Thursday 30 May 2013

ဒီနေ့လေးပေါ့(31-5-2013) အမှတ်တရနေ့





ဒီနေ့လေးပေါ့  အိမ်ထောင်သည်ဆိုတဲ့ခေါင်းစဉ်အောက် 
ကျမ  ရောက်သွားတဲ့နေ့။
ဒီနေ့လေးပေါ့  သူ့ဘဝတစ်ခုလုံးထဲ 
ကျမရောက်သွားတဲ့နေ့။
ဒီနေ့လေးပေါ့   ကျမ ဘဝတစ်ခုလုံးထဲ
သူရောက်လာတဲ့နေ့။
ဒီနေ့လေးပေါ့
ကျမတို့နှစ်ယောက်စိတ်တူကိုယ်တူနဲ့
ဘဝတစ်ခုတည်ထောင်နဲ့နေ့။
ဒီနေ့လေးပေါ့  မိဘမောင်နှမတွေမစုံပေမဲ့
ကျမတို့နှစ်ဦး သစ္စာရှိရှိနဲ့
အပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့
လက်မှတ်ထိုးခဲ့တဲ့နေ့။
ဒီနေ့လေးဘဲပေါ့  ကျမ မောင်နှမတွေက
ကျမကို မိသားစုစာရင်းထဲက
ထုတ်ပယ်တဲ့နေ့။
ဒီနေ့လေးပေါ့  သိပ်ရိုးရှင်းတဲ့  ဟိုတယ်မဟုတ်ဘဲ ခန်းမလေးတစ်ခုမှာ  မိဘမောင်နှမ မစုံဘဲ  ကျမတို့ရဲ့  အမှတ်တရနေ့လေးကို ကျင်းပတဲ့နေ့. ......


ဒီနေ့.....ဒီနေ့လေးပေါ့.... အမှတ်တရတွေအများကြီးနဲ့  ကျမတို့နှစ်ဦးသား ဘဝတစ်ခုကို စတင်ခဲ့တဲ့နေ့...


သူ့ဘက်က  မိတ်ဆွေသူငယ်ချင်းတွေကလည်း  ကျမလို မိန်းမကို  မယူဖို့  အတန်တန်တားမြစ်ပြီး ဖျက်စီးခဲ့ကြပေမဲ့  သူနဲ့ကျမ  ဖူးစာအကြောင်းပါလို့  ညားခဲ့ကြရတယ်။
ကျမဘက်က  မိသားစု  မောင်နှမ ဆွေမျိုးတွေကလည်း  သူနဲ့အကြောင်းမပါစေဖို့  အမျိုးမျိုးနာချခဲ့ပေမဲ့ ကျမတို့တို့  ဖူးစာက  ညားဖို့အကြောင်းပါလာတော့   ညားခဲ့ကြတယ်။

လူတိုင်းရဲ့  အကဲ့ရဲ့ခံနဲ့ဘဝကို ကျမတို့ ၂ယောက်  တွန်းလန်ပြီး  တူလက်တွဲလာခဲ့တာ  ဒီနေ့..... ဒီနေ့.....
 31-5-2013
ဒီနေ့ ... ကျမတို့ရဲ့  အိမ်ထောင်သက်  ချစ်သက်တန်း  (၅)နှစ်တင်းတင်း  ပြည့်ခဲ့ပါပြီ။ ဒီ (၅)နှစ်အတွင်းမှာ  သူ့ရဲ့ ဂရုဏာမေတ္တာ နွေးထွေးမှု့ အကြင်နာတွေကြား ကျမပျော်ရွှင်ခဲ့ရတယ်။ ကျမအပေါ် ကလေးတစ်ယောက်လို ချစ်ပြီး မိဘတစ်ယောက်လို စောင့်ရှောက်ခဲ့သလို ညီမတစ်ယောက် အလိုလိုက်တဲ့ အိမ်ဦးနတ်ကြီးရေ  ဒီနေ့ ကျမတို့မင်္ဂလာသက် (၅)နှစ်ပြည့်လေးမှာ ကျမ ရှင့်ကို ကျေးဇူးတင်စကားနဲ့အတူ ချစ်တယ်လို့ တိုးတိုးပြောလိုက်ပါရစေ.......

ဒီနေ့လေးမှာ  .... ပြုခဲ့သော အာရုံဆွမ်းအလှူလေးပါ။ ယခင်ပြုခဲ့သော ကုသိုလ်အစုစုနှင့်တစ်ကွ ယခုပြုရသော ကုသိုလ်အစုစုအတွက်  အားလုံးကို အမျှပေးဝေပါတယ်။ ကြားကြားသမျှ အားလုံး အမျှ... အမျှ...အမျှ...ယူတော်ယူကြပါကုန်သော်.....သာဓု....သာဓု....သာဓု......



ဒီအောက်က ပုံတော်လေးတွေကိုတော့ ကျမ ဖဘမှာကြော်ငြာထားတာပါ။ ဘလော့ကနေ လာလည်ပြီး ပူဇော်ချင်သူများရှိရင်လည်း ကော်မန့်ဖြစ်စေ  ချက်ဘောက်မှာဖြစ်စေ ပြောပေးခဲ့ပါနော်။


စာဖတ်သူများကို အစဉ်လေးစား ချစ်ခင်လျှက်
အလွမ်းမြို့လေး
31-5-2013

7 comments:

လေပြေချို said...

ဒီနေ့လေးပေါ့ ကျမသူငယ်ချင်းတွေကိုလွမ်းလို့ အိမ်လည်နေတယ်... :)
သာဓုသုံးကြိမ်ပါနော် အရမ်းမင်္ဂလာရှိတာပဲ... ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းကြပါစေရှင် :)
ချစ်တဲ့
လေပြေ

အလွမ်းမြို့ said...

လေပြေရေ..

ဒီကလည်း လေပြေပျောက်နေတာကြာလို့ လိုက်ရှာနေတာ။ ကိုယ့်ကို
ထားပြီး ဘယ်တွေသွားနေတာလဲဟင်။ ပြန်လာခဲ့ပါ။ လေပြေမရှိရင်
အလွမ်းမနေတတ်လို့ပါ... ခိ ခိ ခိ..ပျောက်နေတာကြာပြီနော်..
အမြဲ သတိရတယ်..

ချစ်တဲ့
အလွမ်း

မိုးနတ်ကြယ်စင် said...

အိုးးးးးးး ကြည်နူးစရာကောင်းလိုက်တဲ့ ချစ်ခြင်းလေးးး
အဲလိုချစ်ကြတာတွေ သစ္စာရှိကြတာတွေ အားကျမိပါရဲ့ ဟီးးးးးးးးး
၅နှစ်ပြည့် အမှတ်တရလေးမှသည် နောင်နှစ်ပေါင်းများစွာများစွာအထိ
ရိုးမြေကျပေါင်းသင်းနိုင် ချစ်နိုင်ကြပါစေ..... :)))))
ချစ်တဲ့..ညလေးမိုးနတ်

Anonymous said...

ကြည်နူးဖွယ် ပို့စ်လေး ဖတ်သွားတယ် မကြီးလွမ်းရေ.. ပြီးတော့ အိမ်ဦးနတ်ကြီး ကို တိုးတိုးလေးပြောပေမယ့် ဒီက ကြားသွားမိတယ် .. အဲ့ဒါ ဘိုလုပ်ရပါ့ :P

ဘ၀မှာ စိတ်တူကိုယ်တူ နှစ်ယောက်တစ်ဘ၀ကို တည်ဆောက်နိုင်တဲ့ သူတွေကို လေးစားအတုယူလျှက်ပါ မကြီးလွမ်း ... :)

Aunty Tint said...

ကြုံဆုံလာတဲ့ ရက်ထူးရက်မြတ်လေး နှစ်ပေါင်းများစွာတိုင် အေးချမ်းစွာနဲ့ သက်ဝင်တည်တံ့ခိုင်မြဲပါစေလို့ တောင်းဆုလေးချွေခဲ့တယ် အလွမ်းရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လရိပ်အိမ် said...

ဒီနေ့မှမကြီးလွမ်း ဘလော့ရောက်ဖြစ်တယ်။
သစ်သားရတု မှ စိန်ရတုတိုင်အောင် ရွှေလက်တွဲခိုင်မြဲပါစေ။
ဆည်းလည်းသံများ လွင်နေပါစေ။

ရာဇာထွေး said...

အမှတ်တရများနဲ့နေ့လေးဟာလည်း ဘာလိုလိုနဲ့ ၅ နှစ်တောင်ပြည့် ခဲ့ပြီပေါ့...ကဲထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်...ဒီလင် နဲ့ ဒီမယား
ရိုးမြေကျ
သက်ဆုံးတိုင်
တစ်ဦးအပေါ်တစ်ဦး နားလည်ကြင်နာစွာ
ပေါင်းဖက် နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ...အမ
တော်ကြီး အရမ်းလိုချင်တောင့်တနေသော “ဆု” လည်းအမြန်
ဆုံးပြည့်ဝပါစေလို့ အပိုဆုပါ ထပ်ဆောင်းပြီးတောင်းပေးခဲ့ပါတယ်ခင်ဗျာ။


ခင်မင်စွာဖြင့်
ရာဇာထွေး