Sunday 9 June 2013

"ထားခဲ့တဲ့ ချစ်သူ သို့..."


ပျော်ပါစေလို့ဆုတောင်းပေးတိုင်း
ပျော်နေမယ်လို့  မင်ထင်လား။

ပြေလည်ပါစေလို့ဆုတောင်းပေးတိုင်း
ပြေလည်မယ်လို့  မင်းထင်လား။

မေ့ပစ်လိုက်ပါလို့မင်းပြောလာတိုင်း
မေ့လို့ရမယ်လို့  မင်းထင်လား။

မချစ်နဲ့တော့လို့မင်းပြောလာတိုင်း
ငါ့နှလုံးသားကို ဝရန်းထုတ်
အမိန့်ပေး သတ်ပစ်လို့
ငါမုန်းသွားမယ် မင်းထင်လား။

ငါ့ရဲ့ချစ်ခြင်းတွေမှာ မုန်းဖို့ရယ်မပါ
ပေးဆပ်ကာချစ်နေဦးမှာမို့
အရှုံးနဲ့အမုန်းဘယ်လိုမှ
တွက်ယူမထားပါဘူး။


မေတ္တာဖြင့်
အလွမ်းမြို့လေး
09-06-2013



ခုတလော နားထောင်ဖြစ်တဲ့ သီချင်းလေးတွေ မျှဝေလိုက်တယ်။
အာဇာနည်ရဲ့ - ကျိန်ပြောတတ်သူ

5 comments:

မိုးနတ်ကြယ်စင် said...

ရောက်ခဲ့ပါတယ် အမလွမ်းရေ....:)
ကဗျာလေးလဲဖတ်ရင်း သီချင်းလဲ နားထောင်ရင်းပေါ့ :)
ချစ်မ နေကောင်းတယ်ဟုတ် ....သတိတရရှိနေပါတယ် မရယ် ..
ချစ်တဲ့....မိုးနတ်

Anonymous said...

ငါ့ရဲ့ချစ်ခြင်းတွေမှာ မုန်းဖို့ရယ်မပါ
ပေးဆပ်ကာချစ်နေဦးမှာမို့
အရှုံးနဲ့အမုန်းဘယ်လိုမှ
တွက်ယူမထားပါဘူး။
ဟုတ်တယ် အဲဒါတွေ တွက်နေဖို့ လိုကို မလိုအပ်ဘူး

~ Kk ~

ရာဇာထွေး said...

ငါ့ရဲ့ချစ်ခြင်းတွေမှာ မုန်းဖို့ရယ်မပါ
ပေးဆပ်ကာချစ်နေဦးမှာမို့
အရှုံးနဲ့အမုန်းဘယ်လိုမှ
တွက်ယူမထားပါဘူး။

ကဗျာလေးကိုလာရောက်ခံစားသွားပါတယ် မကြီးရေ...
ထားခဲ့တော့လည်း လက်ပြပြီးနှုတ်ဆက်လိုက်တာပေါ့ မကြီးရာ...
နဖူးစာ မှင်ရည်ကျဲလို့ လွဲခဲ့ပေမယ့်... သံသရာမှာ နောင်ဘ၀ဆိုတာ
ရှိနေအုန်းမယ် ဆိုရင်ဖြင့်... အင်း ဆုံနိုင်ကောင်းပါရဲ့ မကြီးရယ်...

ခင်မင်စွာဖြင့်
ရာဇာထွေး

ပဥာက် said...

love is everything not true...but we always need that

Anonymous said...

မှန်တာပေါ့ မကြီးလွမ်းရယ် .. ချစ်တယ်ဆိုတာ အသွေးအသားက သူ့အလိုလို ဖြစ်တည်လာတာကိုလေ နော် ..

ကဗျာလေးကို ချစ်သွားပါတယ် :)