Sunday 21 October 2012

ခွန်အားဖြည့် ကဗျာ

စိတ်မပျက်နဲ့ သူငယ်ချင်း...
မင်းရဲ့ ဝင်သက်ထွက်သက်တိုင်း
လောကဓံလှိုင်းရဲ့အငွေ့အသက်တွေမကင်းတာကိုက
လူသားတစ်တစ်ယောက်ရဲ့ စံနှုန်းမို့
မင်းအတွက်အရှုံးတွေ မဟုတ်ဘူး သူငယ်ချင်း...
အပြုံးမပျက်ပဲ နေလိုက်ပါ....။

မင်း အသက်ကို ခပ်ပြင်းပြင်းရှူကြည့်လိုက်စမ်းပါ
အဲဒီအထဲမှာကိုက ထိုးနှက်ချက်တွေပါပြီးသား
ဖျတ်လတ်ခြင်းတွေ ပါပြီးသား
လွတ်လပ်ခြင်းတွေ ပါပြီးသား
တိုက်ခိုက်ခြင်းတွေ ပါပြီးသား
အဲဒီအနံ့အသက်တွေက မင်းရဲ့ခွန်အားတွေပဲ သူငယ်ချင်း
ကဲ......မင်း ဘာငြင်းချင်သလဲ..၊

လူဆိုတာ လိုအပ်ချက်တစ်ခုကြောင့် ပျော်တယ်..ပြောတယ်..ထေ့တယ်..ငေါ့တယ်
ပျော့တယ်...ပြောင်းတယ် တဲ့
မင်း...အဲဒီ အထေ့အငေါ့ အရွှေ့အပြောင်းတွေကြားမှာ
မင်းဘဝ...မင်းရဲ့စံတွေ မရွေ့စောင်းပါစေနဲ့ သူငယ်ချင်း
မင်းကိုယ်မင်းမဲ မင်းမူပါ
မင်းဟာ လူသားတစ်ယောက်မှန်လို့ပဲ...။

မင်းရဲ့ခြေရာတွေကိုပြန်ကြည့်...
မင်းရဲ့ ခရီးလမ်းတစ်ချို့မှာလေ
မင်းဟာ ပန်းတွေကိုလည်း ပွင့်စေခဲ့သူ
အနွမ်းတွေကိုလည်း လွင့်စေခဲ့သူ
အဲဒီတော့...အလွမ်းရေ....မင်းဟာလေ..

ပန်းသပြေလိုပဲ လန်းနေရမဲ့သူ.. ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^   အလွမ်း  စိတ်ညစ်နေတဲ့နေ့တစ်နေ့မှာ  မိတ်ဆွေတစ်ဦးမှ  ချစ်ခင်စွာဖြင့်   အားပေးနှစ်သိမ့် လက်ဆောင်ရေးပေးလိုက်တဲ့   ခွန်အားဖြည့်  ကဗျာလေးပါ။အားပေးခံစားသွားသူတိုင်း  အတွက်  ခွန်အားဖြစ်ပါစေ။    စာဖတ်သူများကို  အစဉ်လေးစားချစ်ခင်လျှက်အလွမ်းမြို့လေး 

12 comments:

စံပယ်ချို said...

အဓိပ္ပါယ်တွေပြည့်ဝလှတဲ့ကဗျာလေးပါအလွမ်းရေ
(အဲဒီ အထေ့အငေါ့ အရွှေ့အပြောင်းတွေကြားမှာ
မင်းဘဝ...မင်းရဲ့စံတွေ မရွေ့စောင်းပါစေနဲ့ သူငယ်ချင်း)
ချစ်တဲ့ sis jasmine

လေပြေချို said...

မင်းရဲ့ခြေရာတွေကိုပြန်ကြည့်...
မင်းရဲ့ ခရီးလမ်းတစ်ချို့မှာလေ
မင်းဟာ ပန်းတွေကိုလည်း ပွင့်စေခဲ့သူ
အနွမ်းတွေကိုလည်း လွင့်စေခဲ့သူ
အဲဒီတော့...အလွမ်းရေ....မင်းဟာလေ..
ပန်းသပြေလိုပဲ လန်းနေရမဲ့သူ..
ခွန်အားတွေပါ ကူးစက်သွားသလိုခံစားမိလိုက်သလားလို့..တစ်ကယ်ပါ :)
ပျော်ရွှင်ပါစေနော်
ခင်တက်တဲ့
လေပြေ

Phyu Lwin said...

မင်းရဲ့ ခရီးလမ်းတစ်ချို့မှာလေ
မင်းဟာ ပန်းတွေကိုလည်း ပွင့်စေခဲ့သူ
အနွမ်းတွေကိုလည်း လွင့်စေခဲ့သူ
အဲဒီတော့...အလွမ်းရေ....မင်းဟာလေ..
ပန်းသပြေလိုပဲ လန်းနေရမဲ့သူ..

အရေးအသားလေးတွေကြိုက်တယ် မမ.. သွက်တယ်

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့်ကို ခွန်အားတွေ အပြည့်နဲ့ ကဗျာလေးပဲမမရေ...

ချစ်စံအိမ် said...

မင်းရဲ့ခြေရာတွေကိုပြန်ကြည့်...
မင်းရဲ့ ခရီးလမ်းတစ်ချို့မှာလေ
မင်းဟာ ပန်းတွေကိုလည်း ပွင့်စေခဲ့သူ
အနွမ်းတွေကိုလည်း လွင့်စေခဲ့သူ
အဲဒီတော့...အလွမ်းရေ....မင်းဟာလေ..
ပန်းသပြေလိုပဲ လန်းနေရမဲ့သူ..

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးတကယ်ကောင်းတယ်

ညောင်ညိုရိပ် said...

ဟုတ်ပါတယ်...ပန်းသပြေလိုပဲ လန်းနေရမည့်သူပါ။ အမြဲတမ်း တက်ကြွလန်းဆန်းနေပါစေ..။

မိုးညချမ်း said...

တစ်ကယ်ကို ခွန်အားတွေပြန်လည်ပြည့်ဝစေတယ် မမ ... :)

Anonymous said...

မင်းကိုယ်မင်းမဲ မင်းမူပါ....

နှစ်သက်မိတယ် မမ

~ Kk ~

Anonymous said...

တကယ်ပဲ ခွန်အားပြည့်စေခဲ့ပါတယ် မကြီးလွမ်း..

ကျေးဇူးပါ ... :)

blackroze said...

ကဗျာလေးကိုဖတ်ပြီးတကယ်ကိုဘဲခွန်အားတွေပြည့်
သွားတယ်မကြီးလွမ်း
ဒီကဗျာလေးကို ပစ်ပစ်သဘောကျတယ်မကြီး

အရမ်းသဘောကျတဲ့စာသားလေး....

လူဆိုတာ လိုအပ်ချက်တစ်ခုကြောင့် ပျော်တယ်..ပြောတယ်..ထေ့တယ်..ငေါ့တယ်
ပျော့တယ်...ပြောင်းတယ် တဲ့
မင်း...အဲဒီ အထေ့အငေါ့ အရွှေ့အပြောင်းတွေကြားမှာ
မင်းဘဝ...မင်းရဲ့စံတွေ မရွေ့စောင်းပါစေနဲ့ သူငယ်ချင်း
မင်းကိုယ်မင်းမဲ မင်းမူပါ
မင်းဟာ လူသားတစ်ယောက်မှန်လို့ပဲ...။

Anonymous said...

like