Saturday 24 November 2012

ကျမ ကျေနပ်တယ်

အဖေတူ သမီးလို့
သူများတွေပြောတိုင်း
ကျမ ကြိတ်ပြီးကျေနပ်မိတယ်။

အဖေတူ သမီးလို့
သူငယ်ချင်းတွေပြောတိုင်း
ကျမ ကြိတ်ပြီးပျော်ရွှင်မိတယ်။

အဖေတူ သမီးလို့
ရင်းနှီးသူတွေပြောကြတိုင်း
ကျမ ကြိတ်ပြီး ပီတိဖြစ်ရတယ်။

ကျမအဖေက
စိတ်ရင်းကောင်း သဘောဖြောင့်
အနေမှန်ပြီး တစ်ဖက်သားပေါ် ညှာတာ
ရိုးသား စာနာစိတ်ရယ်
မောက်မာ ခက်ထန်မှု့ မရှိတဲ့ သာမာန်ရိုးကျ
ခပ်အေးအေးလူတစ်ယောက်ဖြစ်ပြီး
လူချစ်လူခင်ပေါတဲ့ သူတစ်ယောက်ဖြစ်နေလို့ဘဲ။

@@@@@ကျမ ကျေနပ်တယ်@@@@@
စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

13 comments:

ချစ်စံအိမ် said...

လမင်းကတော့အမေနဲ့ပဲတူချင်တယ်..:P

စံပယ်ချို said...

အလွမ်းရေ...... ဂျက်လဲအဖေတူပါပဲနော်
တူတာမှတပုံထဲတထက်တည်းကိုတူတာ....
အားနာတတ်တာရောတူတယ်
တခုမတူဘူး...ဖေဖေကနုတ်ချိုတယ်
ဂျက်က အပေါက်ဆိုး(နုတ်မချို)ဘူးလေ
ချစ်တဲ့ jasmine

ညောင်ညိုရိပ် said...

အလွမ်းကို အားကျပြီး ကျုပ်လည်း ကျေနပ်တယ်။ ကျန်းမာပါစေဗျာ...

မိုးနတ်ကြယ်စင် said...

ညလေးကတော့ ဖေနဲ့လဲနဲနဲတူ..မေနဲ့လဲနဲနဲတူတယ်
ဆိုတော့ အဲဒါက ဘာဖြစ်မလဲဟင်..
ဘယ်လိုသတ်မှတ်ရမယ်မှန်းတိဝူး..
ကိုယ့်ကိုယ်ကို.. .....:P

လရိပ်အိမ် said...

ဟုတ်ကဲ့။ အမကျေနပ်ရင် အကောင်းဆုံးပါဘဲ။

Candy said...

ဒါက အဖေ့လွမ်းချင်း ကဗျာလေးပေါ့ ဟုတ်လားမမ :D

လောင်စာ said...

အဖေကလိမ္မာ သမီးကလိမ္မာ။ ဂုဏ်ယူစရာပါပဲ။ အဖေနဲ့ အမေ တယောက်ယောက်နဲ့ တူရမယ်လေ။ ဘယ်သူနဲ့မှ မတူရင်တော့ စဉ်းစားစရာပဲ။ ဟိဟိ

Angelhlaing(May everybody be happy and healthy! said...

အင်း... မမလိုပဲ ညီမလေးလည်း ကျေနပ်တယ် .. ညီမလေးလည်း အဖေနဲ့တူလို့ အမေ့ညီမတွေ အမြင်ကပ်တာ ခံခဲ့ရဖူးတယ် :P

Anonymous said...

တူပြန်ပီ မမ :D
ညီမလေးကိုလည်း အဖေတူသမီးလို့ပြောကြရင် သိပ်ပျော်တာ

~ Kk ~

လေပြေချို said...

လေပြေကတော့ မိဘနှစ်ပါးစလုံးနဲ့တူလို့ ပိုကျေနပ်တယ်.. ဖေဖေနဲ့တူလို့ ပွင့်လင်းတယ် ရိုးသားတယ်.. မေမေနဲ့တူလို့ ယဉ်ကျေးတယ် သိမ်မွေ့တယ်.. ဖတ်မိတဲ့သူတော့ တော်တော်အမြင်ကတ်မှာပဲနော်..ဟိ
လွမ်းရေ... သတိရနေတယ်နော်
ပျော်ရွှင်ပါစေ
ချစ်တဲ့
လေပြေ

blackroze said...

အဖေနဲ့တူတဲ့မကြီးလွမ်းရေ
ပျော်၇ွှင်ပါစေရှင်..

အိပ်မက်ကောင်းကင် said...

ကဗျာလေးကိုခံစားရင်း မကြီးလွမ်းနဲ့ထပ်တူ ကျေနပ်မိပါတယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးသူ(တောင်ကြီး) said...

မကြီးလွမ်းရေ

ကဗျာလေးခံစားသွားပါတယ်

မကြီးလွမ်းက အဖေတူသမီးလားဗျ

ခင်တဲ့

မိုးသူ(တောင်ကြီး)