Thursday 18 July 2013

@@@ အလှူရှင်များ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ရန် @@@

လာမည့် ဝါဆိုလပြည့် (ဇူလိုင် -၂၂ ရက်  (တနလာင်္နေ့) ဝါဆိုလပြည့်နေ့ (၁၅)ရက် ဓမ္မစကြာနေ့ ဥပုဉ်နေ့လေးမှာ ကျမတို့ အလှူရှင် (၄)ဦးမှစုပေါင်း ကုသိုလ်ယူဒါနပြုပြီး စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ချောင်းဦးမြို့လေးမှာရှိတဲ့ (ကျောင်းသစ်ကျောင်း)လေးမှာ စုပေါင်းအလှူလေးပြုဖြစ်ပါမယ်။ မနေ့က (16-7-2013)ကျောင်းထိုင် ဘုန်းဘုန်းဆီ အလှူငွေများ လှူလိုက်ပြီဖြစ်ပါကြောင်း အလှူရှင်များအား ဒီနေရာ လေးကနေ အသိပေး အပ်ပါတယ်။

ဥပုဉ်နေ့လေးမှာ သံဃာအပါအဝင် ဥပုဉ်သည်များနဲ့ ဒကာဒကာမ အယောက် (၂၀၀)လောက် ခန့်မှန်းထားပါတယ်။သံဃာများအား အာရုံမုန့်ဟင်းခါး ဆွမ်းကပ်လှုပါမယ်။ ထို့နောက် သံဃာများအား  နေ့ဆွမ်း ကပ်လှူပြီးနောက် ဥပုဉ်သည်နှင့် ကြွရောက်လာသော ဒကာ/ဒကာမများကို ထမင်း - ဝက်သားဟင်း - ငရုတ်သီးကြော်- ပဲနှပ်-ချဉ်ရည်ဟင်းဖြင့်  ဧည့်ခံ ကျွေးမွေးမှာဖြစ်ပါတယ်။ အချိုအဖြစ် လ္ဘက်ရည်မသောက်သူများ  ရှိသောကြောင့်  ဆရာတော်မှ  သရက်သီးနှင့်  နာနတ်သီးကို အချိုပွဲအဖြစ် ရွေးချယ်ပေးပါတယ်။

ထို့အပြင်  အလွမ်းမြို့လေးတို့ ဇနီးမောင်နှံမှလည်း  ရဝေနွယ် (အင်းမ)ရဲ့ အိတ်ဆောင် တရား စာအုပ်များကိုလည်း ဓမ္မဒါန ပြုပါမယ်။

အလှူရှင်များမှာ

မခင်ငြိမ်းချမ်းဦး (မလေးရှား) ၅၀,၀၀၀ကျပ်
ရာဇာထွေး+မသန့် (မိသားစု) ၁၀၀,၀၀၀ ကျပ်
နန်းထွေးစန္ဒာလွင် (စကာင်္ပူ) ၁၀၀,၀၀၀ ကျပ်
လှမင်းမောင်+မြတ်နိုးငယ် ၁၀၀,၀၀၀ ကျပ်
စုစုပေါင်း ၃၅၀,၀၀၀ (၃သိန်းခွဲ)ဖြစ်ပါတယ်။

အားလုံးရဲ့ကိုယ်စား 
အလှူရှင်များအားလုံးကို ကျမ အလွမ်းမြို့လေးမှ
ကျေးဇူးတင်ပါတယ်။အလှူရက်အပြီးတွင်လည်း အလှူရှင်များ ပီတိဖြစ်ခွင့်ရအောင် ဓါတ်ပုံများကို ထပ်မံတင်ပြပေးပါမယ်။



ဒါလေးကတော့ ဝါတွင်း(၃)လအတွင် ဥပုဉ်ရက်များကိုဖော်ပြပေးလိုက်ပါတယ်။ 




စာဖတ်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
မေတ္တာဖြင့်
အလွမ်းမြို့လေး

1 comment:

ကြည်ဖြူခင်ခင် said...

သာဓု.. သာဓု.. သာဓုပါ.. မကြီးလွမ်းရေ..
ပြုခဲ့ရတဲ့ကောင်းမှုကုသိုလ်တွေကြောင့်.. အမြန်ဆုံး. မြန်မာပြည်မှာ မိသားစုတွေနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပြန်နေခွင့်ရပါစေ..