သီတင်းကျွတ်သွားပြီမို့ အလွမ်းရဲ့ ဘလော့ကနေဘဲ ရင်းနှီးကျွမ်းဝင်သော ရဟန်းသံဃာများ နှင့် ဦးဦး ဒေါ်ဒေါ် ကိုကို မမ များ စာဖတ်ပရိတ်သတ်များ အားလုံးကို ကံ၃ပါးနဲ့ ပြစ်မှားမိသော် လက်စုံမိုးပြီး ဦးစွာ ပထမ တောင်းပန်လိုက်ပါတယ်။
ခုတလော စာလည်းမရေးဖြစ် စာလည်းမဖတ်ဖြစ်ဘူး။ စိတ်ညစ်စရာတွေ အပူတွေများနေတာမို့ စိတ်တွေလေးလံ နေမိတယ်။ ဒါပေမဲ့ အလွမ်းဘလော့ကို လာလည်ကြတဲ့ မိတ်ဆွေများ ခင်မင်ရင်းနှီးကြတဲ့ မောင်နှမများကို အမြဲသတိရနေပါတယ်။ အိမ်အလည်မရောက်ဖြစ်ပေမဲ့ စိတ်ကတော့ အမြဲရောက်ဖြစ်ပါတယ်။ စိတ်ညစ်စရာလေးတွေရှိရင် တရားလေးနာဖြစ်တယ်။ တရားနာပြီးရင် စိတ်ပြေအောင် အပျင်းပြေ ဗမာကားလေးတွေ ကြည့်ဖြစ်တယ်။
ရုပ်ရှင်လေးတွေကြည့်ပြီး မဆီမဆိုင် တွေးမိတာတွေလေရေးဦးမယ်။ ကိုယ့်တစ်ယောက်တည်း အတွေးပေါ့။ ဟိုရောက် ဒီရောက်ပေါ့။ မြန်မာကားတွေ ကြည့်ပြီးတိုင်း အတွေးတွေ အမြဲဝင်ဖြစ်တာကတော့ ဒို့မြန်မာတွေက အတုမြင် အတတ်သင် အရမ်းမြန်တယ်။ နောက်တစ်ခု မြန်တာက ကော်ပီ ကူးတာမြန်တယ်။ အဲတာကလည်း မြန်မာ့အစွမ်းပေလား။
အတုမြင် အတတ်သင်ဆိုတဲ့ စကားလေးကို မြန်မာရုပ်ရှင်တွေ ကနေ ကျမ တွေးမိတာလေးတွေ ရေးပြချင်တယ်။ ရုပ်ရှင်ကားကြည့်လိုက်တိုင်း (၁၀)ကားလောက်မှာ ( ၈ ) ကားလောက်က အဖွဲ့လိုက်စုမယ် လူဆိုးတွေက မျက်နှာဖုံးတွေစွပ်မယ် ခုတ်မယ် သတ်မယ် လုမယ် တိုက်မယ် ခိုက်မယ် ဒုတ်ဓားအပြည့်နဲ့ ခုတ်မယ် ရိုက်မယ်။ အိမ်တွေဝင်တယ် ရက်ရက်စက်စက် လူသတ်တယ် ပစ္စည်းယူတယ် လမ်းတွေမှာလည်း ကားတွေဖျက်ဆီးတယ် ဘာညာအစုံပေါ့။ ဒီလိုမျိုးပေါ့ http://aungthetkhing.blogspot.com/2012/11/blog-post_6933.html ရုပ်ရှင်ဇာတ်လမ်းအရ ကြည့်ရပေမဲ့ မြန်မာပြည်ရဲ့ စီးပွားရေး အကျပ်အတည်းရယ် အသိပညာဆုတ်ယုတ်မှု့ရယ် လွပ်လပ်ခွင့်အပြည့်အဝမရမှု့ တန်းတူညီတူ အခွင့်အရေး မရရှိမှု့တွေကြောင့် တစ်ချို့က ဒီလိုရုပ်ရှင်ကားတွေကို အတုယူကြပြီး လက်ရှိအပြင်မှာ တိုက်တယ် ခိုက်တယ် အဖွဲ့လေးစုပြီး လုယက်တယ်။
ဇာတ်ညွှန်းရေးသူကဘဲ အပြင်ကအဖြစ်အပျက်တွေကို အကြောင်းပြုရေးထားပြီး ဒါရိုက်တာက ဒီလို ဇာတ်ကားမျိုး ရိုက်သလော ..... သို့တည်းမဟုတ် ဒီလို ဇာတ်ကားမျိုးကို ကြည့်ပြီးမှ ပရိတ်သတ်က ရုပ်ရှင်ထဲက ဇာတ်ကွက်တွေအတုယူပြီး ဒီလိုတွေဖြစ်နေ သလော ကျမ သေချာမသိပါ။ သေချာတာ တစ်ခုကတော့ သတင်းတွေဖတ်လိုက်တိုင်း အမြဲလိုပါနေတဲ့ အုပ်စုဖွဲ့ လုယက်ခြင်း ဂိုဏ်အလိုက် အနုကြမ်းစီးခြင်းတွေ ဖတ်ရပါတယ်။ တာဝန်ရှိသူများက မတင်းကြပ်တာလား သေချာမကိုင်တွယ်တာလား ဘာရယ်ကြောင့်မသိ မြန်မာပြည်မှာ ဒီလိုသတင်းတွေက တစ်နေ့ထက်တစ်နေ့ မရိုးရအောင်ဖြစ်နေတယ်။
