တဝုန်းဝုန်းထဲ အသံတွေကြားနေရတယ်။
ဘာသံတွေပါလိမ့်။ မျက်လုံးကိုဖွင့်
သေချာနားစွင့်ခဲ့တယ်။
ထိုင်နေတဲ့ အလင်းရောင်အောက်မှာ
အပြင်က အမှောင်ကြီး ကြီးစိုးလာတယ်။
သေချာ ထရပ်ကြည့်လိုက်တယ်။
မနေ့က ဒီလောက် မအေးပါဘူး
ဒီနေ့ နေများမကောင်းလို့လား
အတွင်းဓါတ်ခံက အေးနေတာလို့
တွေးနေမိတယ်။
မဟုတ်ဖူး ...မဟုတ်ဖူး...
အသံလာရာကြည့်လိုက်တယ်
ပြတင်းကိုဖွင့် နားကိုစွင့်လိုက်တော့
တဝုန်းဝုန်းနဲ့ ကြားနေရတဲ့အသံတွေက
သစ်ပင်တွေ ယိမ့်နွဲ့ ပြတင်းတံခါးတွေလှုပ်ခါ
လှိုင်းလုံးကြီးအသံမျိုးနဲ့ ဆောင်းဝင်လာတဲ့
လေတိုက်သံ
မျက်စိကိုဖွင့် ပြတင်းကိုကြည့်တော့
စိုးမိုးလာတဲ့ အမှောင် ဘာရယ်ကြောင့်လဲပေါ့။
အရောင်တွေ ညိုကျသွားလောက်အောင်
အုံးမှိုင်းရယ် မှောင်ခဲ့တယ်။
သေချာတာတစ်ခုက ဆောင်းဦးသက်သေပေါ့။
အခန်းထဲက အပူစက်ရယ် အပူရှိန် ကျသွားတာလား
အပြင်က အအေးဓါတ်လွန်ကဲတာလား
သေချာ ပြေးကြည့်လိုက်တော့
အော်....ဘာလိုလိုနဲ့ မကြာခင်မှာ
မနက်ခင်းမှာ လမ်းကဖွေးဖွေး
ညနေခင်းမှာ လမ်းမှောင်မှောင်
ဂုံနီစွတ်ထားတဲ့ ရုပ်တွေနဲ့
ခေါင်းတစ်လုံးသာဖော်
တစ်ယောက်ကိုတစ်ယောက်မမြင်
နှုတ်ဆက်ဖို့အရေးထက် အချမ်း မပိုဖို့အရေး ကာကွယ်ပေး
မှုံဝါးဝါးနဲ့ ဖြစ်သန်းရမဲ့ အချိန်ရောက်တော့မှာကိုး။။။။။
မှတ်ချက်။ ဒီနေ့မနက် အိပ်ယာနိုးတော့ ဖြစ်ပျက်နေတဲ့ အပြင်ပါတ်ဝန်းကျင်းကို ငေးကြည့်မိရင်း ရေးဖြစ်သွားတဲ့ ကဗျာလေးပါ။ အမိမြန်မာပြည်က မိလွမ်းတို့ တောရွာမှာဆို ဒီလိုလေတိုက်ပုံမျိုးနဲ့ ရှိသမျှ သရက်ပင်က သရက်သီးတွေ ကြွေနေလောက်ပြီ။ သူထက်ငှာ အပြိုင်လုကောက်ရင်းပေါ့။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်လေးစား ချစ်ခင်လျှက်
အလွမ်းမြို့လေး
8 comments:
အလွမ်းရေးတဲ့ ဆောင်းလေ ကဗျာလေးဖတ်ပြီး
ဆိုင်မဆိုင်တော့မသိဘူးနော်
တောင်ကြီးကိုလွမ်းနေရပြီ
မျက်စိထဲလဲမြင်လို့ရအောင်ရေးတတ်ပါဘိ
ချစ်တဲ့ sis jasmine
မြန်မာမှာလည်း မနက်ကဆောင်းလေတွေတိုက်နေတာလေ.. လေစိမ်းတွေတိုက်နေတာ.. ဟီးဟီး .. ပျော်လိုက်တာ..တစ်ကယ်
ခင်တဲ့
လေပြေ
ရာသီဥတုမရှိတဲ့ စင်္ကာပူကို မကြိုက်ဘူး... မြန်မာပြည်ကို လွမ်းသွားပြီ ဟင့် :(
အလွမ်းတွေ ဆင့်သွားပြီမမ ရေ..
ဟုတ်တယ်မမရေလမင်းတို့ ဆီလည်းအေးလာပြီး မ၀တ်ချင်တဲ့အ၀တ်တွေဝတ်ရတော့မယ်..:( ကဗျာလေးဖတ်ပြီးအေးလာသလိုပဲ:P
ဟုတ်တယ်မမရေလမင်းတို့ ဆီလည်းအေးလာပြီး မ၀တ်ချင်တဲ့အ၀တ်တွေဝတ်ရတော့မယ်..:( ကဗျာလေးဖတ်ပြီးအေးလာသလိုပဲ:P
တ၀ုန်းဝုန်းနဲ့ သစ်ပင်ရိုက်ခတ်သံလေးတွေကြားချင်လိုက်တာ။
မိုးသူတို့ တောင်ကြီးမှာလဲအေးလာဘီ
ဆောင်းဥတုစ၀င်နေဘီ
မနက်မနက်ဆိုအေးထှာဗျာ
မကြီးလွမ်းကဗျာလေးဖတ်ပြီး
အေးလိုက်တာမပြောပါနဲ့ တော့
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment