Tuesday 16 October 2012

စိတ်ရဲ့အဖော်ပါပါစေ!



ခံစားချက်တွေ မျိုသိပ်တာများလာတော့
ပေါက်ကွဲလွင့်စင်တတ်တယ်။
ခံစားချက်နယ်ပယ်နဲ့ ကင်းဝေးနေတော့
နှလုံးသား အထီးကျန်ဆန်လာတယ်။

ဖွင့်ပြောချင်စိတ်တွေ  မျိုသိပ်ခဲ့ရပြန်တော့
တိတ်တဆိတ်ကြေကွဲတယ်။
ဖွင့်ပြောချင်စိတ်တွေ ဖွင့်ဟသွန်ချတော့
စွပ်စွဲခံရပြန်တယ်။

မတရားမှု့တွေမြင်နေရတော့  
လက်တို့ပြောချင်ခဲ့တယ်။
လက်တို့အမှန်ပြောပြချင်ပေမဲ့လည်း
နားထောင်ပေးမဲ့သူ မရှိဖြစ်ပြန်တယ်။

အတင်းအဓမ္မ  သိမ်းယူတာတွေမြင်နေရတော့
အသိစိတ်ထဲ သွေးဆူလာတယ်။
အသိစိတ်ထဲ သွေးဆူနေပမဲ့
(ပါဝါ)ရိန်းဂျား မဟုတ်တာကြောင့်
ဓမ္မ လေးကိုလက်စွဲ  ခပ်ဝေးဝေးဘဲ နေခဲ့တယ်။

လက်ညှိုးထိုး မတရားစွပ်စွဲတာတွေမြင်နေရတော့
လက်ညှိုးကိုဖြတ် အမှန်ကိုပြချင်တယ်။
လက်ညှိုးကိုဖြတ် အမှန်ကိုပြဖို့ကလည်း
ကိုယ့်လက်ထဲမှာ (ငွေ)ဓား  မရှိပြန်ဘူး။

စိတ်ဆိုတာ အထိန်းအချုပ်မရှိဘူး
သွားချင်ရာသွားမယ်
ရောက်ချင်တာရောက်မယ်
ဒါကြောင့် ဘယ်ကိုသွားသွား
စိတ်ရဲ့အဖော် (တရား) လက်နက်နဲ့
(ဓမ္မ )ဓားလေး ဆောင်သွားနိုင်ကြပါစေ။



စာဖတ်သူများကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး

10 comments:

လေပြေချို said...

စိတ်ဆိုတာ အထိန်းအချုပ်မရှိဘူး
သွားချင်ရာသွားမယ်
ရောက်ချင်တာရောက်မယ်
ဒါကြောင့် ဘယ်ကိုသွားသွား
စိတ်ရဲ့အဖော် (တရား) လက်နက်နဲ့
(ဓမ္မ )ဓားလေး ဆောင်သွားနိုင်ကြပါစေ။
အကောင်းဆုံးလက်နက်လေးပါပဲ... ကျေးဇူးတင်ပါတယ်လွမ်းရေ...
ခင်တက်တဲ့
လေပြေ

ညောင်ကိုင်းသား said...

ကဗျာမဖတ်ရတာကြာတော့ ကဗျာလေးကို သေချာဖတ်သွားဖြစ်ပါတယ်။ ဖတ်ရတဲ့သူအတွက်ပါ စိတ်အဖော်ရစေတဲ့ ခံစားချက် ဓမ္မအသိအမြင်လေးပါပဲ။ ကျန်းမာကြပါစေဗျာ

စံပယ်ချို said...

စိတ်ဆိုတာထိန်းချုပ်ရန်ခက်ခဲလှပါတယ်
ထိန်းချုပ်နိုင်တဲ့သူကတော့ အရမ်းကိုတော်တဲ့သူပါပဲ
အလွမ်းကိုချစ်တဲ့ sis jasmine

ချစ်စံအိမ် said...

စိတ်ဆိုတာ အထိန်းအချုပ်မရှိဘူး
သွားချင်ရာသွားမယ်
ရောက်ချင်တာရောက်မယ်
ဒါကြောင့် ဘယ်ကိုသွားသွား
စိတ်ရဲ့အဖော် (တရား) လက်နက်နဲ့
(ဓမ္မ )ဓားလေး ဆောင်သွားနိုင်ကြပါစေ။

လွင်ပြင်လှိုင်းငယ် said...

လက်ညှိုးထိုး မတရားစွပ်စွဲတာတွေမြင်နေရတော့
လက်ညှိုးကိုဖြတ် အမှန်ကိုပြချင်တယ်။
လက်ညှိုးကိုဖြတ် အမှန်ကိုပြဖို့ကလည်း
ကိုယ့်လက်ထဲမှာ (ငွေ)ဓား မရှိပြန်ဘူး။

ကဗျာလေး အဓိပ္ပါယ်အရမ်းရှိတယ်

Yoemyaykya said...

ဘယ်သူမှ နားထောင်သူမရှိလဲ ဒီမှာနားထောင်ပေးနေပါတယ် အစ်မရေ။ ဓမ္မဓားလေးကတော့ လူတိုင်းဆောင်သင့်တာပေါ့အစ်မရယ်။

ရာဇာထွေး said...

တရားဓမ္မအဆုံးအမလေးတွေနဲ့ရေးဖွဲ့ထားတဲ့ကဗျာလေး
ပါလားအမရေ...အားပေးသွားပါတယ်ခင်ဗျာ...အဲဒီ
ကြောင့်ဘဲအမမောင် ကျွန်တော် တော်တော်လေးဒေါင်
ချာစိုင်းသွားတာ :D

ခင်မင်စွာဖြင့်
ရာဇာထွေး

Candy said...

သိပ်အဓိပ္ပာယ်ရှိတဲ့ စာလေးပဲ မမရေ...
အမြဲ အားပေးနေပါတယ်နော် :D

Phyu Lwin said...

မှန်လိုက်တာ မမရေ.. စကားလုံးတိုင်းကို ကြိုက်တယ်

တွတ်တွတ် said...

အတွေးစ လေးတွေကို ပိုမိုရှည်လျားသွားစေတယ်...
သေချာတွေးမိပြီးမှ..နောက်တစ်ခေါက်..လာ..မန့်...ပါဦးမယ်..ယောက္ခရေ...