လူသတ်ဖို့ဆိုတာ တွေးမိယုံနဲ့ ကြက်သီးထစရာပါ။ လူမဆိုထားနဲ့ဦး အသက်ရှင်နေတဲ့ သက်ရှိသတ္တဝါ ငါးလေးတစ်ကောင်တောင် သတ်ဖို့တွေးမိယုံနဲ့တင် ဝန်လေးမိစရာပါ။ ကဲ .... ဒီလင့်လေး သွားကြည့်လိုက် ကျမတွေးတာ မှားလားလို့ .. http://aungthetkhing.blogspot.com/2012/11/blog-post_695.html#more ပစ္စည်းလု လူသတ်တယ်ဆိုတဲ့ သတင်းတွေဖတ်မိတိုင်း ကျမ ဘာသာတရားဘက်ကို ပြေးမြင်ယောင်မိပါတယ်။ လူ့အသက်တစ်ချောင်းဆိုတာ ကယ်ကောင်းတယ်လို့ဘဲ ဘုရားဟောထဲ ကြားဖူးတာပါ။ ဒါလည်း လူအမျိုးမျိုး စိတ်အထွေထွေပေါ့နော်။
နောက်တစ်ခု ဟိုတစ်လောက ဘလော့တစ်ခုမှာ နားထောင်ပြီး ရုပ်သံကြည့်ဖြစ်တဲ့ သီချင်းလေး တစ်ပုဒ်ပါဘဲ။ ခုတစ်လော နာမည်ကြီးနေတဲ့ သီချင်းတစ်ပုဒ်ကို မြန်မာ ပြန်ဆို သရုပ်ဖော် တင်ဆက်ထားတယ်။ ကျမ ဒီသီချင်းလေး နားထောင်ကြည့်တယ်။နားမလည်ပါဘူး။ နဂို ကတည်းက ခပ်တုံးတုံးဆိုတော့ အဲလောက်ကြီးလည်း ကျမကိုယ် ချီးမွမ်းခန်း မထုတ်ပြချင်ဘူး။ အဲဒီသီချင်းကို ခလေးလူကြီးတွေရဲ့ ပါစပ်ကနေကြားနေရတယ်။ မြန်မာလိုပြန်တာဘာလဲ ((( အိုကွာ ...မြန်မာ ...ဂဏ္ဏာန်း စတိုင်))) ဆိုလားဘဲ ထဘီကြီးတွေနဲ့ လှပျိုဖြူတစ်ချို့ ထိုင်ထလုပ်က နေတာမြင်နေတယ်။ သီချင်းမှာရေးထားတာတော့ အိုပါး - မြန်မာ စတိုင်တဲ့ ... ကျမ နားထဲမှာတော့ ((((အိုကွာ .. မြန်မာ ဂဏ္ဏာန်း စတိုင် )))) အဲလိုဘဲကြားမိတယ်။ အင် ... သီချင်းထွက်တာတောင် မကြာသေးဘူး မြန်မာက အကူးမြန်တယ်။တစ်ခြား ဘာတွေကူးတာမြန်လဲတော့ ကျမ သေချာမသိ။ သို့သော် ကော်ပီကူးဖို့ဆို ကျမတို့ မြန်မာက မြန်ဆန်တယ်။ အင်း ...ဒါကလည်း လူအမျိုးမျိုး စိတ်အထွေထွေပေါ့နော်.....P.....ဘာမှလည်း မဆိုင်ဘူး။
နောက် ဆယ်ကျော်သက်လူငယ်တွေ။ ရုပ်ရှင်ကားထဲကြည့်လိုက် ပါတီတက်မယ် ရောင်စုံမီးထဲ ကမယ် ခုန်မယ် ပျော်မယ် မူးမယ်။ အခုခေတ် အပြင်မှာလည်း လူငယ်လေးတွေ တော်တော်များများ ဒီလိုနေရာမှာ ရောက်နေတယ်လို့ ကျမ မြင်မိတယ်။ လူငယ်တိုင်းတော့ မဟုတ်ပါ။ ပရဟိတစိတ်ရှိပြီး အကျိုးရှိတာလေးတွေ လုပ်တဲ့လူငယ်လေးတွေလည်း အများကြီးပါ။ သို့သော် ဒီလိုလူငယ်လေးတွေက ဘဝကို နေ့စဉ်ရိုးသားစွာ ရုန်ကန်ပြီး ရသမျှအချိန်ပိုလေးတွေအတွက် အကျိုးပြုတာမို့ ဝမ်းသာရပါတယ်။
ကျမဆိုလိုခြင်သည်မှာ မီးရောင်စုံအောက် ရောက်နေတဲ့ လူတန်းစား အမျိုးမျိုးထဲမှာ ဘဝကို ပေါ့ပါး စွာဖြတ်သန်းနေရပြီး အချိန်လည်းပို ငွေလည်းပိုနေတဲ့ လူငယ်လေးများလည်း ခုလို ပရဟိတ အကျိုးပြုလုပ်ငန်းတွေမှာ စိတ်ပါဝင်စား ပါဝင်လာမယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ ကျမတွေးမိတာပါ။ အင်းလေ လူအမျိုးမျိုး စိတ်အထွေထွေနဲ့ ဘဝ အမျိုးမျိုးပေါ့နော်။
ဒါနဲ့မဆီမဆိုင် နောက်အတွေးတစ်ခုက လူတစ်ချို့က အသက်တွေကြီးလာတဲ့ပေမဲ့ အသိဥာဏ်တွေ ကြီးမလာကြဘူး။ အသက်တွေကြီးလာပြီး ခလေးအသိတွေပြန်ဝင်လာတာက မသန်စွမ်းတော့တဲ့ လူကြီးတစ်ချို့သာ မြင်ဖူးပါတယ်။ လူတွေပြောတဲ့ သငယ်ပြန်ပေါ့။ ခုက အသက်အရွယ်ကြီးတဲ့ သူတွေမဟုတ်ဘဲ လူလတ်ပိုင်းတစ်ချို့မှာ အသက်ကြီးလာနဲ့အမျှ အသိဥာဏ်လေးက ငယ်ငယ်သွားတယ်။ ခလေးဘဝကအကြောင်း အတိတ်ဘဝက ဖြစ်ပျက်တဲ့အကြောင်းတွေ မေ့ပစ်ပြီး အနာဂါတ်အတွက် ပြင်ဆင်ရမဲ့အစား အတိတ်က အကြောင်းတွေ ပြန်လည်တူးဆွ အက်ကြောင်းတွေကို ပြန်လည် ပုံဖော်ပြီး လှပသာယာနေတဲ့ လက်ရှိဘဝကို အကျည်းတန် အရုပ်ဆိုးစေကြတယ်။ ကိုယ့်ရဲ့အတ္တ အသိဥာဏ်ကင်းမဲ့မှု့ကြောင့် မိမိတစ်ဦးတည်းသာမဟုတ်ဘဲ ပတ်ဝန်းကျင်နှင့် မိမိနှင့်သက်ဆိုင်သူ မသက်ဆိုင်သူကိုပါ မိမိရဲ့ဆင်ခြင်ဥာဏ်မဲ့မှု့ကြောင့် အကျည်းတန်မှု့တွေကို ကူးစက်စေပါတယ်။ ဒါကလည်း လူအမျိုးမျိုး စိတ်အထွေထွေပေါ့နော်။
စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
စာဖတ်သူများကို အစဉ်လေးစားချစ်ခင်လျှက်
အလွမ်းမြို့လေး
12 comments:
မကြီးလွမ်းရဲ့ အတွေးအမြင် လေးတွေ ချပြသွားတာ
လူတွေအတွက်အကျိုးရှိပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြိး)
မကြီးလွမ်းရဲ့ အတွေးအမြင် လေးတွေ ချပြသွားတာ
လူတွေအတွက်အကျိုးရှိပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြိး)
မကြီးလွမ်းရေ အိုးပါးမြန်မာစတိုင်တော့မကြည့်ဖူးသေးပါဘူး။ အစ်မစာလေးဖတ်ပီးတွေးစရာတွေတော့အများကြီးပါ။
အလွမ်းရေးပြလိုက်တဲ့အတွေးလေးတွေ
စိတ်ဝင်စားဖို့ကောင်းပါတယ်
( အသက်တွေကြီးလာတဲ့ပေမဲ့ အသိဥာဏ်တွေ ကြီးမလာကြဘူး)
အဲဒီထဲမှာ jasmine ထိပ်ဆုံးကဖြစ်နေမလာနော်
ကိုယ်တိုင်ဝေဖန်ကြည့်တာပါ......
