Monday 21 January 2013

သူငယ်ချင်းသို့ -(တွဲလက်ဖြင့်)

သူငယ်ချင်း
ငါတို့တွေ အသားအရောင်မတူညီလည်း
ငါနင့်ကို မခွဲခြားခဲ့ပါဘူး။

ငါတို့တွေ ဘာသာမတူကြလည်း
ငါနင့်ကို မကဲ့ရဲ့ခဲ့ပါဘူး။

ငါတို့တွေ တစ်နိုင်ငံထဲနေပြီး စကားမတူလည်း
ငါနင့်ကို  ခင်မင်မပျက်ဘူး။

တစ်မြေထဲနေ တစ်ရေထဲသောက်ဆိုသလို
တစ်နိုင်ငံထဲ မွေးလာကြတဲ့ 
ဒို့ သူငယ်ချင်းတွေ
တူညီစိတ်ထား
အစဉ်ထားပြီး
ခင်မင်မပျက် 
စဉ်လေးစားလျှက်
ဆက်ခင်ကြမယ် 
သူငယ်ချင်းရယ်။


စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး
၂၁-၁-၂၀၁၃

11 comments:

ညောင်ညိုရိပ် said...

သူငယ်ချင်းကဗျာလေးကို ကြည်နူးစွာဖြင့် ဖတ်ခဲ့တယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ...။

စံပယ်ချို said...

အလွမ်းရေ-----
ခုတော့ဖြင့် အဲလိုမဟုတ်တော့ဘူးထင်ရတာပဲ
ခွဲခြားနေပြီး ခင်မင်မှုတွေလဲပျက်နေပြီလေ---

အလွမ်းမြို့ said...

မဂျက်ရေ..ခုက အဲလိုမဟုတ်တာတွေဆိုတာကို
လက်ခံပါတယ်။တစ်ဖက်လူက အမျှ.. အမျှ..
အမျှ..လို့ ပြောလာခဲ့ရင်တောင် သာဓု..သာဓု..
သာဓု မခေါ်နိုင်ကြသလို တစ်ချို့ကလည်း
God Bless You လို့ Wish လုပ်ရင်တောင် တစ်ချို့က မကြိုက်ကြဘူးလေ။ပွင့်လင်းတိုးတက် လာတဲ့ခေတ်ကြီးမှာခေတ်မှီအောင်ယဉ်ကျေးကြရင် ပိုမကောင်းပေဘူးလားနော်။တစ်ဦးဘာသာတစ်ဦး
လေးစားမှု့ဖြင့် ခင်မင်မှု့တွေ မပျက်နေကြရင် သူငယ်ချင်းဖြစ်စေ ဘယ်သူမဆို တွဲလက်တွေမြဲပြီး
ပျော်ရွှင်နိုင်မယ်လို့ထင်ပါတယ်။ ကမ္ဘာပေါ်မှာအဆိုးဝါးဆုံးစစ်က ဘာစစ်လဲသိလား။ ပြည်တွင်းစစ်ထက်ဆိုးတဲ့ (ဘာသာရေးစစ်ပွဲဘဲ)....


ချစ်တဲ့
အလွမ်း။။။

***********************


-ညောင်ညိုရိပ်-
လာလည်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကဗျာမဟုတ် စာမဟုတ် ရင်ထဲကထွက်ကျလာတဲ့
အမှန်တရားလေးတွေကို အားပေးလို့ ဝမ်းသာ
ပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ။

ခင်တဲ့
အလွမ်း

မိုးနတ်ကြယ်စင် said...

မရေ....ရိုးရှင်းလှပတဲ့ သူငယ်ချင်းကဗျာလေး
ခံစားသွားတယ်ရှင်....ကဗျာလေးဖတ်ပြီး
အဝေးက သယ်ရင်းတွေကိုလဲ အားကြီးသတိရမိတယ်
ခုချိန်ပြန်ဆုံကြရင် သိပ်ပြီးကောင်းမှာပဲလို့.....:)
ချစ်တဲ့....မိုးနတ်

လရိပ်အိမ် said...

ကဗျာလေးကြိုက်တယ် မကြီးလွမ်း။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ရင်ထဲကပြောချင်တာကို ပေါ်လွင်စေတယ်

Anonymous said...

မကြီးလွမ်းရေ ..ဒီလို စိတ်ထားမျိုးလေး လူတိုင်းမှာ ရှိသင့်တယ် မကြီးလွမ်းရေ ..

ကဗျာလေး သိပ်လှတယ် မကြီးလွမ်း ...

ညီမလေး
ထရီဆာ

အလွမ်းမြို့ said...

မိုးနတ်
လရိပ်
ထရီဆာ
လွင်ပြင် အားလုံးကျေးဇူးတင်တယ်။
မကြာခင် ဒီပိုစ့်လေးနဲ့ပါတ်သက်မယ်ထင်တဲ့ပိုစ့်လေး
တစ်ပုဒ်တင်ပါမယ်။အဲခါကျလည်းခုလို လာအားပေး
ဦး။လက်ခုပ်သံလေးတွေ ကြားချင်ပါတယ်။အဟဲ..


ခင်တဲ့
မကြီးလွမ်း

အိပ်မက်ကောင်းကင် said...

သူငယ်ချင်းဆိုတဲ့ကဗျာလေးကိုခံစားသွားတယ်နော် မကြီးလွမ်းရေ
ပြောချင်တာကိုပေါ်လွင်လှပါတယ်ကဗျာလေးက
ခင်တဲ့(အိပ်မက်ကောင်းကင်)

Anonymous said...

လေးစားဖွယ် စိတ်ထားလေးပါ အတုယူဖတ်ရှုသွားတယ် ချစ်မ

~ Kk ~

ချစ်စံအိမ် said...

မမဖြစ်ချင်တဲ့ဘ၀လေးကိုပိုင်ဆိုင်နိုင်ပါစေမမရေ