Sunday 17 March 2013

နှင်းလည်းပျောက်ပြီနွေဦးရောက်ပြီလေ။

အန်တီဒေါ်မာမာအေးရဲ့ သီချင်းလေးကို သွားသတိရ မိတယ်။နှင်းပျောက်တဲ့ နွေဦးရောက်ပြီလေဆိုတာပေါ့။ ဒီသီချင်းလေးကို တိုးတိုးလေးဆိုပြီး ဒီဓါတ်ပုံလေးတွေကို ရိုက်ခဲ့ပါတယ်။ ကျမ အအေးသိပ်ကြောက်တယ်။ နှင်းဖြူဖြူလေးတွေကိုတော့ ချစ်တယ်။ ဒါပေမဲ့ နှင်းတောထဲထွက် လမ်းလျှောက်ရမှာကို ကျမ သိပ်ကြောက်တယ်။ နှင်းစကျပြီဆိုကတည်းက ရာသီတစ်လျှောက်လုံး ကျမ အခန်းပြတင်းပေါက်လေးကနေ အပြင်ကို ကြည့်လိုက် တိုင်း နှင်းတွေမြင်ပြီး စိတ်ထဲအလိုလို ငိုချင်တယ်။

အပြင်မှာ  အေးပြီးနှင်းတွေကျတိုင်း  ကျမ ခြေလက်တွေနာသလို  ကိုယ်လုံးမှာ  လေပြေးတတ်ပြီး  ဟိုနားယောင်  ဒီနားယောင်  အမြဲလိုလိုဖြစ်ပြီး  လေထိုးလေအန်သောကြောင့်  အအေးနဲ့နှင်းကို  ကျမ ချစ်သော်လည်း  မကြုံချင်ပါ။ 

ခုတော့  မကြာခင်နွေရာသီရောက်တော့မှာမို့  ရာသီဥတု သာယာနေတာမြင်ရတော့  ကျမ  ပျော်မိတယ်။ ဒီနေ့လည်း  ကင်မရာခပ်စုတ်စုတ်တစ်လုံးကို  ကလိချင်စိတ်နဲ့  သူငယ်ချင်းအိမ်ဘက်  အလည်သွားလည်း  လမ်းမှာ  နွေဦးရောက်ဖို့  နောက်ဆုံးကျတဲ့  နှင်းပုံလေးကို  ရိုက်ခဲ့တယ်။ အခုမြင်ရတဲ့ နှင်းပုံကတော့  နွေရာသီကို  ကြိုဆိုဖို့  ဆောင်ရာသီကို  နှုတ်ဆက်တဲ့  နှင်းပုံလေးပါဘဲ။ အိမ်နားက  ခလေးကျောင်းတစ်ကျောင်းရဲ့  အနောက်ဖက်ကို  ရိုက်ထားတာပါ။ ဒါလေးက  ခလေးတွေအတွက်  ဘောလုံးကွင်းလေးပါ။



ကင်မရာလေးကတော့  ခပ်စုတ်စုတ်ဘဲ။ ကလိချင်စိတ်ကြောင့်  ဟိုး အဝေးကြီးမှာ  ပျံသန်းနေတဲ့  လေယာဉ်ကြီးကို  လှမ်းရိုက်ထားတာ။ ဒီလို လေယာဉ်တွေပျံတာမြင်တော့လည်း  မိဝေးဖဝေး ကျမတို့ဘဝမှာတော့  အမိမြေကို  ပြန်ချင်စိတ်တွေ  လျန်းလျန်းထ နေတော့တာပါဘဲ။





ဒီငှက်ကလေးတွေက  နွေဦးကိုကြိုဆိုဖို့  အစည်းဝေးထိုင်နေကြတာပါ။ အဟီးးးးးးးးး.သူတို့ ဘဝမှာလည်း  ဆောင်းတွင်းနှင်းကျချိန်ဆို  တွင်းအောင်းခိုပုန်းေ  နေရရှာတာ။ ခုလိုလေးမြင်ရတော့  ကျမလည်း ပျော်တယ်။ 