အလွမ်းလဲစိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့
ကျန်းမာရေးကိုလဲဂရုစိုက်နော် လူကျန်းမာမှ
စိတ်ချမ်းသာတယ်လေ
ချစ်တဲ့ sis jasmine
ပို့လေးက ဆွဲဆောင်မှု့အရမ်းရှိတယ်
မကြီးအလွမ်းရေ..
ပို့စ်လေးကတွေးစရာလေးတွေ အရမ်းပေးတယ်နော်
ညလေးသေချာဖတ်ပြီး ပြန်တွေးလိုက်အုံးမယ်.
မတွေ့တာလဲကြာပေါ့..
အရမ်းသတိရနေပါတယ်..
မိုးနတ်ဆီလဲလာလည်ပါအုံးလား
ချစ်တဲ့...မိုးနတ်
ဖတ်သွားတယ် မကြီးလွမ်းရေ...
နေရောကောင်းတယ်မလားဗျ...
cbox လေးမတွေ့လို့ ဒီကပဲ နှုတ်ဆက်လိုက်ပါတယ်ဗျာ...
ဂွတ်ည....:)
စီဘောက်မှာ အားဆေးရေးခဲ့တဲ့ မောင်နှမ အားလုံးကို
အထူးကျေးဇူးတင်ပါတယ်။
နေမင်းရေ....ဟုတ်တယ် မကြီးလွမ်း စီဘောက်ပြသနာ
ရှိလို့ စိတ်ညစ်ပြီးဖြုတ်လိုက်တယ်။တစ်ရက်တစ်ရက်ဘယ်
ကကြော်ကြာတွေ လာလာရေးလဲမသိ။အရုပ်လေးတွေပါ
ထားခဲ့ အများကြီးမို့ နေ့တိုင်းလိုက်ဖြုတ်ရတာ စိတ်ညစ်
လို့ခဏ ဖြုတ်ချလိုက်တာ။မကြာခင် ပြန်တင်ပါတယ်။
လာလည်တဲ့သူတွေအားလုံး ကျေးဇူးတင်ပါတယ်။
ခင်တဲ့
အလွမ်းမြို့လေး
စေတနာလေးကို မြင်လိုက်ရပါတယ် မမ
~ Kk ~
လွမ်းရေ လိုင်းမကောင်းလို့  မန့် လို့ မရဖြစ်ဖြစ်နေတာ
ရောက်တော့ရောက်တယ်
ကြောက်စရာကောင်းလှပါလား မကြီးလွမ်းရေ။
ညီမလဲ ဘလော့တွေလိုက်မလည်နိုင်တာကြာပေါ့။
စာတွေလဲမရေးဖြစ်ဘူး။
မကြီးလွမ်းရဲ့ဘလော့လိပ်စာပျောက်နေလို့။ ဖဘမှာတော့မေးထားတယ်။
ခုကဂျီမေးမှာတွေ့လို့လင့်ပြန်ယူသွားတယ်။
ပျော်ရွှင်ပါစေ။
မကြီးရေမရောက်တာကြာသွားတယ် ဧဒင်ဒီနေ့လာလည်သွားခဲ့ပါတယ်ပျော်ရွှင်မှုတွေရရှိနိုင်ပါစေ..
Post a Comment