Thursday 21 March 2013

မလွမ်းသင့်တော့ပါဘူး


ဖူးစာမပါလို့ လွဲခဲ့ကြရပြီဘဲ
အစမရှိတဲ့ကြိုးကိုမှ
အစထွက်အောင်ပြန်ရှာ  အထုံးဆက်လို့ရဖို့
နင်ဘာလို့ကြိုးစားချင်တာလဲ။

ငါ့ဘဝလည်း အနည်ထိုင်
အချစ်အိမ်လေးထဲ ပျော်ရွှင်နေချိန်မှာ
ငါ့ဘဝအိမ် အခါခါလှဲပြိုအောင်
နင်ဘာကြောင့်လုပ်ချင်ရတာလဲ။


မေ့သင့်တာမေ့ ဖြစ်သင့်တာရွေးချယ်
အတိတ်တွေ ခွာချ အရိပ်တွေမမြင်ရအောင်
ပုံရိပ်ဟောင်းကိုမေ့ပစ်
အသစ်အကြောင်းဘဲ တွေးပါလား။

ငါ့မှာလည်း မိသားစုနဲ့ရယ်မို့
အတိတ်ကိုလည်း မတမ်းတ
အရိပ်တွေလည်း မလွမ်းတတ် တော့ပါဘူး။

ငါ့မှာရယ် အိမ်ထောင်
လွတ်လပ်သူမဟုတ်တာမို့
နင့်အတွေးတွေကို ပယ်ဖျက်
 ငါ့အကြောင်းကို  နင်အဆုံးသတ်သင့်တာကြာပြီ။


ငါ့ရင်ထဲက ဖြူစင်ခဲ့ပေမဲ့
နင့်နှလုံးသားကို နင်ကိုယ်တိုင် အရောင်ဆိုး
ငါ့ရှေဗန်းနဲ့ချရောင်းခဲ့ပေမဲ့
ငါ တစ်ချက်လေး လှည့်မကြည့်ခဲ့ပါဘူး။


နင့်ဘက်ကလေ မဆင်ခြင်လေတော့
ငါ့ဘက်က ဆင်ခြင်ရမှာမို့
 နင့်ကိုငါလေ မိတ်ဆွေလေးတောင်
မဖြစ်ချင်တော့ပါဘူး။


စာဖတ်သူများကိုအစဉ်လေးစားလျှက်
အလွမ်းမြို့
21-3-2013




12 comments:

ချစ်စံအိမ် said...

မလွမ်းသင့်တာကို မလွမ်းတော့နဲ့ နော် ဒါဗြဲ

အလွမ်းမြို့ said...

လမင်းရေ... မလွမ်းခဲ့ဖူးပါဘူး။ လာရစ်နေတဲ့နွယ် သံသရာမှာကွယ် အပြစ်ရယ်ပါမှာမို့ သူရယ်မဖြတ် ကိုယ်ကိုယ်တိုင်ဖြတ်ပစ်
ခဲ့ပါတယ်။ အဟားး....

Aunty Tint said...

မှန်ကန်တဲ့အတွေးလေးနဲ့ ဆုံးဖြတ်ချက်လေးပေါ့ အလွမ်းမြို့လေးရေ...
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

တီတင့်ရေ သတိတရလေးနဲ့ လာလည်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ရှင့်

လရိပ်အိမ် said...

ဒီကဗျာကတော့ သူများအတွက်ခံစားရေးထားတာမဖြစ်နိုင်တော့ဘူး။
မကြီးလွမ်း၏ဖြစ်ရပ်မှန်ဟုထင်။

အလွမ်းမြို့ said...
This comment has been removed by the author.
အလွမ်းမြို့ said...

လရိပ်ရေ.. ဟုတ်ပါတယ်။ မဖြစ်သင့်တာတွေကို စိတ်ကူးထဲခံစားနေသူတွေအတွက် ပိုစ့်တင်ပစ်လိုက်တာ။ ရှင်းရော

မိုးညချမ်း said...

“နင့်ဘက်ကလေ မဆင်ခြင်လေတော့
ငါ့ဘက်က ဆင်ခြင်ရမှာမို့
နင့်ကိုငါလေ မိတ်ဆွေလေးတောင်
မဖြစ်ချင်တော့ပါဘူး။” ... ပြတ်ပြတ်သားသားပါပဲလား မကြီးလွမ်းရေ ... :)

Candy said...

ဒါမျိုးတွေက ဖြစ်တတ်ပါတယ် :D

Anonymous said...

ှဆုံးဖြတ်ချက်လေး မှန်ပါ၏ မကြီးလွမ်း .... :)

အိပ်မက်ကောင်းကင် said...

မကြီးလွမ်း ဓါတ်ပြားဟောင်းကြီးကို ရိုက်ခွဲပစ်လိုက်တော့ :P
မကြီးလွမ်းရဲ့ ဆုံးဖြတ်ချက်မှန်ပါတယ်
မရောက်တာကြာလို့အလည်ရောက်ခဲ့တယ်နော် မကြီးလွမ်း
ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

koye said...

ရေးလိုသာပြောတာ တကယ်တော့ လွမ်းစရြာီ့းဗျ