ယခုပုံအားလုံးသည်  အလွမ်းမြို့၏  ခပ်စုတ်စုတ်  ကင်မရာကို  အဝေးဖြင့်
ရိုက်ကြည့်စမ်းသပ်သော  ပုံများသာဖြစ်သည်။
ဘာရယ်တော့မဟုတ် အပျင်းပြေကြည့်ဖို့ပေါ့။


စာဖတ်သူများကို အစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့လေး

9 comments:

blackroze said...

ကင်မရာ စုတ်တာ မစုတ်တာထက်
ရိုက်လို့ရဖို့ကသာ အရေးကြီးတာပါမကြီးလွမ်းရယ်...
စကားမစပ် မကြီးလွမ်းကဘယ်မှာနေတာလည်း
ပစ်စိတ်ထင်စင်ကာပူလို့ထင်နေတာ...
စင်ကာပူဆိုရင်တော့ နှင်းပျောက်တဲ့နွေလေ..
အခုကနှင်းတွေအဖွေးသားရယ်

မင်းအရိပ် said...

ကင်မရာကောင်းမကောင်းမသိပေမယ့် ပုံလေးတွေကတော့ ရှင်းပြီး မြင်ကွင်းကောင်းပါတယ်
နွေဦးရောက်ခါနီးလေ နှင်းတွေက အညှိုးတွေနဲ့ ကျလေပဲလား မသိပါဘူး
နွေရာသီသာ မျှော်နေမိတာပဲ
အဲဒီတော့မှ ကျောင်းပိတ်မှာ မို့လို့ ဟိဟိ :P

လောင်စာ said...

ဘလော့ဂ်လေးက လန်းတယ်ကွာ...။ သိပ်အားကျတာဗြဲ။ :)

လရိပ်အိမ် said...

လေယာဉ်ပျံ ပျံတက်သွားပုံရိုက်ထားတာ အတော်လေးလှတယ် မကြီးလွမ်း။

အလွမ်းမြို့ said...

ပစ်ပစ်ရေ...

မကြီးလွမ်းက စလုံးမှာ မဟုတ်ပါဘူး။ စစ်ပြီးကာစ နိုင်ငံတစ်နိုင်ငံလို ခြောက်ကပ်ကပ်နိုင်ငံ တစ်နိုင်မှာပါ။
အမေနဲ့ ရွာကိုလွမ်းတယ် ပစ်ရေ...

အလွမ်းမြို့ said...

လရိပ်လေး...
ဟုတ်တယ် မကြီးလွမ်းလည်း ကိုယ်ရိုက်ထားတာ ကိုယ်သဘောကျတယ်။ အမြင့်ကြီး အဝေးကြီးကို
ရိုက်ထားရတာ ကြည်ရှင်းပြီး ကောင်းကင်က ပြာနေတော့ လှတယ်လို့ စိတ်ထဲထင်မိတယ်။
ဒါပေမဲ့ ရိုက်တဲ့ ကင်မရာက တကယ့်အစုတ်..

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တဲ့ ရိုက်ချက်... ဒါတောင်ကင်မရာ စုတ်နေလို့ဆိုပဲ ...:)
မမရေ.. လှတယ်ဗျို့ ...:)

ချစ်စံအိမ် said...

ရိုက်တဲ့သူတော်နေတော့ကင်မရာကောင်းဖို့ မလိုပါဘူး မမရာ

မိုးညချမ်း said...

ကင်မရာ စုတ်စုတ်ပေမယ့် ရိုက်ချက်တွေက ကောင်းပြီး လွမ်းမောဖွယ်စာသားတွေနဲ့ တွဲလိုက်တော့ ညလေးတောင် ခပ်လွမ်းလွမ်းလေးဖြစ်သွားတယ် မမရေ ... :)