Saturday 4 May 2013

..........ချက်တင်ချစ်သူများသို့.......

အားလုံးဘဲ  မင်္ဂလာပါ။ ပိုစ့်မတင်တာကြာပြီလည်းဖြစ်  ရေးလက်စ  ပိုစ်အရှည်လေးလေးလည်း မပြီးသေးတော့  ရေးထားဖူးတဲ့  ကဗျာမဟုတ်စာမဟုတ်လေးကိုဘဲ  လာလည်သူတွေအတွက်  တင်ပေးလိုက်ပါတယ်။ ခံစားဖတ်ရှု့ပေးကြပါရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်....P......




 ..........ချက်တင်ချစ်သူများသို့.......

အိမ်မရတဲ့ည  တမ်းတမိတာ  "သူ့ကို" ပါ။
ချိုသာစွာစကားဖွဲ့နွဲ  ရစ်ပတ်ကာနှောင်တွယ်
သံယောဇဉ်တွယ်အောင်  အဖုံဖုံသူပြုစား
ကျမ  လွမ်းမိတာ  အပြစ်ရှိလား
ဘယ်လိုတွေကြုံ ဘာတွေဆုံရဦးမယ်မသိ
သေချာတဲ့အသိက  ဝေးနေရဦးမှာဘဲ။
သတိရတိုင်းတွေးမိ ပြေးပြေးပြီး
အဖြေညှိတိုင်း တွက်ခဲ့တဲ့ဂဏာန်းပုစ္ဆာတွေထဲ
အခက်ဆုံးအဖြေဟာ သူနဲ့ကျမှ ဆုံခဲ့တာဘဲ။
လွမ်းလွန်းလို့  အိပ်မပျော်
နေချင်တာ သူ့အနား
ကြားချင်မိတာ သူ့စကား။
တွေ့ဆုံချိန် ခဏ
ကုန်မြန်လွန်းတဲ့အချိန်တွေရယ်
နောက်ပြန်သာဆွဲလို့ရမယ်ဆိုရင်
ခဏလောက်တော့ ခွင့်ပေးပါကွယ်
ကျမ.....သူနဲ့ တစ်ဝကြီး တွေ့ခွင့်ရချင်တယ်။
 
 
 
 
စာဖတ်သူများကိုအစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့
04.05.2013
************************

 ဆုံချိန်ခဏ  ပြန်ကာထွက်သွားမှာတော့
တစ်ကိုယ်တည်း  လွမ်းလို့သာကျန်ပေါ့
မျက်ရည်များ ဝဲလည်လည်
ရင်ထဲဝယ်အလိုလိုငိုချင်တာမို့
မီးစိမ်းလေး ပိတ်မသွားအောင်
တစ်ယောက်တည်း  ကြိတ်ကာဆုတောင်းရင်း.....
ရူးခဲ့ရတယ်။
 

စာဖတ်သူများကိုအစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့
04-05-2013


*********************
လရောင်ရဲ့ အေးမြခြင်း
ကြယ်လေးတွေရဲ့ လင်းလက်ခြင်းအောက်မှာ
သံစဉ်မဲ့ဂီတာတေးသွားတစ်ချို့ကိုအဖော်ပြု
အထီးကျန်ညကိုကျော်ဖြတ်ကျော်ရင်း
ဘယ်တော့များ ဆုံတွေ့ခွင့်ရမလဲ
ဆုတောင်းမိတယ်။


စာဖတ်သူများကိုအစဉ်လေးစား
ချစ်ခင်လျှက်
အလွမ်းမြို့
04-05-2013

8 comments:

စံပယ်ချို said...

ကဗျာတွေတ၀ကြီး ခံစားခဲ့တယ်

လရိပ်အိမ် said...

အမှန်တွေသိပ်ရေးတာဘဲ။ ချက်တင်ကို တချိန်တုန်းက အကြီးအကျယ် ရူးသွပ်ခဲ့ဖူးတယ်။
ခုတော့လဲ အားလုံးဟာ ငြိမ်သက်သွားခဲ့ပါပြီ။

အလွမ်းမြို့ said...

လရိပ်ရေ...
လူတိုင်းက တစ်ကြိမ်တစ်ခါတော့ ရူးသွပ်ဖူးကြတာတွေချည်းပါဘဲ။အချိန်တန်တော့လည်း ပြီးဆုံးသွားတာပါဘဲ။ ကလေးပြီးလူကြီး
ဆိုသလိုပေါ့။ ...နောက်ဆို လူကြီးဖြစ်ပြီး ကလေး တစ်လှည့်ပြန်ပေါ့...

Anonymous said...

မကြီးလွမ်း .. ကဗျာလေးတွေ ခံစားသွားတယ်... :)

Candy said...

Long Distance Relationship ကိုတော့ လုံးဝမကြိုက်ဘူး မကြီးလွမ်းရေ >.<

ရာဇာထွေး said...

ကဗျာလေးတွေကိုအခုမှ လာဖတ်ဖြစ်တယ် မကြီးရေ...
ချက်တင်မှာတော့ကောင်မလေးတွေနဲ့ Q ဖူးသေးဘူးရယ် :P

ခင်မင်စွာဖြင့်
ရာဇာထွေး

မိုးညချမ်း said...

ကဗျာလေးတွေကို ခံစားခဲ့ပါတယ် မကြီးလွမ်းရေ ... :)

Unknown said...