Tuesday 12 March 2013

သိစေချင်တယ် အဖေ



အဖေ.....


အဖေ့ရဲ့မေတ္တာ အရိပ်ပမာ
အဖေ့ရဲ့ အကြင်နာ နွေးထွေးစေတာ
အဖေ့ရဲ့ ဂရုဏာ ကြီးပွားစေတာ

အဖေရိုက်နက်ခဲ့ဖူးတဲ့လက်နဲ့
သမီးကိုချော့သိမ့်  အိပ်စေခဲ့တာ အဖေ့မေတ္တာ။

အဖေပြုခဲ့တဲ့ ဥပက္ခာနဲ့
သမီးကို မြင့်မားစေခဲ့တာ အဖေ့ရဲ့စေတနာ။

အဖေဖြစ်စေချင်တဲ့လူ
အဖေရောက်စေချင်တဲ့နေရာ
အဖေ့လို စိတ်ထားမျိုးနဲ့လောကအကျိုးသယ်ပိုး
သမီးပျော်နေပါတယ် အဖေ။

မငိုပါနဲ့ အဖေ
သမီးပေါ်ချစ်တဲ့အချစ် 
သမီးပေါ် ထားတဲ့မေတ္တာ
သမီး နားလည်ပါတယ် အဖေ

အဖေ့ရဲ့အလွမ်းတွေနဲ့
သမီးရဲ့ အလွမ်းတွေကိုပေါင်းစပ်
ချောင်းဖြစ်အောင် မြောင်းဖောက်စရာမလိုဘဲ
မေတ္တာရဲ့အင်အား ကြီးမားတဲ့ အရှိန်အဟုန်တွေနဲ့
သူ့အလိုလို  စီးဆင်း တစ်နေ့ သမီးအဖေ့ဆီ အရောက်ပြန်ခဲ့ပါမယ်။

10 comments:

မိုးညချမ်း said...

မမဖေဖေတော့ ကဗျာလေးဖတ်ပြီး ကြည်နူးနေတော့မှာပဲ ... ညလေးတောင် ကြည်နူးသွားတယ် ... ဒါနဲ့လေ စကားမစပ် Site Design လေးက အလန်းဖြစ်သွားတယ် ... ညလေးကိုလည်း လုပ်ပေး လုပ်ပေး နော် မမ ... :P

စံပယ်ချို said...

အဖေ ကဗျာလေးဖတ်မိပြီး အိမ်ကိုလွမ်းတာသေမတတ်ပါပဲအလွမ်းရေ

မိုးနတ်ကြယ်စင် said...

အဖေ့ရဲ့အလွမ်းတွေနဲ့
သမီးရဲ့ အလွမ်းတွေကိုပေါင်းစပ်
ချောင်းဖြစ်အောင် မြောင်းဖောက်စရာမလိုဘဲ
မေတ္တာရဲ့အင်အား ကြီးမားတဲ့ အရှိန်အဟုန်တွေနဲ့
သူ့အလိုလို စီးဆင်း တစ်နေ့ သမီးအဖေ့ဆီ အရောက်ပြန်ခဲ့ပါမယ်။

မကြီးလွမ်းရေ...
တကယ်ခံစားရတယ် မ ရယ်...:)))
ဖေ့ကိုတောင် ဘေးမှာထားပြီး လွမ်းမိသွားတယ် မ

မင်းအရိပ် said...

ကဗျာလေးအရမ်းကောင်းပါတယ်ဗျာ
တကယ်တော့ အဖေနဲ့ အမေတို့ရဲ့ ကြီးမားလှတဲ့ မေတ္တာတရားတွေအကြောင်း စဉ်းစားလေ၊ တွေးမိလေ ကိုယ့်ကိုကိုယ် အားမရဖြစ်လေ၊ နှိုင်းယှဉ်စရာရှာမရလေဖြစ်နေတော့တယ်

လရိပ်အိမ် said...

အဖေကိုတောင် လွမ်းသွားပြီ။
အိမ်ပြောင်းသွားပါလား။

အလွမ်းမြို့ said...

လရိပ်ရေ..အိမ်က ပြောင်းချင်လို့မဟုတ်ပါ။အကြောင်းကြောင်းကြောင့် အိမ်လေးပျက်သွားလို့ အချိန်မှီ
အမြန်ပြန်လည်ပြင်ဆင်ထားရတာပါ။ အိမ်...ဆိုတာ ပျော်ရွှင်စရာနေရာ ခိုလှုံစရာနေရာ နွေးထွေးရာ
နေရာလေးမို့...ဘယ်.အိမ်ဘဲ ပျက်စီးပျက်စီး အားလုံးကတော့ အနည်းနဲ့အမျှ ကြေမွခံစားရသူတွေ
ချည်းပါဘဲ။ အချစ်အိမ်....ဘဝအိမ်...နှလုံးသားအိမ်...နေထိုင်ရာအိမ်...ဘလော့အိမ်..
ကျန်းမာအောင်နေ.

ချစ်တဲ့
မကြီးလွမ်း

အလွမ်းမြို့ said...

မိုးနတ်ရေ.
လာရောက်အားပေးတဲ့ ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ကွယ်။
အာပွားးးးးးးးးးးးးးးးးးးးး

ချစ်တဲ့
မကြီးလွမ်း

အလွမ်းမြို့ said...

မဂျက်ရေ...

လွမ်းတာတော့လွမ်းပေါ့။ဒါပေမဲ့ သေမတတ်တဲ့အထိတော့ မလွမ်းနဲ့ပေါ့။
တော်ကြာ လွင်ပြင်က လာကွိုင်ရှာနေဦးမယ်။ နဂိုကတည်းကမှ မဂျက်
ကို တူက တကြည့်ကြည့်ဖြစ်နေတာကို။

ချစ်တဲ့
အလွမ်း

အလွမ်းမြို့ said...

ညလေးမိုးညရေ.

မကြီးက အဖေချစ်လေ။အဖေက မကြီးအသံမကြားတိုင်း ငိုငိုနေတတ်တယ်။
ဘဝပေးအခြေနေတွေကြောင့် မိဝေးဖဝေး နေနေရပေမဲ့ သားသမီးတွေကလည်း
မိဘကို အမြဲတမ်းတနေသလို မိဘတွေကလည်း သားသမီးကို အမြဲလွမ်းနေကြ
တာပါဘဲ။ ဘလော့လေးက ပျက်သွာလို့ ညီမလေးရေ ခုလို အရေးပေါ် ဘက်ကပ်
လေးနဲ့ပြန်ပြင်ထားရတာပါကွယ်။

ချစ်တဲ့
မကြီးလွမ်း

Unknown said...

ကြိုက်လို့ ယူသွားပါတယ်