိုတာအပြန်အလှန်နားလည်လေးစားမှု
လေးတွေနှင်.နေထိုင်သွားကြရင်
သာယာပျော်ရွှင်တဲ.မိသားစုဘ၀လေးကို
ပိုင်ဆိုင်ကြရမှာပါကွယ်။ခင်တဲ.အန်တီလေးမေခင်
အလွမ်းမြို့လေးရေ
ဇနီးမောင်နှံဆိုတာအပြန်အလှန်
နားလည်လေးစားမှုလေးတွေနဲ့
နေထိုင်သွားရင်သာယာပျော်ရွှင်တဲ့
မိသားစုဘ၀လေးကိုပိုင်ဆိုင်ကြရမှာပါကွယ်
အားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်
ချစ်ချစ်အကြောင်း စာသီထားတယ်ဆိုပါတော့ :D :D
ချစ်နိုင်သူတွေချစ်ကြပါကြိုက်ကြပါ..
သာယာပျော်ရွှင်သောဘ၀ကိုပိုင်ဆိုင်နိုင်ကြပါစေ
မနေ့က ဂျီတော့မတ်စေ့မှာ ရေးတာ အဲလိုမဟုတ်ပါဘူး။း)
ဂုံး လုပ်သွားသည်။
jasmine လဲ မောင့်ကိုချစ်တာပါပဲ
တို့သူငယ်ချင်းနှစ်ယောက်တူတူပေါ့နော်
ချစ်တဲ့ jas
အလွမ်းရဲ့ မောင့်အပေါ်ထားတဲ့ အချစ်တွေ သိသွားပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment