အားလုံးဘဲ မင်္ဂလာပါ။ အလွမ်းမြို့တစ်ယောက် အပျင်းကြောတွေထူ ဖဘ ထဲပျော်နေပြီး ကိုယ့်အိမ်လေးကိုတောင် လှည့်မကြည့်နိုင်တဲ့ဘဝ။ ဒီနေ့တော့ ပြန်ရောက်ခဲ့ပြီ။ ဒီနေ့တော့ မိန်းခလေးများအတွက် ကျမ သတင်းကောင်းလေးတစ်ခု ပေးချင်ပါတယ်။
အများသောအားဖြင့် မြန်မာပြည်တွင်နေထိုင်ကြသော တိုင်းရင်းသူအမျိုးသမီးများမှာ အများစုမှာ တွေ့ရ တတ်ပါတယ်။ ဘာရယ်ကြောင့်လဲတော့ မသိ။ ကျမ မျက်နှာမှာလည်း ဒီလိုဆိုးဝါးတဲ့ အလှဖျက်တဲ့ (တင်းတိပ်)တွေ ရှိနေပါတယ်။များသောအားဖြင့် တိုင်းရင်းသူတွေမှာ ပိုများစွာ တွေ့ရတတ်ပါတယ်။ ဒါကြောင့် ကျမ လက်ရှိသုံးတာလေးနဲ့ ငွေလည်းကုန် (တင်းတိပ်) သက်သာမဲ့နည်းလေး ပြောပြချင်ပါတယ်။ ကျမ ငယ်ငယ်တုန်းက အရွယ်ရောက်ကာစ ဘာမှန်းမသိသေးတာ့ (ပရိုမီနာ)ဗူးတွေ ဝယ်လိမ်း... နောက်ပြီး သူများတွေက (ပရိုမီနာအမြစ်) သွေးလိမ်းဆိုလို့ လိုက်လုပ်တာ။ ဆိုးလားကောင်းလား ဘာမှန်းမသိပါဘူး။ နောက်ပြီး တစ်ချို့က ယားနာလိမ်းတဲ့ (ပျံလွှား)တံဆိပ်
ဗူးစိမ်းလေးဝယ်လိမ်း ကြည့်ဆိုလို့ လိုက်လုပ်လိုက်သေးတယ်။ မျက်နှာက
(တင်းတိမ့်) မသက်သာတဲ့အပြင် ပိုလို့တောင် ပွားလာပါသေးတယ်။ အဲဒီတုန်းက အပျိုဝင်စလေးဆိုတော့ ဘာမှသေချာ မသိခဲ့ရပါဘူး။ ဒါပေမဲ့ အခု အသက်လေးရလာတော့ သိသာလာတယ်။
ဒီလိုနဲ့စိတ်ပျက်ပြီး မျက်နှာကို ဘာမှမလုပ်တော့ဘဲ ပစ်ထားလိုက်တာ (၅)နှစ်ကျော်သွားတယ်။ မနက်လင်းရင် ရေနဲ့ဘဲသစ်တယ်။ကျန်တာဘာမှ မလုပ်တော့ဘူး။ ဒီလိုနဲ့ အွန်လိုင်းမှာ ကျမ မျက်နှာပေါင်းတင်ဆေးလေးတွေ မိတ်ကပ်တွေ မျက်နှာသစ်ဆေးတွေ ကြော်ငြာထားတာဖတ်ပြီး သုံးကြည့်ချင်လာတယ်။ဒါကြောင့် အဲတာလေးတွေ မသုံးခင် ကျမ မျက်နှာက (တင်းတိပ်)တွေ ပါးသွားအောင် အခု ဒီဆပ်ပြာလေးနဲ့ သစ်ပေးတာ (၂ )ပတ်ပြည့်ခဲ့ပါပြီ။ ဒီဆပ်ပြာသုံးပြီး ကျမ မျက်နှာက (တင်းတိပ်)တွေက သိသိသာသာကို ပါးလာပါတယ်။ လုံးဝ ပျောက်တယ်လို့ ကျမ မဆိုလိုပါဘူး။အရင်က မဲပြီး မျက်နှာတစ်ပြင်လုံး ရစရာမရှိတာ ခုတော့ တော်တော်လေး ပါးလာပြီး မျက်နှာလေးတွေ ဖြူလာ ပါတယ်။
ကျမလို မျက်နှာပိုင်ရှင်များအတွက် စေတနာရှေထား သတင်းကောင်းပေးတာပါ။ သုံးကြည့်ပါ။ (ဆပ်ပြာ)လေးက ဈေးလည်းမကြီးသလို ကိုယ့်အသားနဲ့ အဆင်ပြေမယ်ဆို မျက်နှာပေါ်က (တင်းတိပ်)တွေ ပါးသွားပြီး သိသာလာမယ်ဆိုတာ ကျမ ကိုယ်တိုင်သုံးဖူးလို့ လက်ဆင့်ကမ်းပြောပြပါရစေ။
ကျမလို ဈေးကြီးတာတွေ မဝယ်သုံးနိုင်သေးလို့ မျက်နှာက (တင်းတိပ်)ရှိတဲ့ အမျိုးသမီးတိုင်း ဒီဆပ်ပြာလေးနဲ့ သစ်ပြီး စမ်းကြည့်ပါ။ကျမ သူငယ်ချင်းတစ်ယောက်လည်း ကျမလိုဘဲ ဒီဆပ်ပြာလေးကို သုံးပါတယ်။သူ့ မျက်နှာလေးက (တင်းတိပ်)တွေ သိသိသာသာ သက်သာလာတယ်ဆိုတာ သူကိုယ်တိုင် ဝန်ခံလာပါတယ်။ ဒီဆပ်ပြာလေးက အသားနုတယ် အသားကိုဝင်းစေတယ် အသားလို နုပျို လှပစေတယ်လို့ ကျမ မပြောဘူးနော်။ အဓိက (တင်းတိပ်) သမားတွေအတွက် သီးသန့် ရည်ရွယ်ပြီး ပိုစ့်တင်ယုံပါဘဲ။ စမ်းသုံးကြည့်ချင်သူများအတွက် စေတနာဖြင့်သာ နည်းလမ်းပေးခြင်းဖြစ်သည်။
ဒီဆပ်ပြာလေးကို စမ်းသုံးကြည့်ခြင်းဖြင့် (တင်းတိပ်)ကြောင့် မျက်နှာအလှပျက်နေသော အမျိုးသမီးများ ကိုယ်စိတ်ချမ်းသာမှု့ကို ပိုင်ဆိုင်နိုင်ပါစေ။
စာဖတ်သူများကို အစဉ်လေးစားလျှက်
အလွမ်းမြို့
20-5-2013
5 comments:
အဲ့လို အတွေ့အကြုံလေးပြောပြတာ ကျေးဇူး မကြီးလွမ်းရေ :D
အမရေ....ပို့စ်လေးဖတ်သွားပါတယ်ခင်ဗျာ....
ခင်မင်စွာဖြင့်
ရာဇာထွေး
မကြီးရေ.... blog template ပြောင်းထားတာလှတယ်...
အရောင်လေးကလည်းကဗျာဆန်တယ်နော်...ပန်းရောင်ဖျော့ဖျော့
လေး :)... C Box မတွေ့ဘူးအမရေ...
မကြီးလွမ်းရေ....မိုးနတ်ဆီက လိုင်းမကောင်းလို့ ပုံမမြင်ရဘူးရှင့်...
အဲဒါ ဆပ်ပြာတံဆိပ်လေးကို ပြောပြပေးပါလား အမ...ညီမလေး
အမေမှာလဲ တင်းတိပ်ရှိလို့ ပျောက်ချင်နေတာကြာပြီ ...အမေ့ကို
ပျော်သွားအောင်လို့ ၀ယ်ပေးမလို့ပါ :)
မျှဝေပေးတာ ကျေးဇူးပါ အမရယ်..
ချစ်တဲ့...မိုးနတ်
ကြော်ငြာလေး ၀င်ဖတ်သွားပါတယ် မကြီးလွမ်း :)
Post a Comment