Sunday 10 February 2013

အလှူဖိတ်ကြားခြင်း

လာမဲ့ ဖေဖော်ဝါရီ (၁၂) အင်္ဂါနေ့  မြန်မာပြည်ရဲ့  ပြည်ထောင်စုနေ့လေးမှာ  ကျမ ခြံဝန်းလေးထဲမှာ  အန္တရာယ်ကင်း  ဆွမ်းကျွေး တရားနာပြုလုပ်မည်  ဖြစ်ပါသောကြောင့်  အွန်လိုင်းမှ  ခင်မင်ရသော  ဘလော့ဂါမောင်နှမများကို  သတိတရ ဖိတ်ကြားလိုက်ပါတယ်။ အလှူရက်အပြီးတွင်  အလှူရှင် ဇနီးမောင်နှံပုံမပါသော  အလှူဓါတ်ပုံလေးများကိုလည်း တင်ပေးပါမယ်။ မည်သူမဆို အလှူနေ့လေးမှာ  သာဓုခေါ်နိုင်ကြပါတယ်။





အောက်ကပုံလေးကတော့ ဖောဖော်ဝါရီ (၁၂)ရက်နေ့မှာ
ကျမ အလှူလုပ်မဲ့ခြံဝန်းလေးပါ။
ခြံဝန်းထဲ လူမနေသေးပါ။ 
အိမ်မရှိသေးပါ။


မှတ်ချက်။ ခြံဝန်းတွင်လူမနေသေးသော်လည်း  အိမ်ဆောက်ရန် အစီစဉ်ရှိပါသည်။ ထို့ကြောင့် စေတနာထက်သန်သူများ  အိမ်ဆောက်ပေးချင်သူများလည်း
စိတ်မဆိုးဘဲ  ကြိုဆိုလက်ခံပါသည်။အဟီးးးးးးးးးးးးP.....



စာဖတ်သူများကို အစဉ်လေးစား ချစ်ခင်လျှက်
အလွမ်းမြို့လေး

7 comments:

ညောင်ညိုရိပ် said...

အရင်ဦးဆုံး သာဓုခေါ်သွားပါတယ်။ သာဓု...သာဓု...သာဓု..ကိုယ်စိတ်နှစ်ဖြာလည်း ကျန်းမာ ချမ်းသာကြပါစေ..။

ချစ်စံအိမ် said...

ခြံကြီးကသာယာလိုက်တာမမရေ.. အစစအရာရာ အဆင်ပြေပါစေနော် မမ

blackroze said...

လာချင်တယ် မကြီးလွမ်းရယ်
တနိုင်ငံစီဖြစ်နေတာက ခက်တယ်ကွယ်..

မိုးနတ်ကြယ်စင် said...

အိုးးးး
သာသာယာယာ ရှိလိုက်လေခြင်းးးးးးးး
တကယ်ပဲ အလှူကိုလာချင်ပါတယ် ချစ်မရေ..:)))
သာဓု သာဓုပါရှင် ...
ချစ်တဲ့...မိုးနတ်

အလွမ်းမြို့ said...

အလှူလေးကိုလာချင်ပါတယ်ဆိုတဲ့ ညီမလေးများ
အားလုံးနဲ့ တစ်နေ့ထဲမှာ ပြန်လည်ဆုံတွေ့ ခုလိုလှူဒါန်း
ခွင့်ရမယ်လို့ မကြီးလွမ်း မျှော်လင့်ပါတယ်။ခုချိန်မှာ
တော့ တစ်ယောက်တစ်နယ်စီဝေးကွာနေကြတာမို့
စိတ်ထဲကဘဲ ကျေနပ်နေလိုက်ကြတာပေါ့ကွယ်။


ချစ်ခြင်းများစွာဖြင့်
မကြီးလွမ်း

လေပြေချို said...

ဒီနေ့မှာ အရမ်းသာယာတဲ့အလွမ်းရဲ့ ခြံကိုရော ဘလော့အိမ်လေးကိုရော အရောက်လာခဲ့တယ်နော်... သာဓု သာဓု သာဓု ဒိ့ထက်မက လှူတန်းနိုင်ပါစေရှင် :)
ချစ်တဲ့
လေပြေ

မင်းအရိပ် said...

သာဓု သာဓု သာဓု ပါခင်ဗျာ
ခုလဲ လှူနိုင်၊ တန်းနိုင်ပါစေ၊
နောင်လဲ လှူနိုင်၊ တန်းနိုင်ပါစေ။