Tuesday 4 September 2012

လွမ်းမင်းသမီး




 ထနောင်း မန်းကျည်း၊ ထန်းလက်ထီးနှင့်
ကုက္ကူပင်သာ၊ ချိုးလင်းပြာတို
တကူကူသံ၊ ဆူဆူညံပြီး
ဖိုထီးအမ၊ ဇင်ယော်လှသည်
ဥသြသံသာ ရွှေအညာ။

ဘယ်သူဘယ်မြို့၊ ဘယ်သို့သူလွမ်း
ဘယ်လိုမှန်းကာ၊ လွမ်းမိပါလိမ့်
တသိမ့်သိမ့်နှင့်၊ မေးရခြိမ့်နည်း
ဖြေမပြီးအောင်၊ စကားဖောင်ဖွဲ့
သွဲ့သွဲ့ညှင်းညှင်း၊ အညာလေသင်း။

မြို့ရွှေသလ္လာ၊ အညာမှာကာ
နှစ်လတိုစွာ၊ နေရပါလည်း
အောက်ပြည်ရွာသူ၊ ငါ့တလူသည်
ဘယ်သူ့မမေ့၊ ဘယ်ဓလေ့ကြောင့်
လွမ်းရလိမ့်နည်း၊ လွမ်းမင်းသမီး။

  

ကျမမိတ်ဆွေတစ်ဦးမှ  ကျမ အတွက်  လက်ဆောင်ရေးပေးတဲ့  ကဗျာလေးပါ။
အညာမြေကို  အမြဲလွမ်းနေတတ်တဲ့  ကျမ  အတွက်ပေါ့။
အညာနွေပူတာမှန်ပေမဲ့  အညာလူတွေရဲ့
ရိုးသားခြင်းတွေကကျမအတွက် 
သတိရ  လွမ်းစရာတွေပေါ့။
ဖုန်ထူနေပူတဲ့အညာကို
ဘယ်သူမှမနေချင်လဲ
ကျမကတော့
ခင်တွယ်မြဲ။




စာဖတ်သူများကိုအစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး

13 comments:

လွင်ပြင်လှိုင်းငယ် said...

အညာကိုအမြဲလွမ်းနေသူအတွက် သူငယ်ချင်းပေးတဲ့
အညာကဗျာလေးကလဲ ကောင်းမှကောင်း ။

မိုးနတ်ကြယ်စင် said...

ခံစားသွားတယ်အမရေ..မမကိုတော်တော်ခင်လို့ရေးပေးတာဖြစ်မယ်နော်..
ခင်တဲ့..ညီမလေးမိုးနတ်

Phyu Lwin said...

အညာကိုလွမ်းနေတဲ့ လွမ်းမင်းသမီးကဗျာကို မြေလတ်ကိုလွမ်းနေတဲ့သူတစ်ယောက် လာဖတ်သွားပါတယ် မမ :)

ချစ်စံအိမ် said...

လွမ်းတော့လွမ်းနေတာပဲ မမရေ ဘာလွမ်းနေမှန်းမသိဘူး ကဗျာလေးလာဖတ်ပြီး
ပိုသွားသွားပါတယ်။။

မိုးသူ(တောင်ကြီး) said...

ဘယ်သူဘယ်မြို့၊ ဘယ်သို့သူလွမ်း
ဘယ်လိုမှန်းကာ၊ လွမ်းမိပါလိမ့်
တသိမ့်သိမ့်နှင့်၊ မေးရခြိမ့်နည်း
ဖြေမပြီးအောင်၊ စကားဖောင်ဖွဲ့
သွဲ့သွဲ့ညှင်းညှင်း၊ အညာလေသင်း


တောင်ပေါ်သားလေး မိုးသူ ခံစားဖတ်ရှုသွားပါတယ် :)

အိပ်မက်ကောင်းကင် said...

ကျွန်တော်လည်း ကျွန်တော့်နေတဲ့ ဇာတိလေးကိုလွမ်းနေတာ
သည်ကဗျာလေးဖတ်မှ ပိုတောင်လွမ်းသလိုခံစားရတယ်
ကဗျာလေးကလည်း ကောင်းလိုက်တာ
ကဗျာလေးကိုခံစားသွားတယ်နော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

အညာ ကိုလွမ်းနေတဲ့ ကဗျာလေးပေါ့အလွမ်းရေ
မမြင်ရတာအတော်တောင်ကြာပြီနော်
တွေ့ချင်တဲ့တဲ့သူ အမြဲတမ်းပဲမျော်(သီချင်း)

3rdthameetaw said...

အညာနွေပူလွန်းတယ် အညာနွေ ရှည်လွန်းတယ်
ရင်ခုန်စေတဲ့မင်းမရှီပြီကွယ် တဲ့
အဲ့သီချင်းထဲမှာကိုပါနေပြီ ချစ်သူမရှိလို့ ပူတာ
ဟုတ်တယ် မလား အလွမ်း

ညီရဲသစ် said...

ကဗျာလေးဖတ်ပြီး ငယ်ငယ်က နွားထိုးကြီးမြို့ နယ်ဘက်မှာ နှစ်လလောက် နေခဲ့တာလေးကို ပြန်သတိရမိသွားတယ်... အဲဒီအချိန်က တော်တော်လေးကို ပျော်ခဲ့မိတာ...

mstint said...

အလွမ်းရဲ့ လွမ်းမင်းသမီး ကဗျာလေးကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လေပြေချို said...

လွမ်းနေပါတယ်ဆိုမှ.. အလွမ်းတွေကို ပိုပိုတိုးအောင် ဘယ်လိုအညှိုးတွေနဲ့များ လွမ်းရစ်စေတာလဲလွမ်းရယ်..အဟိ
ဒီကလည်း အမြဲတမ်း လွမ်းနေတာပါနော်
ခင်တဲ့
လေပြေ

လရိပ်အိမ် said...

ကဗျာက ပညာရှင်၁ယောက်ရေးထားတာနဲ့တူတယ်။
ဘာဘဲဖြစ်ဖြစ် လွမ်းသွားတယ်။

Yoemyaykya said...

မမအလွမ်းရေ အလွမ်းတွေကိုလာအားပေးသွားတယ်နော်။